
Seksan နဲ့ စိုးလင်းဦးတို့က (၁၄၂) ပေါင်မှာ ညှိနှိုင်းပြီး ကစားကြဖို့ စီစဉ်ထားတာပါ။ ဖလိုင်းဝိတ် (၁၃၅ ပေါင်) နဲ့ ဘင်တန်ဝိတ် (၁၄၅ ပေါင်) မဟုတ်ဘဲ ကြားထဲက (၁၄၂) ပေါင်မှာ ညှိနှိုင်းပြီး ကစားကြမှာမို့ Catchweight လို့ သတ်မှတ်ပါတယ်။ ONE Championship မှာ ကစားသမားတွေကို ဆီးစစ်တယ်။ ဆီးထဲမှာ ရေဓာတ်ဘယ်လောက်ရှိနေလဲဆိုပြီး Urine Specific Gravity Test တန်ဖိုးကို တိုင်းတာပါ။ အဲဒါကို Hydration Test လုပ်တယ်လို့ ခေါ်တယ်။ ရလဒ်က ၁.၀၂၅ ထက် ပိုလို့မရဘူး။ ပိုရင် ဆီးထဲမှာ ရေဓာတ်နည်းတယ်၊ ကြံ့ခိုင်မှုမပြည့်ဘူးလို့ ကောက်ချက်ချပါတယ်။ Hydration Test အောင်ရင် ဝိတ်ချိန်တယ်။ မအောင်ရင် ဝိတ်ချိန်တဲ့အဆင့်ကို မရောက်တော့ဘူး။ ပထမအကြိမ်မှာ စိုးလင်းဦးရဲ့ Urine Specific Gravity Test တန်ဖိုးက ၁.၀၂၅ ထက် ပိုနေတယ်။ Hydration Test မအောင်ဘူး။ ပြောရရင် (၁၄၂) ပေါင်ရအောင် ဝိတ်ချလိုက်လို့ Hydration Test မအောင်တာပါ။ Hydration Test အောင်ဖို့ ရေပြန်သောက်ပြီး ပြန်တိုင်းတာ အောင်တယ်။ Hydration Test အောင်ပေမယ့် (၁၄၂.၅) ပေါင်ဖြစ်သွားတယ်။ Seksan က ဝိတ်အဆင်ပြေပါတယ်။ ဒါက အကြမ်းဖျင်းရှင်းပြတာပါ။ Seksan နဲ့ စိုးလင်းဦးတို့က (၁၄၂.၅) ပေါင်မှာ ညှိနှိုင်းပြီး ကစားကြပါမယ်။ ဝိတ်ပိုလို့ စိုးလင်းဦးက ထိုးကြေးရာခိုင်နှုန်းတချို့ကို Seksan ဆီမှာ ပေးရမယ်။ အလဲထိုးနိုင်လည်း စိုးလင်းဦးက အပိုဆုကြေးမရပါဘူး။ အရင် (၄) ပွဲလုံးမှာ ဘင်တန်ဝိတ် (၁၄၅ ပေါင်) တန်းမှာ ကစားနေကြပါ။ (၃) ပေါင်လျှော့ပြီး Catchweight လုပ်လိုက်တာ အခက်အခဲဖြစ်သွားပုံပေါ်တယ်။ ဒဏ်ရာကြောင့် လေ့ကျင့်မှုရပ်နားထားချိန်မှာ ဝိတ်တက်လာတာကြောင့်လည်း အကျုံးဝင်ပါတယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ Application ထဲမှာ ဂိုးရလဒ်ခန့်မှန်းချက်တွေအပြင် တခြားဉာဏ်စမ်းမေးခွန်းလေးတွေ ပါပါသေးတယ်။ ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ bit.ly/3PI6Olm ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati