
UFC အဖွဲ့အစည်းမှာ ပွဲကူးအကြမ်းဆုံး ကစားသမားက Kevin Holland ပဲ။ အရွယ်လေးကလည်းရှိ၊ ဒဏ်ရာကလည်း ကင်းဆိုတော့ ပွဲရသလောက်ထိုးတယ်။ (၃) နှစ်အတွင်းမှာ (၁၀) ပွဲထိုးထားတာ နည်းတာမှ မဟုတ်တာပဲ။ ဒါပေမယ့် ရလဒ်မတည်ငြိမ်တော့ ပရိသတ်တွေက သိပ်အသိအမှတ်မပြုကြဘူး။ အခုလည်း Kevin Holland က Reinier de Ridder ကိုရှုံးပြီး ရက်ပိုင်းအတွင်းမှာ ပွဲရသွားပြီ။ နိုင်ထားတဲ့ Reinier de Ridder တောင် နောက်ပွဲမရသေးဘူး။ မတ်လ (၂၂) ရက်နေ့မှာ Kevin Holland နဲ့ Gunnar Nelson တို့က လန်ဒန်မြို့မှာ ကစားကြမယ်တဲ့။ မစ်ဒယ်ဝိတ်တန်းမှာ ရလဒ်မကောင်းလို့ Kevin Holland က ဝယ်တာဝိတ်တန်းကို ပြန်ဆင်းလာပြီ။ Kevin Holland က ထိုးကြေးမဆိုးဘူး။ ဒေါ်လာ (၂) သိန်းခွဲလောက်ရတယ်။ ပရိသတ်တွေက ဘယ်လိုမြင်သလဲ။ ဒီဘဲက ရလဒ်ကို ဂရုမစိုက်ဘူးတဲ့။ ထိုးကြေးရဖို့ပဲ လာထိုးတာတဲ့။ အဲလိုမြင်ကြတယ်။ ကွန်ဖူးလေအိုးက (၂) ပွဲဆက်ရှုံးတဲ့ အနေအထားရှိတယ်။ အခုဆိုရင် (၂) ပွဲဆက်ရှုံးထားပြီမို့ ပြန်နိုင်ရမယ့် အလှည့်ကို ရောက်ပါပြီ။ အိုက်စလန်သား Gunnar Nelson က (၃၆) နှစ်ရှိပါပြီ။ ပွဲမထိုးတာလည်း (၂) နှစ်လောက်ရှိပြီ။ အခုမှသာ တစ်ကျော့ပြန်ထိုးတာပါ။ Kevin Holland လည်း အနိုင်ရလဒ်ပြန်ယူဖို့ လိုအပ်နေပါပြီ။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ Application ထဲမှာ ဂိုးရလဒ်ခန့်မှန်းချက်တွေအပြင် တခြားဉာဏ်စမ်းမေးခွန်းလေးတွေ ပါပါသေးတယ်။ ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati