
ပထမအချီမှာ Islam Makhachev က Renato Moicano ကို D'Arce Choke လုပ်သွားပါတယ်။ အစောပိုင်းမှာတင် ပွဲသိမ်းနိုင်ပေမယ့် လွယ်လွယ်နိုင်တာ မဟုတ်ပါဘူး။ အစောပိုင်းမှာ ရုန်းကန်လိုက်ရတယ်။ ဒီနေရာမှာ Islam Makhachev ရဲ့ Game Plan ကို ချီးကျူးချင်တယ်။ အစောပိုင်းမှာ Striking ကစားကြတယ်။ Renato Moicano ကလည်း မွေထိုင်းကောင်းတာဆိုတော့ တော်တော်တုံ့ပြန်နိုင်တယ်။ Islam Makhachev တောင် ဖင်ထိုင်လဲမလို ဖြစ်လိုက်သေးတယ်။ ကမ္ဘာ့အဆင့်ကစားသမားဆိုတာ အတိမ်းအစောင်းခံလို့ မဖြစ်ပါဘူး။ ချက်ချင်းဆိုသလိုပဲ Islam Makhachev က Game Plan ပြောင်းလိုက်တယ်။ Renato Moicano ကို ဝင်လုံးပြီး ထိန်းချုပ်ထားတာပါ။ အရင်လို ယှဉ်ထိုးနေရင် (အခန့်မသင့်ရင်) နားကားသွားနိုင်တာကိုး။ ဒီနေရာမှာ Renato Moicano က Islam Makhachev ထက် Striking ပိုကောင်းတယ်လို့ ဆိုချင်တာ မဟုတ်ပါဘူး။ ကောင်းကောင်းတုံ့ပြန်နိုင်တယ်လို့ ဆိုချင်တာပါ။ Islam Makhachev ရဲ့ Game Plan က မှန်သွားတယ်။ Renato Moicano ကို ထိန်းချုပ်ပြီး D'Arce Choke လုပ်လိုက်တယ်။ စောစောစီးစီးရှုံးသွားတာပဲ အေးပါတယ်။ Beneil Dariush အတွက် (၃) ချီစာပဲ ပြင်ဆင်ထားတာပါ။ မထင်မှတ်ဘဲ ခါးပတ်လုပွဲထိုးရလို့ (၅) ချီပွဲဖြစ်သွားတယ်။ သက်လုံက (၅) ချီစာမရှိဘူး။ Islam Makhachev က ပန်းပန်နေဆဲပဲ။ စာဖတ်သူတွေ ဘေးကင်းပါစေ။
© COPYRIGHTS 2024 by illuminati