
UFC 311 ပြိုင်ပွဲမှာ Reinier de Ridder က Kevin Holland ကို Rear Naked Choke လုပ်ထားပါတယ်။ ပထမအချီမှာတင် ပွဲသိမ်းနိုင်လို့ ဒဏ်ရာကင်းစင်နေပြီး မကြာခင်မှာ နောက်ပွဲထိုးလိမ့်မယ်။ အခုပွဲမှာ ထိုးကြေးဘယ်လောက်ရလဲ။ ဒီနေရာမှာ ထိုးကြေးထုတ်ပြန်ပုံကို အရင်ရှင်းပြမယ်။ ပုံမှန်ဆိုရင် ပြည်နယ်အားကစားကော်မရှင်က ထိုးကြေးကို တရားဝင်မထုတ်ပြန်ဘူး။ UFC 311 ပြိုင်ပွဲမှာ ကယ်လီဖိုးနီးယားပြည်နယ် အားကစားကော်မရှင် အမှုဆောင်ဒါရိုက်တာ Andy Foster က ထိုးကြေးတွေကို မီဒီယာတွေဆီမှာ စာရင်းထုတ်ပြန်လိုက်တယ်။ အဲဒီတော့ ထိုးကြေးတွေက တရားဝင်ဖြစ်ပြီး စိတ်ချယုံကြည်နိုင်ပါတယ်။ ကစားသမားတွေက အခြေခံထိုးကြေး (Base Salary) ၊ အနိုင်ထိုးကြေး (Win Bonus) နဲ့ Incentive Pay နဲ့ PPV Amount ဆိုပြီး ပိုက်ဆံရတယ်။ စွမ်းဆောင်ရည်ကောင်းရင် Fight of the Night နဲ့ Performance of the Night အပိုဆုကြေးထပ်ရသေးတယ်။ ခေါင်ပွဲဖိုက်တာတွေက PPV Amount ပေါ်မူတည်ပြီး ပိုက်ဆံရတာပါ။ အများစုကို အခြေခံထိုးကြေး (Base Salary) နဲ့ အနိုင်ထိုးကြေး (Win Bonus) ဆိုပြီး စာချုပ်ထားတယ်။ အခြေခံထိုးကြေးက ဒေါ်လာ (၁) သိန်း၊ အနိုင်ထိုးကြေးက ဒေါ်လာ (၁) သိန်း။ နိုင်ရင် စုစုပေါင်းထိုးကြေးက ဒေါ်လာ (၂) သိန်းဖြစ်မယ်။ ရှုံးရင် ဒေါ်လာ (၁) သိန်းပဲရမယ်။ နာမည်ကြီးတွေက ထိုးကြေးအပြတ်တောင်းတာပါ။ ရှုံးလည်း ဒီစျေး၊ နိုင်လည်း ဒီစျေးပါ။ Reinier de Ridder ရဲ့ အခြေခံထိုးကြေးက ဒေါ်လာ (၁) သိန်း (၅) ထောင်ဖြစ်ပါတယ်။ စာချုပ်ထဲမှာ အနိုင်ထိုးကြေးပါသေးတယ်။ နောက်ထပ် ဒေါ်လာ (၁) သိန်း (၅) ထောင်တဲ့။ စုစုပေါင်းထိုးကြေး ဒေါ်လာ (၂) သိန်း (၁) သောင်းရပါတယ်။ Incentive Pay က ဒေါ်လာ (၄) ထောင်တဲ့။ Fight of the Night နဲ့ Performance of the Night အပိုဆုကြေးမရပါဘူး။ ဒါဆိုရင် Reinier de Ridder ရဲ့ စုစုပေါင်းဝင်ငွေက ဒေါ်လာ (၂) သိန်း (၁) သောင်း (၄) ထောင်ဖြစ်ပါတယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။
© COPYRIGHTS 2024 by illuminati