
🔹အာဆင်နယ်အသင်းဟာ အသင်းရဲ့ ညာတောင်ပံကစားသမား ဘာကယိုဆာကာကို စာချုပ်သက်တမ်းတိုးနိုင်ဖို့ ဆွေးနွေးမှုတွေ စတင်ပြင်ဆင်နေပြီဖြစ်ပါတယ်။ ဆာကာဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက ခရစ္စတယ်လ် ပဲလေ့စ်ကို အနိုင်ရခဲ့တဲ့ ပွဲစဥ်မှာ ဒူးကောက်ကြောဒဏ်ရာ ရရှိခဲ့ပြီး အခုချိန်ထိ ပြန်လည်ကစားနိုင်ခြင်းမရှိသေးတာ ဖြစ်ပါတယ်။ 🔹ဒဏ်ရာကြောင့် မကစားနိုင်ပေမဲ့ အာဆင်နယ်နည်းပြ အာတီတာဟာ ဆာကာအပေါ် အပြည့်အဝ ယုံကြည်မှုရှိနေပြီး ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ ရေရှည်စာချုပ်ချုပ်ဆိုနိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ဟာ ၂၀၂၂ ခုနှစ်က လက်ရှိစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး တစ်နှစ်လုပ်ခ ပေါင် ၁၀ သန်း အထက်ရရှိနေတာဖြစ်ပါတယ်။ ဆာကာနဲ့ အာဆင်နယ်ရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၆ -၂၇ ရာသီအထိ ရှိနေပေမဲ့ မကြာသေးခင်က မန်စီးတီးအသင်းရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရတဲ့အတွက် အခုလို စာချုပ်သက်တမ်းတိုးမြှင့်ဖို့ လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။ 🔹တနင်္ဂနွေနေ့က လန်ဒန်ဒါဘီမှာ ချဲယ်လ်ဆီးကို အနိုင်ခဲ့ပြီး အာတီတာကတော့ ဆာကာကို လာမယ့်နိုင်ငံတကာပွဲစဥ်တွေအပြီး ပြန်ကစားနိုင်ချေရှိတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အာဆင်နယ်ဟာ လာမယ့် ဧပြီ ၁ ရက်နေ့မှာ ဖူလ်ဟမ်ကို အိမ်ကွင်းလက်ခံကစားဖို့ရှိနေပြီး ဆာကာအနေနဲ့ ပြန်လည်ပါဝင်နိုင်ချေရှိနေတာဖြစ်ပါိယ်။အာဆင်နယ်ဟာ ဆာကာကို စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်နေပေမဲ့ ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် သောမက်ပါတေး၊ ဂျော်ဂျင်ဟိုတို့ကိုတော့ စာချုပ်သစ်အတွက် တစ်စုံတရာ ကမ်းလှမ်းခြင်းမရှိသေးတာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဆာကာအပြင် အသင်းတောင်ပံကစားသမား ထရော်ဆက်ကိုလည်း စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ထားတာဖြစ်ပါတယ်။ ရေးသားသူ / ရေဂင် ဓာတ်ပုံ / BBC Sport #RangoonSportMedia #news #saka #contract ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Rangoon Sport Media မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati