
ဘရာဇီးဖိုက်တာ Tallison Teixeira က UFC Heavyweight Ranking မှာ အဆင့် (၁၅) ဖြစ်လာပါတယ်။ ကြေးစားဘဝမှာ ရှုံးပွဲမရှိသေးဘဲ (၈) ပွဲနိုင်ထားပါတယ်။ UFC 312 ပြိုင်ပွဲမှာ Tallison Teixeira က Justin Tafa ကို အလဲထိုးပြီး Ranking ဝင်သွားတာပါ။ ပွဲဦးထွက်မှာတင် အပိုဆုကြေးလည်း ရလိုက်ပါတယ်။ တကယ်ဆိုရင် Tallison Teixeira က DWCS ပြိုင်ပွဲမှာ အနိုင်ရပြီး UFC Contract ရသွားတာပါ။ UFC အဖွဲ့အစည်းမှာ (၁) ပွဲနိုင်ပြီး အခုလို Ranking ဝင်သွားတာ ဖြစ်ပါတယ်။ တက်ချင်တော့လည်း စောစောတက်သွားတာပါ။ အဆင့်ဆင့်မတက်ဘဲ စီနီယာတွေကို ကျော်ခွပြီး ခုန်တက်သွားတာပါ။ အတွေ့အကြုံနည်းသေးတာက ခက်တယ်။ Tallison Teixeira က အသက် (၂၅) နှစ်ပဲရှိသေးပြီး ဝါနုသေးပါတယ်။ ကြေးစားထိုးတာလည်း (၃) နှစ်ကျော်လောက်ပဲရှိသေးတယ်။ Ranking ဝင်သွားပြီဆိုတော့ နောက်ထပ်နိုင်ပွဲဆက်လာရင် ထိပ်ပိုင်းတက်လာဦးမှာပဲ။ အရပ်က (၆) ပေ (၇) လက်မဖြစ်ပြီး လက်တံက (၈၃) လက်မဖြစ်ပါတယ်။ ဝိတ်က (၂၆၃) ပေါင်ရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အားသာချက်ကြီးမားတဲ့ ဖိုက်တာပါ။ Tallison Teixeira က Skill ပိုင်းလိုပါသေးတယ်။ ဒါပေမယ့် အသက်ငယ်သေးလို့ အားနည်းချက်တွေ ဖာထေးဖို့ အချိန်အများကြီးရှိပါသေးတယ်။ (၂၅) နှစ်ဆိုတာ ဟဲဗီးဝိတ်တန်းမှာ ချာတိတ်ပဲရှိပါသေးတယ်။ အပေါ်ထပ်မှာ ဘယ်သူတွေရှိဦးမလဲ။ Tai Tuivasa တို့လို ရုပ်ပိုင်းဆိုင်ရာ အားနည်းတဲ့ ဖိုက်တာတွေကို ကျော်ဖြတ်နိုင်ရင် အဆင့် (၁၀) လောက်တော့ အနည်းဆုံးရောက်နိုင်ပါတယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - UFC Photo Credit - Getty Images ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati