
ဒီည နိုင်ပွဲကြောင့် လက်ကျန် ၆ပွဲမှာ လီဗာပူးလ်က ၂ပွဲနိုင်ရုံနဲ့ ချန်ပီယံဖြစ်ပြီ။ ဒါက နောက်ဆုံး ၄နှစ်အတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုအတွက် စောစောစီးစီး အဖြေထွက်သွားမယ့်အခြေအနေပါပဲ။ ပွဲအကြောင်းကို ပြောရရင် လီဗာပူးလ်က ချန်ပီယံလိဂ်က ပြုတ်လာပြီးကတည်းက သူတို့ရဲ့ ကစားပုံက အတော်လေးကို လျော့ရဲလာတာကို တွေ့ရတယ်။ ဒီပွဲမှာလည်း ဒီလို လျော့ရဲမှုကို ဆက်တွေ့ရတယ်။ ဆာလာက အသင်းနဲ့ စာချုပ်သက်တမ်းတိုးပြီးနောက်ပိုင်းမှာ ခြေစွမ်းပြန်ပြလာတယ်လို့ ယူဆရမှာဖြစ်ပြီး ဒီပွဲမှာ တစ်ဂိုးဖန်တီးပေးနိုင်ခဲ့တယ်။ တကယ်ဆို ဝက်ဟမ်းက လီဗာပူးလ်အတွက် ရင်ခုန်စရာပြိုင်ဘက်မျိုးမဟုတ်ပါဘူး။ ဒါပေမဲ့ ၈၆မိနစ်မှာ ရော်ဘတ်ဆန်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် ရုန်းကန်လိုက်ရသေးတယ်။ ကံကောင်းတာကတော့ ထောင့်ကန်ဘောကနေ ဗန်ဒိုက်က အနိုင်ဂိုးသွင်းပေးလိုက်တာကြောင့်ပါပဲ။ လီဗာပူးလ်အသင်း ထောင့်ကန်ဘောကနေ ဂိုးရခဲ့တာ ဘယ်ပွဲတုန်းကမှန်းတောင် မသိတော့ဘူး။ အဲဒီလောက်ထိကို လီဗာပူးလ်ရဲ့ ထောင့်ကန်ဘောတွေက မစွံခဲ့တာ။ အခုတော့ လိုအပ်ချိန်မှာ ထောင့်ကန်ဘောကနေ အနိုင်ဂိုးရခဲ့တာကတော့ ကျေနပ်စရာပေါ့လေ။ လီဗာပူးလ်က ဝက်ဟမ်းကို အသာစီးကစားနိုင်ခဲ့တယ်ဆိုရင်တောင် ဒီပွဲမှာ လီဗာပူးလ်ဘက်မှာ ဂိုးသမားအလီဆွန်ကို မဖြစ်မနေအသိအမှတ်ပြုရမှာပါ။ အလီဆွန်ကြောင့်သာ မဟုတ်ရင် ဒီပွဲမှာ လီဗာပူးလ် ၃မှတ်ရဖို့ မလွယ်ပါဘူး။ နောက်တယောက်က အလစ္စတာ။ သူ့ကြောင့် ဒီပွဲမှာ လီဗာပူးလ်က ချေပဂိုးမပေးရခင်အထိ ကစားကွက်ပိုင်းမှာ သက်သောင့်သက်သာဖြစ်နေခဲ့တာလို့ ဆိုရမယ်။ ဆိုရရင် ပွဲက ပွဲကောင်းတပွဲရယ်လို့ မဖြစ်ခဲ့ဘူး။ လီဗာပူးလ်က ချန်ပီယံစောစောဖြစ်ဖို့ နိုင်ပွဲလိုအပ်တယ်၊ အနိုင်ရခဲ့တယ်။ ဝက်ဟမ်းကလည်း တန်းဆင်းဇုန်အထက်မှာဆိုပေမဲ့ တန်းဆင်းဇုန်နဲ့ ၁၄မှတ်တောင်ကွာဟနေလို့ သူတို့ရဲ့ ရုန်းကန်မှုကလည်း သာမန်လောက်ပဲ။ ဒီရာသီပရီးမီးယားလိဂ်ကို ပြိုင်ဆိုင်မှုလျော့ကျစေတာ တန်းဆင်းဇုန်က အသင်းတွေဖြစ်တဲ့ ဆောက်သမ်တန်၊ လက်စတာ၊ အစ်ဝှစ် တို့ရဲ့ အမှတ်စုဆောင်းနိုင်စွမ်းအားနည်းမှုကြောင့်ပဲ။ ပုံမှန်အားဖြင့် ခါတိုင်းနှစ်တွေမှာ အဆိပ်ရှိတဲ့အလယ်အလတ်တသင်းနှစ်သင်းလောက်က ဒီလိုအချိန်မျိုးမှာ တန်းဆင်းအန္တရာယ်ရှိလို့ သူတို့နဲ့ကစားရတဲ့ အသင်းကြီးတွေ ရုန်းကန်ရလေ့ရှိတယ်။ ဒါပေမဲ့ ဒီရာသီမှာတော့ ပွဲစဉ် ၃၂ လောက်မှာတင် တန်းဆင်းဇုန်တိုက်ပွဲက ပြီးသလောက်ဖြစ်နေခဲ့တာကြောင့် စိတ်လှုပ်ရှားစရာမကောင်းတော့တာလည်း အမှန်ပါပဲ။ လီဗာပူးလ်ကတော့ နည်းပြသစ် အာနီစလော့ရဲ့ ပထမဆုံးရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို သိမ်းပိုက်ဖို့ သေချာသလောက်နီးပါးရှိနေခဲ့ပြီး .. အာနီစလော့ကို စစ်စစ်ပေါက်ပေါက် အပြစ်ပြောရရင်တော့ အန်ဒို၊ ခီယေဆာ၊ အီလီယော့ တို့ကို အခုချိန်ထိ လုံလောက်တဲ့ ပွဲကစားချိန်တွေ မပေးတာကိုပဲ အပြစ်ပြောချင်တယ်။ ကျန်တာကတော့ အာနီစလော့ မှာ ချီးကျူးစရာတွေချည်းပါပဲ။ ရေးသားသူ / ထွန်းဇော်ဝင်း ဓာတ်ပုံ / Premierleague >>>>>>>>> Pieces Sport ဆိုတာက .. ဘောလုံးနဲ့ အားကစားပြိုင်ပွဲတွေကို ခန့်မှန်းပြီး ဆုငွေတွေရရှိချင်ရင် .. Pieces Sport မှာ ဝင်ရောက်ခန့်မှန်းပါ။ Pieces Sport ဆိုတာက .. နေ့စဉ်အားကစားသတင်းတွေ၊ ဂိုးရလဒ်ခန့်မှန်းမှုတွေ၊ အခြားဥာဏ်စမ်းအမေးအဖြေလေးတွေနဲ့ .. အားကစားနဲ့ပတ်သက်ပြီး ဖျော်ဖြေရေးတွေကို တင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက .. PPieces SportFacebook Page မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ #RangoonSportMedia #perspective #PremierLeague #liverpool #WestHam ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Rangoon Sport Media မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati