
🔹ဒီရာသီပရီးမီးယားလိဂ်အမှတ်ပေးဇယားအရတော့ ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်နေရာ အတွက် လီပါပူးလ်နဲ့ အာဆင်နယ်နှစ်သင်းကဘဲ သေချာသလောက်အခြေအနေမှာရှိနေပြီး အခြား အသင်းတွေကတော့ ဆက်ပြီး ယှဥ်ပြိုင်ကြရဦးမှာဖြစ်ပါတယ်။ စည်းမျဥ်းတွေအရတော့ ဒီရာသီ ပရီးမီးယားကလပ်တွေအနေနဲ့ ချန်ပီယံလိဂ်မှာ ဘယ်လောက်လုပ်နိုင်တယ်အပေါ် မူတည်ပြီး လာမယ့်ရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်တိုးလာမှာဖြစ်ပါတယ်။ 🔹ဒီရာသီမှာတော့ ချန်ပီယံပြိုင်ပွဲထက် ဥရောပ ဝင်ခွင့်နေရာအတွက် ပြိုင်ဆိုင်မှုက ပိုအသက်ဝင်နေပြီး နော်တင်ဟမ်ဖော်ရက်စ်၊ ဘုန်းမောက်တို့လို အသင်းတွေပါဝင်လာခဲ့တာဖြစ်ပါတယ်။ ဒီအတွက် အဆင့် ၃ နေရာက နော်တင်ဟမ်ဖောရက်စ်နဲ့ အဆင့် ၁၀ နေရာက အက်စတွန်ဗီလာအထိ အမှတ်က ၆ မှတ်ပဲ ကွာခြားနေတာပါ။ လက်ကျန်ပွဲတွေကနေ အမြင့်ဆုံး ၃၃ မှတ်အထိရနိုင်သေးလို့ ယတိပြတ်ပြောဖို့ ခက်ဦးမှာပါ။ လီပါပူးလ်ကတော့ အဆင့် ၅ နေရာနဲ့ ၂၁ မှတ်၊ အာဆင်နယ်က ၈ မှတ်ဖြတ်ထားတာကြောင့် ဒီနှစ်သင်းကတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် Opta ရဲ့ခန့်မှန်းချက်အရ ၉၉.၉% အထိ ရှိနေတယ်လို့ဆိုပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်မှာ လက်တလောအမှတ်ပေးဇယားအရ နော်တင်ဟမ်၊ မန်စီးတီး၊ ချဲယ်လ်ဆီး၊ နယူးကာဆယ်၊ ဘုန်းမောက်၊ ဘရိုက်တန်၊ ဖူလ်ဟမ်၊ အက်စတွန်ဗီလာ စတဲ့ အသင်း ၈ သင်းက နေရာနှစ်နေရာအတွက် မျှော်လင့်နိုင်သေးတဲ့ အခြေအနေမှာ ရှိနေတာပါ။ 🔹လာမယ့်ရာသီ Champions League ဝင်ခွင့် ၅ နေရာမျှော်လင့်ခွင့် … အင်္ဂလန်အသင်းတွေအနေနဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ် နောရာ ၅ နေရာ ရဖို့ အခြေအနေကောင်းနေပြီး ၂၀၁၇/၁၈ နောက်ပိုင်း ပထမဆုံးပြန်လည် ဖြစ်လာနိုင်ပါတယ်။ ဒီရာသီ ဥရောပပြိုင်ပွဲဝင် အင်္ဂလန် ၇ သင်းထဲက ၆ သင်းဟာ ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်နိုင်ခဲ့ပါတယ်။ မန်စီးတီးတစ်သင်းတည်း play off အဆင့်မှာ ကျန်ရစ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလိုအခြေအနေကောင်းတွေကြောင့် အင်္ဂလန်ဟာ UEFA coefficient အဆင့်မှာ ထိပ်ဆုံးက ရပ်တည်နေတာပါ။ ရာသီကုန် UEFA coefficient မှာ ထိပ်ဆုံး ၂ နိုင်ငံက ချန်ပီယံလိဂ်မှာ တစ်နေရာအပိုရမှာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အင်္ဂလန်အသင်းတွေဟာ ရာသီအစောပိုင်းမှာ အခြေအနေကောင်းသလောက် ရာသီကုန်မှာ အဆင့်တွေပြန်ကျပြီး ချန်ပီယံလိဂ် ဝင်ခွင့်အပိုနေရာကို ပြန်ပြီး လက်လွှတ်ခဲ့ဖူးပါတယ်။ မနှစ်ကလည်း ဒီလိုဆုံးရှုံးခဲ့လို့ အဆင့် ၅ နေရာက စပါးပါ ယူရိုပါလိဂ်မှာပဲ ကစားရတာဖြစ်ပါတယ်။ တကယ်လို့ ဒီရာသီမှာလည်း အင်္ဂလန်အသင်းတွေအနေနဲ့ ဗိုလ်လုပွဲလို အဆင့်မျိုး မတက်လှမ်းနိုင်ခဲ့ရင် မနှစ်ကလို အခြေအနေမျိုး ပြန်ရောက်သွားမှာပါ။ နောက်ထပ် မျှော်လင့်လို့ရနိုင်တာကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ အခြေအနေဆိုးရွားနေတဲ့ မန်ယူ ဒါမှမဟုတ် စပါး တစ်သင်းသင်းက ယူရိုမှာ ဗိုလ်ဆွဲဖို့ပဲဖြစ်ပါတယ်။ ဒီလိုဖြစ်လာခဲ့ရင် အင်္ဂလန်အနေနဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် နှစ်နေရာအထိ ပိုရနိုင်မှာဖြစ်ပါတယ်။ 🔹ချန်ပီယံလိဂ်ဝင်ခွင့် ဖြစ်တန်ခြေများ ပရီးမီးယားလိဂ်က လက်ကျန်ပွဲစဥ် ၁၁ ပွဲအထိ ရှိနေသေးပေမယ့် Opta ရဲ့ ခန့်မှန်းချက်အရ လီပါပူးလ်က ၁၀၀%၊ အာဆင်နယ်က ၉၉.၉ %အထိ ရှိတယ်လို့တွက်ချက်ပေးထားပါတယ်။ လက်ရှိအခြေအနေအရ မန်စီးတီးဟာ ဖော်ရက်စ်အောက် အဆင့် ၄ နေရာမှာရှိနေပေမဲ့ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် တတိယ အလားအလာအရှိဆုံးအသင်း ဖြစ်နေခဲ့ပါတယ်။ မန်စီးတီးဟာ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် စပါးကိုအနိုင်ရခဲ့ပြီးတဲ့နောက် ၈၆ % ကနေ ၉၁ % အထိ တိုးတက်လာခဲ့တာဖြစ်ပါတယ်။ ဖော်ရက်စ်အသင်းကတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ချဲယ်လ်ဆီး၊ နယူးကာဆယ်တို့ထက် အခြေအနေပိုကောင်းနေပြီး ဘရိုက်တန်၊ ဘုန်းမောက်၊ ဖူလ်ဟမ်၊ အက်စတွန်ဗီလာတို့ကတော့ အတော်လေးကို အခွင့်အရေးနည်းပါးသွားခဲ့ပြီ ဖြစ်ပါတယ်။ဒီလိုတွက်ချက်ရာမှာ အသင်းတစ်သင်းချင်းစီရဲ့ ခြေစွမ်း၊ ရင်ဆိုင်ရမယ့် လက်ကျန်ပွဲစဥ်တွေနဲ့ ပြိုင်ဘက်အသင်းတွေရဲ့ ဖြစ်နိုင်ချေတွေကို ထည့်သွင်းတွက်ချက်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပရီးမီးယားလိဂ်မှာ ဒီလိုကြိုတင် ဟောကိန်းထုတ်ရတာဟာ အင်မတန်ခက်ခဲပြီး လာမယ့်ပွဲစဥ်တွေမှာ ဟောကိန်းတွေကလည်း အလွယ်တကူပြောင်းလဲသွားနိုင်ပါတယ်။ ရေးသားသူ / ရေဂင် ဓာတ်ပုံ / Sky Sport ++++++++ Pieces Sport Application ဆိုတာက .. ဘောလုံးနဲ့ အားကစားပြိုင်ပွဲတွေကို ခန့်မှန်းပြီး ဆုငွေတွေရရှိနိုင်မယ့် .. App လေးပဲ ဖြစ်သလို၊ နေ့စဉ်အားကစားသတင်းတွေ၊ ဂိုးရလဒ်ခန့်မှန်းမှုတွေ၊ အခြားဥာဏ်စမ်းအမေးအဖြေလေးတွေနဲ့ .. အားကစားနဲ့ပတ်သက်ပြီး ဖျော်ဖြေရေးတွေကို တင်ဆက်ပေးနေတဲ့ .. နည်းပညာမြင့် Application ပဲ ဖြစ်ပါတယ်။ #Rangoonsportmedia #new #article ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Rangoon Sport Media မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati