
မစ်ဒယ်ဝိတ်ချန်ပီယံ Dricus du Plessis နဲ့ Sean Strickland တို့က တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် မနက် (၁၁) နာရီ (၄၅) မိနစ်မှာ ကစားလိမ့်မယ်။ စောရင်လည်း နည်းနည်းပါပဲ။ ဘယ်သူနိုင်နိုင် Khamzat Chimaev က အသင့်စောင့်နေလိမ့်မယ်။ ပထမပွဲမှာ Dricus du Plessis က Sean Strickland ကိုနိုင်ပြီး မစ်ဒယ်ဝိတ်ချန်ပီယံဖြစ်လာတယ်။ နိုင်တယ်ဆိုပေမယ့် အပြတ်အသတ်မဟုတ်ပါဘူး။ Split Decision ရပြီး ကပ်နိုင်သွားတာပါ။ Sean Strickland က ထိချက်အသာစီးထိုးနိုင်ပြီး တိုက်စစ်ကို ဦးဆောင်ကစားနိုင်ပေမယ့် Dricus du Plessis ရဲ့ နပန်းစွမ်းရည်ကို မကျော်နိုင်ဘူး။ ထိန်းချုပ်နိုင်စွမ်းမှာ ကွာခြားနေတယ်။ Takedown နဲ့ Control Time တွေကြောင့်သာ Sean Strickland က ကပ်ရှုံးသွားတာပါ။ အရမ်းကြီးနိမ့်နေတာ မဟုတ်ပါဘူး။ ချန်ပီယံကာကွယ်ပွဲမှာ Dricus du Plessis က Israel Adesanya ကို ပွဲသိမ်းပြထားတယ်။ ဒုတိယကြိမ်မြောက် ချန်ပီယံကာကွယ်ပွဲမှာ Dricus du Plessis က Sean Strickland ကို ပြန်တွေ့တာပါ။ ကြားထဲမှာ Sean Strickland က Paulo Costa ကိုနိုင်ပြီး အခုလို ချန်ပီယံလုခွင့်ရတာပါ။ ဒါကလည်း ချန်ပီယံလုပွဲမှာ ကပ်ရှုံးထားတာကြောင့် အခွင့်အရေးပြန်ရတယ်လို့ မြင်မိပါတယ်။ အခုချိန်မှာ Dricus du Plessis က ယုံကြည်မှုမြင့်နေပြီ။ ပထမပွဲမှာလို စိန်ခေါ်သူမဟုတ်တော့ဘူး။ အခုက ချန်ပီယံဖြစ်နေပြီလေ။ ချန်ပီယံက မရှုံးရင် ခါးပတ်ကာကွယ်နိုင်မှာဖြစ်ပြီး စိန်ခေါ်သူက အနိုင်ရမှသာ ခါးပတ်ရမှာဖြစ်ပါတယ်။ ချန်ပီယံဆိုတဲ့ မာန်မာနက နိုင်ပွဲယူဖို့ အလားအလာပိုများပါတယ်။ Sean Strickland ရဲ့ Striking Skill က တန်းမြင့်မြင့်မှာရှိပါတယ်။ ဇွန်ဘီကြီးလို လမ်းလျှောက်ပြီး ပြိုင်ဘက်ကို ဖိအားပေးလို့ (တစ်နည်းအားဖြင့်) ကစားဟန်မလှလို့သာ Striking Skill မကောင်းဘူးထင်ရတာပါ။ အထူးသဖြင့် အောက်ခြေကန်ချက်တွေကို Block လုပ်ရာမှာ ပြီးတော့ Check လုပ်ရာမှာ တော်တော်ကောင်းတယ်။ Israel Adesanya တောင် Sean Strickland ကို ရဲရဲမကန်ရဲပါဘူး။ Sean Strickland ရဲ့ Takedown Defense က ပိုကောင်းလာဖို့ရှိပါတယ်။ Dricus du Plessis ကလည်း ရေကူးလက်သီးထိုးပြီး မရမကဝင်လုံးမှာပါ။ စိတ်ဓာတ်ခွန်အားက အမြင့်ဆုံးမှာဖြစ်နေပြီ။ အခုပွဲမှာ ကျွန်တော်က And Still ဖြစ်မယ်လို့ သုံးသပ်မိပါတယ်။ Sean Strickland ကို မေ့ထားလိုက်ပါမယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - ESPN Photo Credit - UFC ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati