
အပျင်းပြေပါ။ မအိပ်သေးတဲ့ စာဖတ်သူတွေ ဖတ်စေသတည်း။ UFC အဖွဲ့အစည်းမှာ Michael Chandler က လူကြိုက်များတဲ့ ကစားသမားဆိုတာ အငြင်းပွားဖွယ်မရှိပါဘူး။ (၆) ပွဲကစားထားပြီး (၅) ပွဲအပိုဆုကြေးရထားတယ်။ နိုင်ရင် စွမ်းဆောင်ရည်အပိုဆုကြေးရပြီး ရှုံးရင်လည်း အကောင်းဆုံးတွဲဆိုင်းအပိုဆုကြေးရတယ်။ အခုချိန်ထိလည်း ပွဲကြမ်းတွေချည်း ထိုးခဲ့တာပါ။ ဒီနေရာမှာ ထောက်ပြဖို့ရှိတယ်။ Michael Chandler က ညစ်တတ်လား။ ဒါက အရပ်စကားပြောတာပါ။ ဥပဒေပြင်ပကစားတတ်လားဆိုတာ ပြောစရာဖြစ်လာပြန်တယ်။ ညစ်တာ ဟုတ်ချင်လည်း ဟုတ်မယ်၊ ဟုတ်ချင်မှလည်း ဟုတ်လိမ့်မယ်။ ဒါပေမယ့် ဥပဒေပြင်ပလုပ်ရပ်ကို သေချာတွေ့ဖူးတာ အမှန်ပဲ။ ဘယ်တုန်းက စတွေ့ဖူးသလဲဆိုရင် Michael Chandler နဲ့ Dustin Poirier တွဲဆိုင်းမှာပါ။ Michael Chandler က Dustin Poirier ကို ဝင်လုံးပြီး ထုထောင်းနိုင်ပေမယ့် နောက်ဆုံးအချီမှာ အမှားလုပ်မိပြီး ပွဲသိမ်းခံလိုက်ရပါတယ်။ ဒါကလည်း တွဲဆိုင်းကို ပြန်မြင်ရအောင် ပြန်နွှေးပေးရတာပါ။ အဲဒီမှာ သတိထားမိတယ်။ ပူးကပ်နေတုန်းမှာ Michael Chandler က Dustin Poirier ရဲ့ လက်အိတ်ကြားကို ကိုင်ထားတယ်ဆိုတာပဲ။ အဲဒီတော့ Dustin Poirier က ပြန်ထိုးလို့ မရဘူးလေ။ ရုပ်သံထဲမှာ ရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်။ အင်တာဗျူးမှာ Dustin Poirier က Michael Chandler ကို စိတ်ဆိုးနေတယ်။ ပြိုင်ဘက်မို့လို့ စိတ်ဆိုးတာ မဟုတ်ပါဘူး။ ဝင်လုံးပြီး နှာခေါင်းကို ဆွဲလှန်တယ်တဲ့။ Fish Hooking လုပ်တာကို ပြောတာပါ။ အဲဒါက ဥပဒေပြင်ပလုပ်ရပ်ပါ။ Michael Chandler က Dustin Poirier ကို နောက်ကနေ ဝင်လုံးထားပါတယ်။ Rear Naked Choke ဖြစ်မှာစိုးလို့ Dustin Poirier က ခေါင်းငုံ့ပြီး လည်ပင်းနဲ့ ရင်ညွန့်ကို ကပ်ထားလိုက်တယ်။ နောက်ကနေ Michael Chandler က နှာခေါင်းပေါက်ကို အပေါ်ဆွဲလှန်ပြီး လည်ပင်းညှစ်ဖို့ ကြိုးစားတာပါ။ Dustin Poirier ပြောမှ ပြန်ကြည့်မိတယ်။ အဲဒါက တကယ်ပဲ။ Dustin Poirier က ခေါင်းငုံ့ထားလို့သာ တိုက်ရိုက်ကြည့်တုန်းက မသိသာတာပါ။ Michael Chandler နဲ့ Charles Oliveira ဒုတိယပွဲမှာလည်း ဥပဒေပြင်ပလုပ်ရပ်ကို မြင်လိုက်ရတယ်။ ပထမအချီမှာ Charles Oliveira က Michael Chandler ကို ဝင်လုံးပြီး သံဇကာဘေးမှာ ဖိထားလိုက်တယ်။ အဲဒီအချိန်မှာ Michael Chandler က Charles Oliveira ရဲ့ ဦးခေါင်းနောက်ပိုင်းကို ပြန်ထိုးချတယ်။ ပါဝါမပြင်းပေမယ့် အချက်မနည်းဘူး။ နောက်ဆုံးအချီမှာလည်း Charles Oliveira ရဲ့ ဦးခေါင်းနောက်ပိုင်းကို Hummer Fist ထိုးတာ တွေ့လိုက်ရတယ်။ ကျွန်တော့်ကိုသာ Fish Hooking လာလုပ်ရင် Michael Chandler ရဲ့ လက်ချောင်းတွေကို ကိုက်ဖဲ့ပစ်မယ်လို့ Paddy Pimblett က ကြုံးဝါးနေတယ်။ ဗြိတိန်အာကျယ် Paddy Pimblett က Mini Mike Tyson ဖြစ်ချင်သလား မသိပါဘူး။ ဥပဒေပြင်ပလုပ်ရပ်တွေကြောင့် ဝေဖန်ခံရပေမယ့် Michael Chandler က ငြင်းဆိုထားပါတယ်။ မတော်တဆသဘောပါတဲ့။ တကယ်ညစ်၊ မညစ်ဆိုတာ သူကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - Full Violence Photo Credit - UFC ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati