
၂၀၂၄/၂၅ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ၁၆သင်းအဆင့် ထိပ်တိုက်တွေ့ဆုံမှုတွေ၊ လမ်းကြောင်းအခြေအနေတွေရဲ့ မဲခွဲမှုကတော့ ထွက်ပေါ်ခဲ့ပြီးပြီ ဖြစ်ပါတယ်။ ဒီစနစ်သစ်မှာကတော့ ၁၆သင်းအဆင့်မှာတင် တခါတည်း လမ်းကြောင်းဆွဲ မဲခွဲတာဖြစ်လို့ .. ဗိုလ်လုပွဲလမ်းကြောင်းအထိပါ မှန်းဆပြီး တွက်ချက်လို့ရပါပြီ။ လမ်းကြောင်းများ လမ်းကြောင်း (၁) ထဲမှာ ပီအက်ဂျီ၊ လီဗာပူးလ်၊ ဘရုဂေး၊ ဗီလာ၊ ရီးရဲလ်၊ အေတီကို၊ ပီအက်ဗွီ၊ အာဆင်နယ်တို့ ရှိနေကြပြီး.. လမ်းကြောင်း (၂) ထဲမှာ ဘာစီလိုနာ၊ ဘင်ဖီကာ၊ ဒေါ့မွန်၊ လိုင်လီ၊ လေဗာကူဆင်၊ ဘိုင်ယန်၊ ဖီယင်နု၊ အင်တာမီလန် တို့ရှိနေကြတာပဲ ဖြစ်ပါတယ်။ ဒီနှစ်မှာ … All England Final, All Germany Final တို့ကိုတော့ မြင်တွေ့ခွင့်ရမှာမဟုတ်ပါဘူး။ လမ်းကြောင်း (၁) ထဲမှာ အင်္ဂလန်ကလပ်သုံးသင်းစလုံးရှိနေပြီး၊ လမ်းကြောင်း (၂) ထဲမှာတော့ ဂျာမနီကလပ်သုံးသင်းစလုံးရှိနေကြတာကြောင့်ပဲဖြစ်ပါတယ်။ All Spain Final, All France Final, All Netherland Final တို့ကိုတော့ မြင်တွေ့ရနိုင်မယ့်အခြေအနေမျိုးရှိပါတယ်။ လက်ရှိ ၁၆သင်းအဆင့်မှာ .. ချန်ပီယံဖြစ်ဖူးတဲ့အသင်း ဆယ်သင်းပါဝင်နေပြီး၊ ချန်ပီယံမဖြစ်ဖူးတဲ့အသင်း ခြောက်သင်းပါဝင်နေပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်တုန်းက မန်စီးတီးက ချန်ပီယံအသစ်အဖြစ် ပေါ်ထွက်လာခဲ့ပြီး ဒီနှစ်မှာလည်း ချန်ပီယံအသစ်အဖြစ်ပေါ်ထွက်လာမလားဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ ချန်ပီယံလိဂ်ချန်ပီယံမဖြစ်ဖူးသေးတဲ့အသင်းတွေအဖြစ် အာဆင်နယ်၊ ပီအက်ဂျီ၊ အက်သလက်တီကို၊ ဘရုဂေး၊ လိုင်လီ၊ လေဗာကူဆင် တို့ရှိနေကြပါတယ်။ လမ်းကြောင်း (၁) ထဲမှာ ချန်ပီယံမဖြစ်ဖူးတဲ့အသင်း ၄သင်းနဲ့ လမ်းကြောင်း (၂) ထဲမှာ ချန်ပီယံမဖြစ်ဖူးတဲ့အသင်း ၂သင်း ရှိနေကြတာကြောင့် .. ချန်ပီယံသစ်ပေါ်ထွက်လို့အတွက်လည်း မျှော်လင့်ချင်စရာအခြေအနေမျိုးလို့ ဆိုရမှာပါ။ အဲဒီထဲမှာမှ အာဆင်နယ်၊ ပီအက်ဂျီ၊ အက်သလက်တီကို တို့လို ခြေစွမ်းကောင်းတဲ့အသင်းတွေက လမ်းကောင်းတစ်ခုတည်းမှာရှိနေလို့ .ချန်ပီယံအသစ်ပေါ်ထွက်မယ်ဆိုရင် လမ်းကြောင်း (၁) ဘက်က ပေါ်ထွက်လာနိုင်ခြေများပါတယ်။ တစ်ခုပဲ စိုးရိမ်စရာက ..လမ်းကြောင်း (၁) ထဲမှာ ချန်ပီယံလိဂ်ဘုရင် ရီးရဲလ် နဲ့ တတိယအအောင်မြင်ဆုံး လီဗာပူးလ်အသင်းတို့ ရှိနေကြတာကြောင့် စိတ်ဝင်စားစရာကောင်းနေတာပဲ ဖြစ်ပါတယ်။ နောက်တခုက . ချန်ပီယံမဖြစ်ဖူးတဲ့နှစ်သင်း ဗိုလ်လုပွဲဖြစ်လာနိုင်စရာရှိသလားဆိုတာပါ။ ၁၉၉၂ခုနှစ်မှာ ဘာစီလိုနာနဲ့ဆမ်ဒိုးရီးယားတို့က ချန်ပီယံမဖြစ်ဖူးတဲ့နှစ်သင်း ဗိုလ်လုပွဲကစားပြီးကတည်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲတွေတိုင်းမှာ ချန်ပီယံဖြစ်ဖူးတဲ့အသင်းတွေတောက်လျှောက်ဗိုလ်လုပွဲတက်ထားနိင်တာဖြစ်လို့ ..ဒီနှစ်မှာလည်း ချန်ပီယံမဖြစ်ဖူးတဲ့နှစ်သင်း ဗိုလ်လုမယ့်ကိစ္စက ခက်ခဲနိုင်ပါတယ်။ လမ်းကြောင်း (၂) က လေဗာကူဆင်နဲ့လိုင်လီ တို့က ဘာစီလိုနာ၊ ဘိုင်ယန်၊ အင်တာမီလန် တို့ကို ကျော်ဖြတ်ဖို့အတွက် မလွယ်ကူဘူးလို့ ယူဆမိပါတယ်။ ဒီ ၁၆သင်းအဆင့်မှာ .. ပီအက်ဂျီနဲ့လီဗာပူးလ်၊ ရီးရဲလ်နဲ့အက်သလက်တီကို၊ ဘိုင်ယန်နဲ့လေဗာကူဆင်၊ ဘင်ဖီကာနဲ့ဘာစီလိုနာ တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေက အကြိတ်အနယ်အရှိဆုံးဖြစ်လာနိုင်ပါတယ်။ ဒီအဆင့်မှာ လိဂ်အဆင့်တုန်းက ထိပ်တိုက်တွေ့ခဲ့တဲ့အသင်းတွေအဖြစ် .. ဘင်ဖီကာနဲ့ဘာစီလိုနာ၊ ဘရုဂေးနဲ့အက်စတွန်ဗီလာ တို့က ပြန်လည်ထိပ်တိုက်တွေ့ဆုံနေကြတာပဲ ဖြစ်ပါတယ်။ လက်ရှိချန်ပီယံလိဂ်မှာ ရေပန်းအစားဆုံးအသင်းတွေက အပြောင်းအလဲတွေဖြစ်ပေါ်လာခဲ့တယ်။ လိဂ်အဆင့်တွေပြီးတုန်းက လီဗာပူးလ်က ရေပန်းအစားဆုံးအသင်းဖြစ်ခဲ့ပေမဲ့ ၁၆သင်းအဆင့် ပလေးအော့ဖ်မှာ ရီးရဲလ်က မန်စီးတီးကို ကျော်ဖြတ်ပြီးချိန်မှာတော့ ရီးရဲလ်က ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးအသင်းဖြစ်လာခဲ့တယ်။ လီဗာပူးလ်က ဒုတိယနေရာကို ရောက်သွားခဲ့ပြီး… သူ့နောက်မှာတော့ ဘာစီလိုနာ၊ အာဆင်နယ်၊ ဘိုင်ယန်၊ ပီအက်ဂျီ၊ အင်တာ၊ အက်သလက်တီကို၊ လေဗာကူဆင်၊ အက်စတွန်ဗီလာ၊ ဒေါ့မွန်၊ ဘင်ဖီကာ၊ လိုင်လီ၊ ဘရုဂေး၊ ပီအက်ဗွီ၊ ဖီယင်နု တို့က အစဉ်လိုက်ရပ်တည်နေကြတာပဲ ဖြစ်ပါတယ်။ အခုဖော်ပြပေးခဲ့တာကတော့ ၁၆သင်းအဆင့် ချန်ပီယံလိဂ်နဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာအချို့ပါ။ လာမယ့် မတ်လ ၄/၅ မှာ ပထမအကျော့ကို စ တင်ကစားသွားကြမှာဖြစ်ပြီး၊ ဒုတိယအကျော့ကိုတော့ မတ်လ ၁၁/၁၂ ရက်နေ့တွေမှာ ကစားသွားကြမှာပဲ ဖြစ်ပါတယ်။ ရေးသားသူ / ထွန်းဇော်ဝင်း ဓာတ်ပုံ / Championleague ++++++++ Pieces Sport Application ဆိုတာက .. ဘောလုံးနဲ့ အားကစားပြိုင်ပွဲတွေကို ခန့်မှန်းပြီး ဆုငွေတွေရရှိနိုင်မယ့် .. App လေးပဲ ဖြစ်သလို၊ နေ့စဉ်အားကစားသတင်းတွေ၊ ဂိုးရလဒ်ခန့်မှန်းမှုတွေ၊ အခြားဥာဏ်စမ်းအမေးအဖြေလေးတွေနဲ့ .. အားကစားနဲ့ပတ်သက်ပြီး ဖျော်ဖြေရေးတွေကို တင်ဆက်ပေးနေတဲ့ .. နည်းပညာမြင့် Application ပဲ ဖြစ်ပါတယ်။ #RangoonSportMedia #article #championsleague #RoundOf16 ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Rangoon Sport Media မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati