
🤝ဘရူနို ဖာနန်ဒက်စ် (Bruno Fernandes) ဟာ ဒီနွေရာသီမှာ မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ မရည်ရွယ်ထားပါဘူး။ ရီးယဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်စားမှုသတင်းတွေ ထွက်ပေါ်နေပေမယ့် မန်ချက်စတာ ယူနိုက်တက်ဘက်ကတော့ ဒါကို စိုးရိမ်မှုမရှိပါဘူး။ (Football Insider) 🤝မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်မှူး ရက်စ်မတ်စ် ဟွိုင်လွန်း (Rasmus Hojlund) ကတော့ ဒီနွေရာသီမှာ ထွက်ခွာနိုင်ဖွယ်ရှိပါတယ်။ ဂျူဗင်တပ်စ်က သူ့ကို ခေါ်ယူဖို့ စဉ်းစားနေပေမယ့် သူ့ရဲ့ တောင်းဆိုငွေ ယူရို ၆၀ သန်း (ပေါင် ၅၂.၁ သန်း) ကို ပေးဖို့ တွန့်ဆုတ်နေပါတယ်။ (Tuttomercatoweb - အီတလီ) 🤝ဂျူဗင်တပ်စ်က ဟွိုင်လွန်းအတွက် "ဈေးနည်းပြောင်းရွှေ့မှု" တစ်ခုကို စူးစမ်းနေပြီး မန်ချက်စတာယူနိုက်တက်ကတော့ ဒီဒိန်းမတ်လက်ရွေးစင်ကို နောက်ရာသီမှာ တိုရီနိုမှာ အငှားနဲ့ ကစားစေဖို့ ကြံစည်နေပါတယ်။ (Tuttosport - အီတလီ) 🤝အာဆင်နယ်နဲ့ ချယ်ဆီးတို့ဟာ အက်သလက်တစ်ကလပ် (Athletic Club) ရဲ့ တောင်ပံကစားသမား နီကို ဝီလီယံ (Nico Williams) ကို ခေါ်ယူဖို့ ဦးဆောင်နေပါတယ်။ အသင်းနှစ်သင်းစလုံးက သူ့ရဲ့ ပြောင်းရွှေ့ကြေး ယူရို ၆၀ သန်း (ပေါင် ၅၂.၁ သန်း) ကို ပေးဖို့ အသင့်ရှိနေပြီး ဘာစီလိုနာက ကမ်းလှမ်းနိုင်မယ့် လစာထက် ပိုပေးနိုင်ဖို့ အသင့်ရှိပါတယ်။ (TodoFichajes - စပိန်) 🤝ဘာစီလိုနာရဲ့ ကြယ်ပွင့်တိုက်စစ်မှူး ရာဖင်ညာ (Raphinha) နဲ့ စာချုပ်သစ်ဆွေးနွေးမှုဟာ ဘရာဇီးလ်သားရဲ့ လစာတောင်းဆိုမှုကြောင့် ရပ်တန့်သွားပါတယ်။ အားကစားဒါရိုက်တာ ဒီကို (Deco) က သူ့ကို အာဆင်နယ် ဒါမှမဟုတ် ချယ်ဆီးဆီ ယူရို ၈၀ သန်း (ပေါင် ၆၉.၅ သန်း) နဲ့ ရောင်းချဖို့ ဆန္ဒရှိနေပါတယ်။ (Catalunya Radio - စပိန်) 🤝မန်ချက်စတာ စီးတီးဟာ အေစီမီလန်ရဲ့ ဘယ်နောက်ခံကစားသမား သီယို ဟာနန်ဒက်ဇ် (Theo Hernandez) နဲ့ ကွင်းလယ်ကစားသမား တီဂျနီ ရီဂျင်ဒါးစ် (Tijjani Reijnders) တို့ကို စုစုပေါင်း ယူရို ၁၀၀ သန်း (ပေါင် ၈၆.၉ သန်း) တန်ဖိုးနဲ့ နှစ်ဦးစလုံးကို တပြိုင်တည်း ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ (Rudy Galetti) 🤝ဆော်ဒီကလပ် အယ်လ် အီတီဖက် (Al Ettifaq) ကလည်း အေစီမီလန်ကို နောက်ထပ်နှစ်ဦးကမ်းလှမ်းမှုတစ်ခု ပြင်ဆင်နေပြီး သီယိုနဲ့ တိုက်စစ်မှူး ရာဖေးလ် လီယာအို (Rafael Leao) တို့ကို ယူရို ၂၀၀ သန်း (ပေါင် ၁၇၃.၇ သန်း) နဲ့ ခေါ်ယူဖို့ အသင့်ရှိနေပါတယ်။ (Fichajes - စပိန်) 🤝သီယို ဟာနန်ဒက်ဇ်ကို ခေါ်ယူဖို့ မန်ချက်စတာ စီးတီးနဲ့ အပြိုင် ချယ်ဆီးနဲ့ တော့တင်ဟမ် ဟော့စပါးတို့ဟာလည်း စိတ်ဝင်စားလာ ပါတယ်။ သီယိုဟာ မီလန်ကနေ ပေါင် ၃၀ သန်းလောက်နဲ့ ထွက်ခွာနိုင်ဖွယ်ရှိပါတယ်။ (TBR Football) 🤝လီဗာပူးလ်ရဲ့ တောင်ပံကစားသမား ဖက်ဒရီကို ချီယေဆာ (Federico Chiesa) ဟာ မီလန်နဲ့ အမည်မဖော်ထားတဲ့ ပရီးမီးယားလိဂ်ကလပ် ၃ သင်းရဲ့ ပစ်မှတ်ဖြစ်လာပါတယ်။ (CaughtOffside) 🤝အာဒါ ဂူလာ (Arda Guler) က ရီးယဲလ်မက်ဒရစ်ဥက္ကဋ္ဌ ဖလိုရန်တီနို ပီရက်ဇ် (Florentino Perez) ကို နည်းပြ ကားလို အန်ဆယ်လော့တီ (Carlo Ancelotti) ကို ထုတ်ပယ်မှတ်မခံရရင် ဒီနွေရာသီမှာ အသင်းကနေ ထွက်ခွာမယ်လို့ သတိပေးထားပါတယ်။ (Real Madrid Confidencial - စပိန်) 🤝လီဗာပူးလ်ဟာ နယူးကာဆယ် ယူနိုက်တက်ရဲ့ တိုက်စစ်မှူး အလက်ဇန္ဒား အိုင်ဆက် (Alexander Isak) ကို ခေါ်ယူဖို့ ယူရို ၁၅၀ သန်း (ပေါင် ၁၃၀.၃ သန်း) နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ (Fichajes - စပိန်) 🤝နယူးကာဆယ်ဘက်က အိုင်ဆက်ကို ရောင်းချဖို့ တွန့်ဆုတ်နေတာကြောင့် လီဗာပူးလ်ဟာ အိုင်ထရက်ဖရန့်ဖတ် (Eintracht Frankfurt) ရဲ့ တိုက်စစ်မှူး ဟူဂို အဲကီတီကေ (Hugo Ekitike) အပေါ် စိတ်ဝင်စားမှုဟာ တိုးလာခဲ့ပါတယ်၊,။ (Anfield Watch) 🤝မန်ချက်စတာ ယူနိုက်တက်ဟာ အန်ဒရီ အိုနာနာ (Andre Onana) ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး သံသယရှိနေချိန်မှာ အဲရစ် တန်ဟက် (Erik ten Hag) လက်ထက်ကတည်းက ပစ်မှတ်ထားခဲ့တဲ့ ပါးမား (Parma) ရဲ့ ဂိုးသမား ဇီယွန် ဆူဇူကီ (Zion Suzuki) ကို ထပ်မံစိတ်ဝင်စားလာပါတယ်။ (talkSPORT) 🤝ဒေါ့မွန်အသင်းဟာ ချယ်ဆီးရဲ့ ကွင်းလယ်ကစားသမား ကာနီ ချူကွီမီကာ (Carney Chukwuemeka) ကို အငှားသက်တမ်းကုန်ဆုံးတဲ့အခါ ဆက်ထိန်းထားချင်ပေမယ့် အပြီးသတ်ပြောင်းရွှေ့မှုက ဈေးကြီးလွန်းတာကြောင့် အငှားစာချုပ်သစ်တစ်ခု စူးစမ်းဖို့ ဖြစ်လာပါတယ်။ (Ruhr Nachrichten - ဂျာမနီ) 🤝မန်ချက်စတာ စီးတီးဟာ နော့တင်ဟမ် ဖောရက်စ်ရဲ့ ကွင်းလယ်ကစားသမား မော်ဂန် ဂစ်ဘ်-ဝှိုက် (Morgan Gibbs-White) ကို ခေါ်ယူဖို့အတွက် ပေါင် သန်း ၁၀၀လောက် အသုံးပြုရဖွယ်ရှိပါတယ်။ (talkSPORT) 🤝မန်ချက်စတာ စီးတီးဟာ ဘိုင်ယာ လီဗာကူဆင်ရဲ့ ကွင်းလယ်ကစားသမား အီဇကွီယဲလ် ပါလာစီယို့စ် (Exequiel Palacios) ကို စိတ်ဝင်စားမှု ပြသထားပါတယ်။ (El Intransigente - အာဂျင်တီးနား) 🤝မန်ချက်စတာ စီးတီးဟာ ဘန်ဖီကာ (Benfica) ရဲ့ ဂိုးသမား အန်တိုလီး ထရူဘင် (Anatoliy Trubin) ကို စိတ်ဝင်စားနေပြီး အဲဒါဆင် (Ederson) နဲ့ စတီဖန် အော်တီဂါ (Stefan Ortega) တို့ ထွက်ခွာဖို့ မျှော်လင့်ထားတာကြောင့် ဆွေးနွေးမှုတွေ စတင်ထားပါတယ်။ (FootballTransfers) 🤝ဘာစီလိုနာဟာ ဗဟိုခံစစ်မှူးနှစ်ဦးဖြစ်တဲ့ ရော်နယ်လ် အာရာရူဂျို (Ronald Araujo) နဲ့ အန်ဒရီယက်စ် ခရစ္စတန်ဆန် (Andreas Christensen) တို့ကို ရောင်းချပြီး ယူရို ၈၀ သန်း (ပေါင် ၆၉.၅ သန်း) ရရှိဖို့ မျှော်လင့်ထားပါတယ်။ ဒီငွေတွေကို ဘယ်တောင်ပံ တိုက်စစ်ကစားသမားတစ်ဦး ခေါ်ယူဖို့ ပြန်လည်ရင်းနှီးမြှုပ်နှံမှာဖြစ်ပါတယ်။ (Culemania - စပိန်) 🤝အသင်းရဲ့ ခြေစွမ်းညံ့ဖျင်းနေပေမယ့် မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနွေရာသီမှာ နည်းပြချုပ် ရူဘင် အမိုရင် (Ruben Amorim) ကို ထုတ်ပယ်ဖို့ ဖြစ်နိုင်ခြေနည်းပါတယ်။ အကြောင်းကတော့ သူ့ရဲ့စာချုပ်ကို စောစီးစွာ ဖျက်သိမ်းရမယ့် ကုန်ကျစရိတ်က များပြားလွန်းတာကြောင့်ပါ။ (Football Insider) 🤝အက်စတွန် ဗီလာဟာ ဘာစီလိုနာရဲ့ ခရစ္စတန်ဆန် (Andreas Christensen) နဲ့ မာ့ခ် ကာဆာဒို (Marc Casado) တို့ကို ဒီနွေရာသီမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ (Fichajes - စပိန်) 🤝ဝက်စ်ဟမ် ယူနိုက်တက်ဟာ လိုင်လီအသင်း (Lille) ရဲ့ တိုက်စစ်မှူး ဂျိုနာသန် ဒေးဗစ် (Jonathan David) ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ သူ့ရဲ့အနီးကပ်အဖွဲ့နဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ (The Athletic) ဓာတ်ပုံ -manchestereveningnews/milanreports/sempreinter >>>>>>>>>>>>>>>> ဘောလုံးနဲ့ အားကစားပြိုင်ပွဲတွေကို ခန့်မှန်းပြီး ဆုငွေတွေရရှိချင်ရင် .. Pieces Sport မှာ ဝင်ရောက်ခန့်မှန်းပါ။ Pieces Sport ဆိုတာက .. နေ့စဉ်အားကစားသတင်းတွေ၊ ဂိုးရလဒ်ခန့်မှန်းမှုတွေ၊ အခြားဥာဏ်စမ်းအမေးအဖြေလေးတွေနဲ့ .. အားကစားနဲ့ပတ်သက်ပြီး ဖျော်ဖြေရေးတွေကို တင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက Pieces Sport Facebook Page မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ #Rangoonsportmedia #news #footballnews ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Rangoon Sport Media မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati