
၂၀၁၇ခုနှစ်က ဒေါ့မွန်ကနေ ဘာစီလိုနာကို ပေါင် ၁၃၅.၅ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ ဒမ်ဘီလီကို နေမာရဲ့နေရာအတွက် အားလုံးက မျှော်လင့်ကြီး မျှော်လင့်ခဲ့ကြဖူးတာဖြစ်ပါတယ်။ ဒီပြောင်းရွှေ့ကြေး ကလည်း ဘောလုံးသမိုင်းမှာ ဒုတိယ ကြေးအမြင့်ဆုံး ပြောင်းရွှေ့ကြေး ဖြစ်ခဲ့တဲ့အတွက် ပြင်သစ်ဆယ်ကျော်သက်လေးကို အားလုံးက မျှော်လင့်ခဲ့ကြတာလည်း ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဘာစီလိုနာမှာ ဒမ်ဘီလီရဲ့ အခန်းကဏ္ဍက ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မရှိခဲ့တာကို အားလုံးအသိပဲဖြစ်ပါတယ်။ ဘာစီလိုနာနဲ့ သူ့ရဲ့ ဇာတ်သိမ်းခန်းကတော့ နည်းနည်း ရုပ်ပေါက်ခဲ့ပြီး ၂၀၂၁ ခုနှစ်က ဘာစီလိုနာ ဥက္ကဌက ဒမ်ဘီလီကို မက်ဘီထက် ပိုကောင်းတယ်တဲ့ ကစားသမားပါလို ချီးကျူးခဲ့သေးတာပါ။ ဒါ့အပြင် အဲသည့်အချိန် ဘာစီလိုနာနည်းပြ ဇာဗီဟာနန်ဒက် ကလည်း "သူ့ကို သာ နည်းလမ်းမှန်မှန်သုံးနိုင်ရင် ကမ္ဘာ့အကောင်းဆုံးကစားသမားတောင် ဖြစ်လာနိုင်တယ်" ဆိုပြီး အမွှန်းတင်ခဲ့သေးတာဖြစ်ပါတယ်။ အဲဒီလို ဥက္ကဋ္ဌနဲ့ နည်းပြတို့ရဲ့ ချီးကျူးစကားတွေထွက်လာပြီး နှစ်လအကြာမှာတော့ အခြေအနေတွေက တစ်မျိုးတစ်ဖုံဖြစ်လာခဲ့ပါတယ်။ လာပေါ်တာက သူ့ကို လစာလျှော့ယူပြီး စာချုပ်သက်တမ်းတိုးဖို့ ဒါမှမဟုတ် အသင်းကထွက်ဖို့အထိ ဖိအားပေးခဲ့ပြီး နည်းပြကလည်း သူ့ကို အသင်းကနေ ဖယ်ချန်ခဲ့တာဖြစ်ပါတယ်။ ဒီလိုနဲ့ ဒမ်ဘီလီရဲ့ ဘာစီလိုနာကစားသမားဘဝ နောက်ဆုံးနေ့ရက်တွေဖြစ်လာခဲ့ပြီး ၂၀၂၃ ဩဂုတ်မှာတော့ PSG ကို ပေါင် ၄၃.၅ သန်းနဲ့ အပြီးသတ်ရောက်သွားခဲ့တာဖြစ်ပါတယ်။ ဒမ်ဘီလီရဲ့ ဘာစီလိုနာ ကစားသမားဘဝ ၁၈၅ ပွဲမှာ သွင်းဂိုး ၄၀ ဂိုးသွင်းခဲ့ပြီး လာလီဂါ ချန်ပီယံဆု သုံးကြိမ်ဆိုတဲ့ မှတ်တမ်းရခဲ့ပေမဲ့ သူဟာ ဘာစီလိုနာရဲ့ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့တာမျိုးတော့ မဟုတ်ပါဘူး။ ဘာစီလိုနာရဲ့ ဒဏ်ငွေအများဆုံး ကစားသမား" အသက် ၂၀ အရွယ်မှာ ဘာစီလိုနာလို အသင်းကို စျေးအကြီးဆုံး ကစားသမားအနေနဲ့ ရောက်လာခဲ့ပေမဲ့ ဒမ်ဘီလီကတော့ ဘာစီလိုနာမှာ ဘာမှထူးထူးခြားခြားလုပ်ပြနိုင်တာမရှိခဲ့ဘဲ ဒဏ်ရာပြဿနာ၊ ကွင်းပြင်ပ ပြဿနာတွေနဲ့ဘဲ နစ်မွန်းခဲ့တယ်လို ဆိုရမှာပါ။ ဘာစီလိုနာကစားသမားဘဝ ၆ နှစ်တာအတွင်း ဒဏ်ရာ ၁၄ ကြိမ်အထိရခဲ့ပြီး ၇၈၄ ရက်ကြာအောင် အနားယူခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် စည်းကမ်းပိုင်းလည်း အားနည်းခဲ့ပြီး ဘာစီလိုနာက သူ့အတွက် သီးသန့်စားဖိုမှူးခန့်ပေးခဲ့ရတာဖြစ်ပါတယ်။ ညာဥ့်နက်တဲ့အထိ မအိပ်ဘဲ ဂိမ်းကစားခဲ့လို လေ့ကျင့်ရေးအချိန်နောက်ကျပြီး ဒဏ်ငွေအများဆုံးဆောင်ထားရတဲ့ ကစားသမားဟာ ဒမ်ဘီလီပါပဲ။ အချိန်ကြာလာတာနဲ့အမျှ အသင်းနဲ့ အံမဝင်တာတွေများလာခဲ့ပြီး သူ့ရဲ့ ကစားသမားဘဝ ဟာလည်း တစ်ဖြည်းဖြည်းအရောင်မှိန်၊ ဘာစီလိုနာမှာ ဒမ်ဘီလီရှိတယ်ဆိုတာ တချို့ ပရိသတ်တွေ မေ့နေလောက်တဲ့အထိပါပဲ။ ဒီလို စည်းကမ်းပိုင်းရော စိတ်ဓါတ်ပိုင်းပါ ကျဆင်းနေခဲ့တဲ့ သူ့ကို ဘာကပြောင်းလဲပေးခဲ့တာပါလဲ.. ? မှတ်မှတ်ရရ ၂၀၂၁ ဒီဇင်ဘာ မော်ရိုကိုမှာ ကျင်းပတဲ့ မူဆလင်မင်္ဂလာပွဲမှာ သူ့ရည်းစား ရီမာ နဲ့ လက်ထပ်ခဲ့ပါတယ်။ ကလေးတစ်ယောက်မွေးပြီး သိပ်မကြာခင်မှာပဲ သူပြောင်းလဲသွားတယ်လို့ သူနဲ့နီးစပ်သူတွေက သတိထားမိလာကြတာပါ။ သူ့ဘဝရဲ့ ကြီးမားတဲ့ ပြောင်းလဲမှုတွေကို ဘာစီလိုနာက သူ့ရဲ့နောက်ဆုံးနှစ်ရာသီမှာ စတင်ခဲ့တာပါ။ သူဟာ သူ့အိမ်မှာ အရိုးအကြောအဆစ်အထူးကုဆရာဝန်ခေါ်ပြီး ဒဏ်ရာပြဿနာတွေကို ကြိုတင်ကာကွယ်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ပြောရရင် ဖခင်တစ်ယောက်ဖြစ်လာ တာက သူ့ကို အမြင်တွေ၊ စဥ်းစားတွေးခေါ်မှုတွေ ပြောင်းလဲစေခဲ့တာလို ဆိုရမှာဖြစ်ပါတယ်။ အရိုးအကြောအဆစ်အထူးကုဆရာဝန်အပြင် အစာစားတာကအစ သူပြုပြင် ပြောင်းလဲခဲ့ပါတယ်။ ပြင်သစ်က အဟာရပညာရှင်ကို သူအလုပ်ခန့်ခဲ့ပြီး ကျန်းမာတဲ့ လူမှုပုံစံကို စနစ်တကျ ပြန်လည်တည်ဆောက်ခဲ့တာပါ။ ဒီလိုနဲ့ ဒမ်ဘီလီဟာ ဘာစီလိုနာနဲ့ နောက်ဆုံးနှစ်တွေမှာ သူ့အသင်းဖေါ်တွေရဲ့ လေးစားမှုကိုပြန်လည်ရယူနိုင်ခဲ့ပေမဲ့ ဘာစီလိုနာက သူ့ကို အချိန်ထပ်ပေးဖို့ထပ် ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာပါ။ သူ PSG ရောက်သွားတာကို ဘာစီလိုနာကစားသမားတွေ အံ့အားသင့်ခဲ့ရတဲ့အထိ သူပြောင်းလဲလာခဲ့တာဖြစ်ပါတယ်။ ပြောင်းလဲခြင်းမှ ရင့်ကျက်ခြင်းသို့ … PSG ရောက်လာတဲ့ ဒမ်ဘီလီဟာ နိုင်ငံအသင်းဖော် အမ်ဘတ်ပေရှိနေတဲ့တိုင် သူဟာ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိနေသူတစ်ယောက်ဖြစ်နေခဲ့ပါပြီ။ သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေ လိုအပ်တာကို သူနားလည်ပြီး ပြီးခဲ့တဲ့ရာသီက PSG ညာတောင်ပံကို အပိုင်စားယူနိုင်ခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုပြုပြင်ပြောင်းလဲလာခဲ့တဲ့ ဒမ်ဘီလီ ဒေါ့မွန်မှာပြခဲ့တဲ့ ခြေစွမ်းမျိုးပြန်ရခဲ့ပြီး ဒီရာသီ False nine အဖြစ် ပြောင်းကစားခဲ့ပေမဲ့ မနှစ်ကထက်ခြေစွမ်းပိုကောင်းလာခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီရာသီ သွင်းဂိုး ၂၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ဂိုးအထိရှိခဲ့တဲ့ ဒမ်ဘီလီဟာ ဘာစီလိုနာမှာ တစ်ညလုံး ဂိမ်းဆော့နေတတ်တဲ့ ဒမ်ဘီလီနဲ့ လားလားမှ မဆိုင်တော့ပါဘူး။ လုံးဝ ကွဲပြားခြားနားသွားခဲ့ပြီဖြစ်ပါတယ်။ ဒီလိုပြောလို့ ဒမ်ဘီလီရဲ့ revolution က ကွင်းတွင်းမှာတင်မဟုတ်ခဲ့ပါဘူး။ ၂၀၂၃ စက်တင်ဘာက ရန်းနက်ကို ၃-၁ နဲ့အနိုင်ရပြီး နည်းပြင် အင်းနရစ်နဲ့ သူ့ကြားအပြင်းအထန့်ငြင်းပွားခဲ့ပြီး အာဆင်နယ်နဲ့ပွဲမှာ အင်းနရစ်ကသူ့ကို ချန်ထားခဲ့ပါတယ်။ ဒါပေမဲ့ ဒမ်ဘီလီဟာ နည်းပြကို ပြန်လည်တောင်းပန်ခဲ့ပြီး သူ့ရဲ့ ရင့်ကျက်မှုကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ သူနဲ့အင်းနရစ်ကြားက ဆက်ဆံရေးဟာ တစ်မျိုးတစ်ဖုံဖြစ်သွားခဲ့ပါပြီ။ ဘရက်နဲ့ ချန်ပီယံလိဂ်ပထမအကျော့ပွဲမှာ သူနှစ်ဂိုးသွင်းနိုင်ခဲ့ပြီး အင်းနရစ်က "ခရစ္စမတ်ကတည်းက သူမနက်စာဘာစားခဲ့လဲမေးကြည့်ပါ။ သူ့ကို ပုံမှန်တွေ့နေရသူတွေအတွက်ကတော့ အံ့သြစရာမဟုတ်တော့ပါဘူး " ဆိုပြီး သူ့ကစားသမားကို လူသိရှင်ကြား ပြန်လည်ချီးကျူးသွားခဲ့ပါတယ်။ ဒီရာသီ ချန်ပီယံလိဂ်မှာ PSG တို ဘယ်လောက်အမြင့်ပျံနိုင်မလဲဆိုတာ ဒမ်ဘီလီဘယ်လောက်ခြေစွမ်းပြနိုင်မလဲဆိုတဲ့အပေါ်မူတည်တယ်လို ယုံကြည်နေသူတွေ ရှိနေခဲ့ပါပြီ။ ဒါက အမ်ဘာပေမလုပ်နိုင်ခဲ့တဲ့ အလုပ်မျိုးပါ။ ရေးသားသူ / ရေဂင် ဓာတ်ပုံ / BBC Sport ++++++++ Pieces Sport Application ဆိုတာက .. ဘောလုံးနဲ့ အားကစားပြိုင်ပွဲတွေကို ခန့်မှန်းပြီး ဆုငွေတွေရရှိနိုင်မယ့် .. App လေးပဲ ဖြစ်သလို၊ နေ့စဉ်အားကစားသတင်းတွေ၊ ဂိုးရလဒ်ခန့်မှန်းမှုတွေ၊ အခြားဥာဏ်စမ်းအမေးအဖြေလေးတွေနဲ့ .. အားကစားနဲ့ပတ်သက်ပြီး ဖျော်ဖြေရေးတွေကို တင်ဆက်ပေးနေတဲ့ .. နည်းပညာမြင့် Application ပဲ ဖြစ်ပါတယ်။ #Rangoonsportmedia #news #article #dembele ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Rangoon Sport Media မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati