
UFC 313 ပြိုင်ပွဲမှာ Joshua Van နဲ့ Rei Tsuruya တို့ကို တည်ပေးထားတယ်။ Joshua Van က (၂၃) နှစ်ဖြစ်ပြီး Rei Tsuruya က (၂၂) ဖြစ်လို့ သူတို့ပေါင်းမှ (၄၅) နှစ်ပဲရှိသေးတာမို့ အသက်ငယ်ဆုံးတွဲဆိုင်းလို့ ပြောရင်လည်း ရပါတယ်။ UFC အဖွဲ့အစည်းရဲ့ သမိုင်းမှာ ၂၀၀၀ ခုနှစ်တွေရဲ့ ပထမဆုံးတွဲဆိုင်းလို့ စာရင်းဝင်ပါတယ်။ Rei Tsuruya ကို ပြောရရင် Ground သမားပါ။ အကွက်ကောင်းစောင့်ပြီး ဝင်လုံးတာပါ။ Double Leg ဖမ်းပြီး Body Triangle Lock ယူတာပါ။ သွားချင်တာက Submission ဖြစ်ပြီး အခွင့်အရေးမရမှသာ ထုထောင်းတာပါ။ နပန်းသမားဆိုတာထက် Grappling ဘက်ကို ပိုရောက်ပါတယ်။ Striking ဘက်ကို ပြောရရင် ယုံကြည်မှုတော်တော်ရှိတဲ့ ချာတိတ်ပါ။ ဂတ်မတင်ဘဲ အလွတ်ကစားတာပါ။ ပြိုင်ဘက်က ထိုးလိုက်ရင်လည်း သူထိိတာပဲ။ Striking က သာမန်ထက် မပိုပါဘူး။ Joshua Van က အကောင်းသေးတယ်ဆိုပေမယ့် အကောင်သေးခြင်းမှာလည်း အားသာချက်ရှိနေပြန်တယ်။ အဲဒါကတော့ လှုပ်ရှားမှုမြန်တာပါ။ ပြိုင်ဘက်က ဝင်လုံးလာရင် ခြေနှစ်ဖက်ကို နောက်ပစ်ပြီး Sprawl လုပ်ထားလိုက်တယ်။ အဲဒါကြောင့် Takedown Defense ကောင်းတာပါ။ ကိုယ်တိုင်က လိုအပ်မှသာ ပြိုင်ဘက်ကို ဝင်လုံးတာပါ။ Striking က ခြေထွက်လက်ထွက်မြန်ပါတယ်။ တစ်မိနစ်အတွင်းမှာ (၈) ချက် (၉) ချက်လောက်ထွက်နေတာပါ။ ခြေထွက်လက်ထွက်မြန်ခြင်းရဲ့ နောက်ကွယ်မှာ အားနည်းချက်လည်း ရှိနေပြန်တယ်။ ပြိုင်ဘက်ကိုပဲ ရှယ်ဗျင်းချင်တော့ Striking Defense ပိုင်း အားနည်းသွားပြန်တယ်။ သူကိုယ်တိုင်လည်း ပြန်ထိပါတယ်။ Rei Tsuruya က Joshua Van ထက် အလုံးအထည်ပိုကြီးပြီး လက်တံပိုရှည်ပါတယ်။ ဒါက လူတိုင်းသိတဲ့ အချက်ပါ။ Rei Tsuruya က လူစားဝင်ထိုးရတယ်ဆိုတာကိုလည်း မေ့မထားသင့်ဘူး။ ဂတ်မတင်ဘဲ ထိုးတာက ပေးဆပ်မှုကြီးမားနိုင်တယ်။ Joshua Van က ဘောက်ဆင်တော်တော်ကောင်းတာပါ။ မျက်နှာကို တဖောင်းဖောင်းထိပါလိမ့်မယ်။ Rei Tsuruya က သေချာပေါက်ဝင်လုံးလိမ့်မယ်။ အချီတိုင်းမှာ ဝင်လုံးခံရရင် Control Time တွေကြောင့် Joshua Van ရှုံးပါမယ်။ အရင်ပွဲတွေမှာလို Joshua Van က လူစားဝင်ကစားသမားမဟုတ်တာမို့ ပြင်ဆင်ချိန်လုံလောက်နေပါတယ်။ ဘောက်ဆင်စကေးက အဆုံးအဖြတ်ဖြစ်လာဖို့များပါတယ်။ အငယ်ဝိတ်တန်းဆိုတော့ လက်ရည်မကွာလွန်းရင် (၃) ချီအတွင်းမှာ အရှုံးအနိုင်ပေါ်ဖို့ မရှိလောက်ဘူး။ ပွဲသိမ်းသွားရင်လည်း နောက်ပိုင်းအချီတွေမှ ဖြစ်နိုင်ပါတယ်။ ကျွန်တော်က အခုပွဲမှာ Joshua Van ကို ပိုကြိုက်ပါတယ်။ လူစားထိုးဖိုက်တာလေး Rei Tsuruya က ဘဲဥကွဲဖို့များပါတယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - ESPN Photo Credit - UFC ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati