
ရီးရဲယ်မက်ထရစ်နည်းပြ ကားလို့စ်အန်ဆယ်လော့တီကတော့ ရီးရဲယ်အနေနဲ့ ပြီးခဲ့တဲ့နှစ် Ballon d'or ဆုပေးပွဲကို မတက်ရောက်ခဲ့တဲ့အပေါ် ဒါကို မှားယွင်းတယ်လို့ မယူဆကြောင်း ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။ အဆိုပါ ပဲရစ်မြို့မှာကျင်းပခဲ့တဲ့ ဆုပေးပွဲမှာ ရီးရဲယ်တစ်သင်းလုံး ပါဝင်တက်ရောက်ခဲ့ခြင်းမရှိခဲ့တဲ့အတွက် ဝေဖန်ခံခဲ့ရပြီး ballon d'or ရတဲ့ မန်စီးတီးကွင်းလယ်လူ ရိုဒရီထက် ဗင်နီရှပ်က ပိုထိုက်တန်တယ်လို့ ရီးရဲယ်ဘက်က ယူဆခဲ့ကြတာဖြစ်ပါတယ်။ မကြာခင် ယှဥ်ပြိုင်ကစားကြမယ့် မန်စီးတီးနဲ့ ရီးရဲယ်တို့ရဲ့ ချန်ပီယံလိဂ် play off ပွဲ ပဲဲကိုသတင်းစာရှင်းလင်းပွဲမှာ အန်ဆယ်လော့တီက"ဗင်နီ က Ballon D'Or ဆုရှင်ဖြစ်သင့်တယ်လို့ ကျွန်တော်တို့ယူဆတယ်။ ရိုဒရီ ကို မလေးစားဘူးလို့ မဆိုလိုပါဘူး။ သူက အံ့ဩစရာကောင်းတဲ့ ကစားသမားတစ်ယောက်ပါ။ ရိုဒရီ က နှစ်နှစ်အကြာကတော့ ဆုရထိုက်တယ်လို့ ကျွန်တော်ထင်တယ်" လို့လည်း သူကဆိုပါတယ်။ အန်ဆယ်လော့တီဟာ အဆိုပါပွဲကို လွဲချော်ခဲ့တဲ့အတွက် တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကိုလည်း လက်လွှတ်ခဲ့ရသူဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်တုန်းက လီယွန်နယ်မက်ဆီဟာ သူရဲ့ရှစ်ကြိမ်မြောက် Ballon d'Or ဆုကို ရရှိခဲ့ပါတယ်။ အဲသည့်နှစ်က မန်စီးတီးဟာ ချန်ပီယံလိဂ်အပြင်၊ ပရီးမီးယားလိဂ်၊ အက်ဖ်အေ၊ လိဂ်ရှုံးထွက်ဖလား၊ ကွန်မြူနတီဒိုင်း စတဲ့အဓိကဆုဖလားတွေကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ရိုဒရီဟာ အဲသည့်နှစ် မန်စီးတီးရဲ့ အဓိက ကစားသမားဖြစ်ခဲ့ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာလည်း အနိုင်ဂိုးသွင်းယူပေးခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ အဲသည့်နှစ် ရိုဒရီက ballon d'or ဆုရဲ့ နံပတ်ငါးနေရာမှာသာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ ရီးရဲယ်ဟာ ဒီနေ့ည ၂:၃၀ မှာ မန်စီးတီးကို အဝေးကွင်းသွားရောက်ယှဥ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ရေးသားသူ/ ရေဂင် ဓာတ်ပုံ / BBC Sport ++++++++ Pieces Sport Application ဆိုတာက .. ဘောလုံးနဲ့ အားကစားပြိုင်ပွဲတွေကို ခန့်မှန်းပြီး ဆုငွေတွေရရှိနိုင်မယ့် .. App လေးပဲ ဖြစ်သလို၊ နေ့စဉ်အားကစားသတင်းတွေ၊ ဂိုးရလဒ်ခန့်မှန်းမှုတွေ၊ အခြားဥာဏ်စမ်းအမေးအဖြေလေးတွေနဲ့ .. အားကစားနဲ့ပတ်သက်ပြီး ဖျော်ဖြေရေးတွေကို တင်ဆက်ပေးနေတဲ့ .. နည်းပညာမြင့် Application ပဲ ဖြစ်ပါတယ်။ #Rangoonsportmedia #news #BallondOr ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Rangoon Sport Media မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati