
မတ်လ (၈) ရက်နေ့မှာ ကျင်းပမယ့် UFC 313 ပြိုင်ပွဲမှာ Joshua Van နဲ့ Rei Tsuruya တို့က ဖလိုင်းဝိတ် (၁၂၅ ပေါင်) တန်းမှာ ကစားကြပါမယ်။ မူလတုန်းက Joshua Van နဲ့ Bruno Silva တွဲဆိုင်းဖြစ်ပေမယ့် Bruno Silva နှုတ်ထွက်သွားလို့သာ ဂျပန်လေး Rei Tsuruya က လူစားဝင်ထိုးရတာပါ။ ဂျပန်လေး Rei Tsuruya က အသက် (၂၂) နှစ်ဖြစ်ပြီး အရပ် (၅) ပေ (၆) လက်မပါ။ လက်တံ (၆၈) လက်မရှိတာမို့ အတော် Reach ကောင်းတဲ့ ကစားသမားလို့ ဆိုနိုင်ပါတယ်။ Road to UFC ပြိုင်ပွဲမှာ လက်ရည်စစ်ပွဲအောင်မြင်ပြီး UFC Contract ရသွားတာပါ။ ကြေးစားဘဝမှာ (၁၀) ပွဲလုံးနိုင်ထားပြီး ရှုံးပွဲမရှိသေးပါဘူး။ အမေရိကန်ချင်းလေး Joshua Van က (၁၂) ပွဲနိုင်ပြီး (၂) ပွဲရှုံးထားပါတယ်။ အသက်အားဖြင့် ပိန်မသာ လိမ်မသာဖြစ်ပေမယ့် ရုပ်ပိုင်းဆိုင်ရာအားဖြင့် Rei Tsuruya က ပိုကောင်းပေမယ့် (၃) ပတ်အလိုလောက်မှ လူစားဝင်ထိုးရတာပါ။ ဒီအချက်က ဂျပန်လေးမှာ အားနည်းနိုင်ပါတယ်။ ဖလိုင်းဝိတ်တန်းမှာ Joshua Van က အကောင်သေးသေး၊ လက်တံတိုတိုဆိုပေမယ့် လျင်မြန်မှုကြောင့် Takedown Defense ကောင်းမွန်နေပြီး UFC အဖွဲ့အစည်းမှာလည်း အတွေ့အကြုံအတော်အသင့်ရထားပါတယ်။ ပြိုင်ဘက်ပြောင်းသွားတာမို့ Joshua Van လည်း တိုင်ပတ်တာပါပဲ။ ပွဲရက်ကပ်သွားပြီမို့ Rei Tsuruya က ပိုရုန်းကန်ရနိုင်ပါတယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - Marcel Dorff Photo Credit - MMA Orbit ကျော်စိုးအောင် (Myanmar Fight Edition)
© COPYRIGHTS 2024 by illuminati