
ပြီးခဲ့တဲ့ အိုစာဆူနာနဲ့ပွဲမှာ ဘယ်လင်ဂရမ် ကို ပေးခဲ့တဲ့ အနီကတ်ကြောင့် ကွင်းလယ်ဒိုင် မွန်တာရိုတစ်ယောက် အွန်လိုင်းကနေတဆင့် အကြမ်းဖက်ခြိမ်းခြောက်မှုတွေ ဆက်တိုက်ခံစားနေရပြီး ဒီလိုကိစ္စမျိုးဟာ "စက်ဆုပ်ရွံရှာဖွယ်" ဖြစ်တယ်လို့ စပိန်ဘောလုံးအဖွဲချုပ်က ထုတ်ပြန်လိုက်ပါတယ်။ အိုစာဆူနာနဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲမှာ ဘယ်လင်ဂမ်က သူ့ကို ဆဲဆိုခဲ့တယ်ဆိုပြီးကွင်းလယ်ဒိုင် မွန်တာရိုက အနီကက်ပြထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ အဲဒီပွဲစဥ်အပြီးမှာတော့ ကွင်းလယ်ဒိုင် မွန်တာရို ဟာ လူမှုကွန်ရက်ပေါ်မှာ အကြမ်းဖက်ခြိမ်းခြောက်မှုတွေ ခံစားနေရပြီး သူ့မိသားစုဝင်တွေလည်း ပစ်မှတ်ထားခံနေရတာဖြစ်ပါတယ်။ RFEF က "ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက် မွန်တာရို ကို လူမှုကွန်ရက်ကနေ တိုက်ခိုက်ခြေမှုနဲ့ ခြိမ်းခြောက်မှုတွေ ရရှိနေတာကို ကျွန်တော်တို့ ဒိုင်လူကြီးတွေက အလွန်စက်ဆုပ်ရွံရှာမိပါတယ်" လို့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ ဘယ်လင်ဂမ် ကတော့ ဒိုင်လူကြီး မွန်တာရိုက သူ့စကားလုံးတွေကို မှားယွင်းနားလည်ခဲ့တယ်လို ဆိုပါတယ်။ "သူက ကျွန်တော် သူ့ကို စော်ကားတဲ့ စကားလုံးတွေ ပြောခဲ့တယ်လို ထင်ခဲ့တာပါ။ သူ့ကို စော်ကားဖို ရည်ရွယ်ချက်လည်း မရှိခဲ့ပါဘူး၊ စော်ကားတဲ့ စကားလုံးလည်း မပါခဲ့ပါဘူး။ ဒါကြောင့် နားလည်မှု လွဲခဲ့တယ်လို ထင်ပါတယ်" လို့ ဘယ်လင်ဂမ် က ပွဲအပြီးမှာ ရှင်းလင်းခဲ့ပါတယ်။ အဲဒီအနီကတ်ကြောင့် ဘယ်လင်ဂမ်တစ်ယောက် ကာလရှည် ပွဲပယ်ပြစ်ဒဏ်ကျခံရဖိုရှိနေပြီး ရီးရဲလ်မက်ဒရစ်ဟာ လက်ရှိ ဘာစီလိုနာနဲ့ ရမှတ်တူနေပေမဲ့ ဂိုးကွာခြားချက်ကြောင့် အမှတ်ပေးဇယား အဆင့် ၂ နေရာဆင်းပေးရပြီဖြစ်ပါတယ်။ ရေးသားသူ / ရေဂင် ဓာတ်ပုံ / The New York Time ++++++++ Pieces Sport Application ဆိုတာက .. ဘောလုံးနဲ့ အားကစားပြိုင်ပွဲတွေကို ခန့်မှန်းပြီး ဆုငွေတွေရရှိနိုင်မယ့် .. App လေးပဲ ဖြစ်သလို၊ နေ့စဉ်အားကစားသတင်းတွေ၊ ဂိုးရလဒ်ခန့်မှန်းမှုတွေ၊ အခြားဥာဏ်စမ်းအမေးအဖြေလေးတွေနဲ့ .. အားကစားနဲ့ပတ်သက်ပြီး ဖျော်ဖြေရေးတွေကို တင်ဆက်ပေးနေတဲ့ .. နည်းပညာမြင့် Application ပဲ ဖြစ်ပါတယ်။ #RangoonSportMedia #news #LaLiga #referee #bellingham ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Rangoon Sport Media မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati