
ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီက ယူနိုက်တက်တောင်ပံကစားသမား ဆန်ချိုကို အပြီးသတ်ခေါ်ယူခွင့်ပါဝင်တဲ့ စာချုပ်တစ်ရပ်နဲ့ အငှါးခေါ်ယူခဲ့ပြီး ရာသီကုန်မှာ ဆန်ချိုကို အပြီးသတ်မခေါ်ယူခဲ့ဘူး ဆိုရင် ယူနိုက်တက်ဘက်ကို လျော်ကြေး ပေါင် ၅ သန်းပေးချေရဖို့ရှိနေပါတယ်။ အသက် ၂၄ နှစ်အရွယ် အင်္ဂလန်သားကို ချဲယ်ဆီးအနေနဲ့ အပြီးသတ်ခေါ်ယူသွားမယ်ဆိုရင် ပေါင် သန်း ၂၀ ကနေ ၂၅ သန်းအထိ စျေးသက်မှတ်ခဲ့ပြီး၊ ချဲယ်ဆီးအနေနဲ့ ရာသီကုန် ပရီးမီးယားလိဂ်မှာ အနိမ့်ဆုံးအဆင့် ၁၄ နဲ့ အဆုံးသက်နိုင်ခဲ့ပြီး ကစားသမားကို မခေါ်ယူပါက လျော်ကြေးပေးဆောင်ဖို့ သဘောတူညီထားတာလည်းဖြစ်ပါတယ်။ လက်ရှိချဲယ်ဆီးဟာ ပရီးမီးယားလိဂ် ၉ ပွဲကစားဖို့ ကျန်ရှိနေချိန်မှာ အဆင့် ၄ နေရာမှာရပ်တည်နေတာဖြစ်တဲ့အတွက် ဆန်ချိုကို မခေါ်ယူဖြစ်ခဲ့ရင် ပေးချေရမယ့် လျော်ကြေးဟာ အသက်ဝင်လာတာဖြစ်ပါတယ်။ ချဲယ်ဆီးဟာ ကနဦးတုန်းကတော့ ဆန်ချိုကို အပြီးသတ်ခေါ်ယူဖို့ စိတ်အားထက်သန်နေခဲ့ပေမဲ့ စပို့တင်းတောင်ပံကစားသမား ကွင်ဒါ (17 နှစ်) ကို ပေါင် ၄၂ သန်းနဲ့ခေါ်ယူခဲ့ပြီး ၂၀၂၆ ကုန်အထိ စပို့တင်းအသင်းကို ပြန်လည် အငှါးချထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဆန်ချိုဟာ ပြီးခဲ့တဲ့ ရာသီတုန်းကလည်း ယူနိုက်တက်နည်းပြ တန်ဟက်တုန်းက နည်းပြနဲ့ ပြဿနာဖြစ်ခဲ့ပြီး ဒေါ့မွန့်ကို ပြန်လည် အငှါးချခံထားရသူဖြစ်ပါတယ်။ ချဲယ်ဆီးနှင့် ဆန်ချိုတို့၏ ကိန်းကဏန်းများ ဆန်ချိုဟာ ရာသီစ စတန်းဖို့ဒ်ဘရစ်ချ်ကို ပြောင်းရွေ့ပြီးနောက်ပိုင်း ခြေစွမ်းပြနိုင်ခဲ့ပြီး ဂိုးဖန်တီးမှုတွေနဲ့ သွင်းဂိုးတွေ ရယူနိုင်ခဲ့ပေမဲ့ ဒီဇင်ဘာ ၈ ရက်က စပါးနဲ့ပွဲအပြီး ၁၈ ပွဲမှာ ဂိုးဖန်တီးမှု တစ်ကြိမ်သာ ပြုလုပ်နိုင်ခဲ့တဲ့ အထိ ခြေစွမ်းပြန်လည်ကျဆင်းလာခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းကို ပြောင်းလာကတည်းက ဆန်ချိူတစ်ယောက် ၂၉ ပွဲမှာ ၂ ဂိုးသာ သွင်းနိုင်ခဲ့ပြီး ဂိုးဖန်တီးမှုအပိုင်းမှာလည်း သုံးကြိမ်သာ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ ချဲလ်ဆီးအသင်းရဲ့ စီနီယာတိုက်စစ်ကစားသမားတွေထဲမှာ အဆိုးဆုံးစွမ်းဆောင်ရည်ဖြစ်နေပြီး သူ့ထက် စွမ်းဆောင်ရည်နိမ့်ကျသူဆိုလို့ တားမြစ်ဆေး ပေါ့စတစ်ဖြစ်နေလို့ ဘောလုံးကစားခွင့် ဆိုင်းငင့်ခံထားရ တဲ့ မူဒရက်စ်တစ်ယောက်သာ ရှိတော့တာဖြစ်ပါတယ်။ နွေရာသီက ခေါ်ယူထားပြီး ဇန်နဝါရီမှာ အေစီမီလန်ကို အငှါးထွက်ကစားတဲ့ တိုက်စစ်မှူး ဂျိုအာဖီးလစ်ဟာ ဆန်ချိုထက်တော့ ချဲယ်ဆီးမှာ စွမ်းဆောင်ရည် ပိုမိုကောင်းမွန်နေသေးတာဖြစ်ပါတယ်။ ဂျိုအာဖီးလစ်ဟာ ချဲယ်ဆီးအတွက် ပြိုင်ပွဲစုံ ၁၅ ပွဲမှာ သုံးဂိုးသွင်း၊ သုံးဂိုးဖန်တီးပေးထားတာဖြစ်ပါတယ်။ ပိုပြီးဆိုးရွားတာကတော့ အချက်အလက်မှတ်တမ်းတွေအရ ဆန်ချိုနောက်ဆုံး ဖြတ်တင်ပေးခဲ့တဲ့ ဖြတ်တင်ဘော ၁၉ ကြိမ်မှာ တစ်ကြိမ်မှ သူ့အသင်းဖေါ်တွေဆီ ဘောလုံးမရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ ရေးသားသူ / ရေဂင် ဓာတ်ပုံ / BBC Sport #RangoonSportMedia #news #sancho #Chelsea ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Rangoon Sport Media မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati