
မကြာသေးခင်က စာရင်းဇယားတွေကို ကြည့်မယ်ဆိုရင် ချဲယ်လ်ဆီးရဲ့ ပါးလ်မားတစ်ယောက်ကို သိပ်အကောင်းကြီးလို့ ပြောလို့မရပါဘူး။ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၂ ပွဲမှာ သွင်းဂိုး ၃ ဂိုးနဲ့ ဂိုးဖန်တီးမှု မလုပ်နိုင်တာဆိုရင် ၁၄ ပွဲအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ နောက်ပိုင်း ချဲယ်လ်ဆီး ရလာဒ်တွေဆက်တိုက်ဆိုးရွားနေပြီး ပါးလ်မားရဲ့ စွမ်းဆောင်ရည်တွေပါ ကျဆင်းနေတာ တိုက်ဆိုင်မှုတစ်ခုဖြစ်ပြီး ဒီလိုအခြေအနေမျိုးမှာ ပါးလ်မားတစ်ယောက်တည်းကို အပြစ်ပြောလို့ သင့်တော်မယ်မထင်ပါဘူး။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့က ဗီလာနဲ့ကစားတဲ့ပွဲမှာ ပါးလ်မားတစ်ယောက် သူ့ရဲ့နောက်ဆုံး ဂိုးဖန်တီးမှုကို ပြုလုပ်ခဲ့ပြီး ခြေစွမ်းပြ အနိုင်ဂိုးပါသွင်းယူခဲ့ပါတယ်။ အဲသည့်ပွဲမှာ အန်ဇိုဖာနန်ဒက်အတွက် သူဖန်တီးပေးတဲ့ ဂိုးက ပရီးမီးယားလိဂ်ရဲ့ တစ်ပတ်တာ အကောင်းဆုံး ဂိုးဖန်တီးမှုဖြစ်ခဲ့တာပါ။ အဲသည့်နေ့က နိုင်ပွဲကြောင့်ပဲ ချဲယ်လ်ဆီးတို့ အာဆင်နယ်နဲ့ ရမှတ်တူ အဆင့် ၃ အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာ မာရက်စကာကို ချန်ပီယံဖလားအတွက် ယှဥ်ပြိုင်ဖို့ အဆင်သင့်ရှိနေပြီလား ဆိုတဲ့မေးခွန်းမျိုး အမေးခံရတဲ့အထိ ပဲဆိုပါတော့။ ဒါပေမဲ့ အဲသည့်နောက် ကိုးပွဲမှာ သုံးပွဲသရေကျပြီး လေးပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။ ချန်ပီယံဖလား ယှဥ်ပြိုင်နိုင်မယ့် အခြေအနေကနေ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပါ မသေချာတဲ့ အခြေအနေကို ရောက်လာခဲ့တာပါ။ ပြီးခဲ့တဲ့ တစ်ပတ်က ဘရိုက်တန်ကို ၃ - ၀ နဲ့ ရှုံးနိမ့်မှုဟာဆိုရင် မာရက်စကာခေတ် အဆိုးရွားဆုံး ရှုံးနိမ့်မှုဖြစ်ခဲ့ပြီး တစ်ပွဲလုံး ဂိုးပေါက်တည့်အောင် ကန်သွင်းမှု တစ်ကြိမ်တောင်မရှိခဲ့တဲ့အထိကို ဆိုးရွားခဲ့ပါတယ်။ အဲသည့်ပွဲစဥ်တုန်းက ပွဲတင်ဆက်သူဖြစ်တဲ့ ကာရေဂါကတောင် "ကိုးလ် ပါးလ်မား ပေါ့ပေါ့တန်တန် လုပ်နေတာကို မြင်လိုက်ရတယ်" လို့ သူက ပြောခဲ့ပါတယ်။ "ဒါဟာ ဒီနေ့အတွက်တင်မဟုတ်ဘူး၊ လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက ဖြစ်နေတဲ့ စိတ်မရှည်မှုပါ။ ဘောလုံးကို လွှဲပေးလိုက်ရင် သူ့အသင်းဖော်တွေက ဘာလုပ်နိုင်မှာလဲဆိုတဲ့ စိတ်ခံစားချက်မျိုးပါပဲ" လို့ သုံးသပ်ခဲ့တာဖြစ်ပါတယ်။ စာရင်းဇယား၊ အချက်အလက်တွေအရ ကာရေဂါပြောသလို ပါးလ်မား ခံစားနေရတာလည်း ဖြစ်နိုင်ပါတယ်။ ဒီရာသီ အစောပိုင်း ၁၃ ပွဲမှာ ပါးလ်မား ဂိုးဖန်တီးမှု ၆ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ နောက်ပိုင်း ၁၂ ပွဲမှာ သူ့ရဲ့ expected assists (ဂိုးရနိုင်တဲ့ ဖန်တီးပေးပို့မှု) ဟာ တစ်ပွဲပျမ်းမျှ ၂.၆၃ ကနေ ၄.၁၅ ထိ တက်လာခဲ့ပါတယ်။ တကယ်တမ်း ဒီရာသီ ပါးလ်မားရဲ့ ဖန်တီးမှု စွမ်းရည်က ဒီထက်ဂိုးဖန်တီးမှု ပိုရသင့်တဲ့ အနေအထားမှာ ရှိနေခဲ့တာပါ။ သူ့ထက် အခွင့်အရေး ပိုဖန်တီးပေးနိုင်သူဆိုလို့ ပရီးမီးယားလိဂ်မှာ ဆာကာတစ်ယောက်တည်းသာရှိတာပါ။ ဆာကာဟာ ဖန်တီးပေးမှု ၁၉ ကြိမ်မှာ သူ့အသင်းဖော်တွေက ၁၀ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး၊ ဆာလတ်ဟာ ၁၈ ကြိမ်ပေးပို့မှုကနေ သူ့အသင်းဖော်တွေက ၁၅ ဂိုးအထိ ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်။ ပါးလ်မားကတော့ အခွင့်အရေး ၁၈ ကြိမ် ဆာလာနဲ့အတူတူ ဖန်တီးနိုင်ခဲ့ပေမယ့် ဂိုးဖန်တီးမှု ၆ ကြိမ်သာ ရခဲ့တာပါ။ ချဲယ်လ်ဆီးတိုက်စစ်မှူးတွေရဲ့ အဆုံးသတ်ညံ့ဖျင်းမှုကို အားလုံးသိပြီးသားဖြစ်ပါလိမ့်မယ်။ နီကိုလက်ဂျက်ဆင်ဟာ အခွင့်အရေး ၂၂ ကြိမ်မှာ ၁၅ ကြိမ်လွဲချော်ထားပြီး ဒီရာသီ အခွင့်အရေး အဖြုန်းတီးနိုင်ဆုံး ကစားသမားဖြစ်ရှိနေခဲ့တာပါ။ မာဒူကီဆိုရင်လည်း အခွင့်အရေး ၁၅ ကြိမ်မှာ ၄ ကြိမ်သာ ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။ အန်ကန်ကူဆိုရင် အခွင့်အရေး ၇ ကြိမ်မှာ ၂ ဂိုးသာ သွင်းယူနိုင်တဲ့ မှတ်တမ်းတွေ ရှိနေတာပါ။ နောက်ထပ် စိတ်ပျက်စရာကတော့ ချဲယ်လ်ဆီးမှာ ပါးလ်မားအတွက် အခွင့်အရေး ဖန်တီးပေးမှု ရှိမနေတာပဲဖြစ်ပါတယ်။ နောက်ဆုံး ၁၀ ပွဲမှာ ပါးလ်မားတစ်ယောက် ဂိုးရနိုင်တဲ့ အခွင့်အရေး ၂ ကြိမ်သာရခဲ့ပြီး နှစ်ကြိမ်စလုံး ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်။ သူဟာ ဂိုးရနိုင်တဲ့ အခွင့်အရေးတွေမှာ ၄၇ ရာခိုင်နှုန်းအထိ ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပြီး ဒါကချဲယ်လ်ဆီးတစ်သင်းလုံးမှာ အကောင်းဆုံးဖြစ်နေပါတယ်။ အခုချိန်ချဲယ်လ်ဆီးမှာ ပြသနာတွေအများကြီးရှိနေပါတယ်။ ဒါပေမဲ့ ပါးလ်မား ကတော့ချွင်းချက်ဖြစ်ပြီး သူတို့ထဲကတစ်ယောက်မဟုတ်ဘူး။ ကာရေဂါပြောသလို ပါးလ်မားဟာ သူ့အသင်းဖော်တွေအပေါ် တကယ်စိတ်ရှည်နိုင်မှု ကုန်ခမ်းသွားပြီလားဆိုတာကတော့ ကစားသမားကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ ရေးသားသူ / ရေဂင် ဓာတ်ပုံ / Sky Sport ++++++++ Pieces Sport Application ဆိုတာက .. ဘောလုံးနဲ့ အားကစားပြိုင်ပွဲတွေကို ခန့်မှန်းပြီး ဆုငွေတွေရရှိနိုင်မယ့် .. App လေးပဲ ဖြစ်သလို၊ နေ့စဉ်အားကစားသတင်းတွေ၊ ဂိုးရလဒ်ခန့်မှန်းမှုတွေ၊ အခြားဥာဏ်စမ်းအမေးအဖြေလေးတွေနဲ့ .. အားကစားနဲ့ပတ်သက်ပြီး ဖျော်ဖြေရေးတွေကို တင်ဆက်ပေးနေတဲ့ .. နည်းပညာမြင့် Application ပဲ ဖြစ်ပါတယ်။ #RangoonSportMedia #news #article #Pelmar ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Rangoon Sport Media မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati