
Michael Venom Page နဲ့ Sharabutdin Magomedov တို့က မစ်ဒယ်ဝိတ်တန်းမှာ ကစားကြမယ်ဆိုတော့ ဗြိတိန်ကွန်ဖူးမင်းသားအတွက် စိတ်ပူမိတယ်။ ဝိတ်တန်းအသစ်မှာ အဆင်ပြေနိုင်ပါ့မလား။ ရင်ဆိုင်ရမယ့် ဖိုက်တာက ဒါဂတ်စတန်ငကြမ်း Sharabutdin Magomedov လေ။ ရှုံးပွဲရှိသေးတာလည်း မဟုတ်ဘူး။ တကယ်တမ်းကျတော့ Michael Venom Page က ထင်ထားတာထက် ပိုကောင်းနေတယ်။ ဝိတ်တန်းတက်ထိုးပေမယ့် သွက်လက်ချက်ပဲ။ မစ်ဒယ်ဝိတ်တန်းလို့ မယုံကြည်နိုင်လောက်အောင် သွက်လက်လျင်မြန်နေတယ်။ Sharabutdin Magomedov က Michael Venom Page ရဲ့ အမြန်နှုန်းကို လိုက်မမီပါဘူး။ (၁၅) မိနစ်လုံးမှာ ရုန်းကန်ရတယ်။ တတိယအချီမှာ နည်းနည်းပိုကောင်းလာပေမယ့် ဆေးမမီဘဲ အရှုံးပေးလိုက်ရတယ်။ တကယ်ဆိုရင် Michael Venom Page က မစ်ဒယ်ဝိတ်တန်းမှာ ကစားဖူးတယ်။ ဒါကလည်း ဟိုးလွန်ခဲ့တဲ့ (၁၂) နှစ်လောက်တုန်းက ထိုးဖူးတာပါ။ နောက်ပိုင်းမှာ ဝယ်တာဝိတ်တန်းမှာပဲ ကစားပြီး နာမည်ကြီးလာတာပါ။ UFC အဖွဲ့အစည်းရဲ့ ဝယ်တာဝိတ်တန်းမှာ နပန်းသမားတွေ များနေတယ်။ အစောပိုင်းမှာ Michael Venom Page က Kevin Holland ကိုနိုင်ပေမယ့် Ian Garry ကို ရှုံးပြန်တယ်။ Ian Garry ရဲ့ Ground Game က ထိပ်တန်းအဆင့်မဟုတ်တာတောင် Michael Venom Page က မကျော်နိုင်ပါဘူး။ ကိုယ့်အခြေအနေကို ကိုယ်သိတယ်ထင်တယ်။ မစ်ဒယ်ဝိတ်တန်းကို ပြောင်းလာလိုက်တယ်။ မစ်ဒယ်ဝိတ်တန်းမှာ Striker တွေများတယ်လေ။ Sharabutdin Magomedov ကိုနိုင်ပြီး တာထွက်လှသွားပါပြီ။ မစ်ဒယ်ဝိတ်တန်းမှာ ဆက်အောင်မြင်ဦးမလား စောင့်ကြည့်ဦးမယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - ESPN Photo Credit - UFC ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati