
Alex Pereira နဲ့ Magomed Ankalaev တို့က တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် (၁၁) နာရီ (၄၅) မိနစ်လောက်မှာ ကစားနိုင်ပါတယ်။ ရှေ့ထွက်တွဲဆိုင်းတွေရဲ့ ကြာချိန်ကို မူတည်သေးတာမို့ ခန့်မှန်းခြေကို ပြောရတာပါ။ ပရိသတ် (၂) သောင်းလောက်ဆန့်တဲ့ နာမည်ကျော် T-Mobile Arena အားကစားရုံကြီးမှာ ထိုးကြလိမ့်မယ်။ Alex Pereira ကို ရင်ဆိုင်ဖို့ နပန်းချည်းပဲ လေ့ကျင့်နေတာ မဟုတ်ဘူး။ နပန်းရော Striking ပါ ပြင်ဆင်ထားပါတယ်။ ကျွန်တော့်တပည့် Magomed Ankalaev ကလည်း Striking ကောင်းပါတယ်ဆိုပြီး နည်းပြ Sukhrab Magomedov က ဆိုထားပါတယ်။ Magomed Ankalaev ရဲ့ Striking ကလည်း အံ့သြစရာကောင်းလိမ့်မယ်တဲ့။ ဟုတ်ပါတယ်။ ဒါဂတ်စတန်သား Magomed Ankalaev က စွယ်စုံရတာပါ။ နပန်းထက် Striking ပိုအားသန်ပေမယ့် ပြိုင်ဘက်ပေါ်မူတည်ပြီး Switch လုပ်တတ်ပါတယ်။ ကစားဟန်လည်း ကြည့်ကောင်းပါတယ်။ အလုံးအထည်ကို အရင်ဆုံးပြောရအောင်။ ပွဲဝေးရင် Alex Pereira က (၂၃၅) ပေါင်လောက်ရှိတယ်။ (၂၀၅) ပေါင်အထိ ဝိတ်ချထိုးတာပါ။ ပွဲတွင်းဝိတ်က (၂၃၀) ပေါင်ရှိတယ်တဲ့။ ရေဓာတ်ဖြည့်လိုက်တာ (၂၅) ပေါင်တက်လာတယ်။ တော်တော်ထွားတာပါ။ Magomed Ankalaev က (၂၂၀) ပေါင်ရှိတယ်တဲ့။ သူလည်း ဝိတ်ချထိုးတာပါ။ ပွဲတွင်းဝိတ်က (၂၁၀) ပေါင်ကျော်မှာပဲ။ Alex Pereira က အလုံးအထည်ပိုကြီးပါတယ်။ အရင်ပွဲမှာ Magomed Ankalaev က Aleksandar Rakic ထက်တောင် သေးနေတယ်။ Alex Pereira ရင်ဆိုင်ဖူးတဲ့ နပန်းအကောင်းဆုံးဖိုက်တာက Magomed Ankalaev ဖြစ်ပါတယ်။ ဒါကိုလည်း ရှင်းရှင်းလင်းလင်းမြင်နေရတယ်။ Jan Blachowicz တောင် Alex Pereira ကို (၃) ကြိမ်ဆွဲလှဲနိုင်ခဲ့တယ်။ ဒါဆိုရင် Magomed Ankalaev လည်း Alex Pereira ကို ဆွဲလှဲနိုင်မှာပဲ။ တစ်ချီမဟုတ်၊ တစ်ချီမှာ ပါသွားနိုင်တယ်။ ဒါက သေချာတယ်။ အချီတိုင်းမှာ ဆွဲလှဲခံရရင် တိုင်ပတ်သွားနိုင်တယ်။ ချုပ်ကွက်မဖြစ်နိုင်ပေမယ့် အမှတ်လျော့သွားမှာပဲ။ ဒီနေရာမှာ Magomed Ankalaev ရဲ့ Takedown အကြောင်းပြောရအောင်။ တချို့နပန်းသမားတွေက ဖိန့်ပြီး ဝင်လုံးတာပါ။ ဒါဆိုရင် ပြိုင်ဘက်က ပြန်ရုန်းဖို့ ခက်ခဲတယ်။ ဒါပေမယ့် ဆရာသမားက အလွတ်ကြီးဝင်လုံးတတ်တယ်။ အဲဒါကြောင့်မို့ Takedown Accuracy က (၃၁) ရာခိုင်နှုန်းပဲရှိတာပါ။ ဒီအချက်က တော်တော်ဆိုးတယ်။ အကြိမ် (၁၀၀) ဝင်လုံးမှသာ (၃၁) ကြိမ်ပဲ အောင်မြင်တဲ့သဘော။ အဲလောက်က အဆင်မပြေဘူး။ Magomed Ankalaev က ခြေထွက်လက်ထွက်မြန်ပေမယ့် အလေအလွင့်များပါတယ်။ ဒါက Striking အပိုင်း။ ကောင်းပေမယ့် ထိပ်တန်းအဆင့်မဟုတ်ပါဘူး။ Jan Blachowicz ရဲ့ အောက်ခြေကန်ချက်တွေကြောင့် မတ်တတ်မရပ်နိုင် ဖြစ်ရဖူးပါတယ်။ အထူသတိထားရမှာက Alex Pereira ဟာ Leg Kick Specialist ဆိုတာပါပဲ။ အောက်ခြေကန်ချက်တွေကြောင့် Magomed Ankalaev ဒုက္ခရောက်နိုင်တယ်။ Alex Pereira က လက်တံ (၄) လက်မပိုရှည်ပြီး အလုံးအထည်နဲ့ ပါဝါသာနေတယ်။ Magomed Ankalaev က နပန်းလုံးပြီး သက်လုံချွေဖို့ ကြိုးစားမယ်။ Alex Pereira ရဲ့ Takedown Defense ကလည်း အတော်ကောင်းတယ်။ သန်မာတာကြောင့်လည်း ပိုကောင်းသွားတာပါ။ ဝင်လုံးခံရရင် သံဇကာကို အားပြုပြီး ပြန်ထတာပါ။ သက်လုံကျပြီဆိုမှသာ Striking ကစားဖို့များတယ်။ Magomed Ankalaev က Alex Pereira ကို ဝင်လုံးနိုင်ပါတယ်။ အချီတိုင်းမှာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် Leg Kick တွေကြောင့် ဒုက္ခရောက်နိုင်တယ်။ အခုပွဲကိုလည်း ကြာရှည်ကြည့်ရမယ်ထင်တယ်။ ကျွန်တော်က Leg Kick + Left Hook ကိုပဲ မြင်နေတယ်။ နောက်ပိုင်းအချီတွေမှာ Alex Pereira က အလဲထိုးနိုင်မယ်လို့ သုံးသပ်မိပါတယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - ESPN Photo Credit - UFC Europe ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati