
ကင်မရွန်းဗလကြီး Francis Ngannou က Israel Adesanya ကို ဝန်းရံပေးနေတယ်။ အာဖရိကတိုက်သားအချင်းချင်း စည်းလုံးပါတယ်။ (၆) နှစ်အတွင်းမှာ Israel Adesanya က UFC PPV Event ရဲ့ ခေါင်ပွဲတွေချည်းပဲ ဆက်ထိုးလာတာပါ။ PPV Amount ရဲ့ အကျိုးအမြတ်တွေကိုပါ ခံစားရတာမို့ ဒေါ်လာသန်းဆယ်ချီရလိုက်တယ်။ အခုဆိုရင် နောက်ဆုံး (၄) ပွဲမှာ (၃) ပွဲရှုံးတာမို့ UFC Fight Night ပြိုင်ပွဲကိုပါ ဆင်းထိုးရပါပြီ။ ရလဒ်နဲ့ အကျိုးအမြတ်က တိုက်ရိုက်အချိုးကျနေတယ်။ တကယ်ဆိုရင် Israel Adesanya က ခေါင်ပွဲမင်းသားပါ။ UFC အဖွဲ့အစည်းမှာ ခေါင်ပွဲ (၁၄) ကြိမ်ထိုးဖူးတယ်။ သူ့ထက်များတာဆိုလို့ Anderson Silva (၂၁ ကြိမ်) ၊ Jon Jones (၁၉ ကြိမ်) ၊ Randy Couture (၁၈ ကြိမ်) နဲ့ Tito Ortiz (၁၆ ကြိမ်) တို့ပဲ ရှိလိမ့်မယ်။ အခုလည်း Israel Adesanya က ခေါင်ပွဲပါပဲ။ UFC Fight Night ပြိုင်ပွဲမို့လို့သာ အဆင့်နိမ့်သွားတာပါ။ ရလဒ်မကောင်းပေမယ့် Israel Adesanya က UFC Middleweight Ranking မှာ အဆင့် (၂) ဖြစ်နေဆဲပါ။ ဒါဂတ်စတန်နွယ်ဖွား ပြင်သစ်သား အဆင့် (၅) Nassourdine Imavov ကိုနိုင်ရင် ထိပ်ပိုင်းပြန်တက်လာလိမ့်မယ်။ စိတ်ဝင်စားဖို့ကောင်းတာ ရှိသေးတယ်။ Israel Adesanya နဲ့ Robert Whittaker တို့က ချစ်ကြည်ရေးယူထားတယ်။ မဟာပြိုင်ဘက်တွေ ဖြစ်ခဲ့ဖူးပေမယ့် တတိယပွဲပြန်မထိုးတော့ဘူးတဲ့။ ဇန်နဝါရီလဆန်းတုန်းက နယူးဇီလန်နိုင်ငံမှာ အတူလေ့ကျင့်နေကြတယ်။ Nassourdine Imavov က Well Rounded ဖြစ်ပြီး တိုက်စစ်၊ ခံစစ်မျှပါတယ်။ Striking က Israel Adesanya အဆင့်မဟုတ်ပေမယ့် အတိုင်းအတာတစ်ခုထိ ယှဉ်ထိုးနိုင်လိမ့်မယ်။ အခုချိန်က Israel Adesanya အတွက် ကံဇာတာအကျပိုင်းရောက်နေတာပါ။ Nassourdine Imavov ကိုနိုင်ဖို့ သိပ်မလွယ်ဘူး။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ရလဒ်ခန့်မှန်းချက်တွေအပြင် တခြားဉာဏ်စမ်းမေးခွန်းလေးတွေ ပါဝင်ပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati