
UFC အဖွဲ့အစည်းရဲ့ အမျိုးသားချန်ပီယံ (၈) ယောက်က (၄) နှစ်အတွင်းမှာ ရှုံးပွဲမရှိပါဘူး။ (၅၃) ပွဲနိုင်ပြီး (၁) ပွဲသရေကျထားတယ်တဲ့။ ၂၀၂၁ ခုနှစ်ကနေ လက်ရှိအချိန်ထိ ထည့်တွက်ထားတာပါ။ MMA Pros Pick က တင်ထားတဲ့ အချက်အလက်ကို ESPN MMA ကနေ ဒီဇိုင်းလုပ်ပြီး ပြန်တင်ထားတာပါ။ ဒီနေရာမှာ ထပ်ဖြည့်လို့ ရသေးတယ်။ ဒါကို သေချာကြည့်မိလို့ သတိထားမိတာပါ။ ကျွန်တော်လည်း စိတ်ထဲက မှတ်မိနေလို့ပါ။ ၂၀၂၁ ခုနှစ် မတ်လမှာ Belal Muhammad နဲ့ Leon Edwards တို့က ပထမဆုံးအကြိမ်ကစားခဲ့ကြပြီး Eye Poke ကြောင့် ပွဲပျက်ထားတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ Magomed Ankalaev နဲ့ Johnny Walker တို့က ပထမအကြိမ်ဆုံခဲ့ကြပြီး Illegal Knee ကြောင့် ပွဲပျက်ထားတာပါ။ အဲဒီတော့ တိတိကျကျပြောရရင် (၅၃) ပွဲနိုင်ပြီး (၁) ပွဲသရေကျလို့ (၂) ပွဲပျက်ရလဒ်ဖြစ်ပါတယ်။ ပွဲပျက်မှတ်တမ်းကို ထည့်မတွက်တာဖြစ်လိမ့်မယ်။ ထားလိုက်ပါ။ ချန်ပီယံထဲမှာ Belal Muhammad နဲ့ Merab Dvalishvili တို့က ပြီးခြေပြီးလက်အနည်းဆုံးပဲ။ နိုင်လို့သာ နိုင်တယ်၊ ပွဲသိမ်းနိုင်ပွဲအားနည်းလွန်းတယ်။ အမှတ်ပေးအဆုံးအဖြတ်အထိ ဆွဲခေါ်ကြတဲ့ Decisionator တွေပါပဲ။ နပန်းသမားဆိုပေမယ့် ကြမ်းပြင်ပေါ်မှာ ထုထောင်းပြီး ဒိုင်ပွဲရပ်အောင် ကစားနိုင်တာ မဟုတ်ဘူး။ Ground Control Time ယူပြီး အမှတ်သာသွားတာပါ။ တော်တော်ပျင်းဖို့ကောင်းတဲ့ ဖိုက်တာတွေပါ။ Islam Makhachev နဲ့ Ilia Topuria တို့က အကြမ်းဆုံးဖြစ်ပါတယ်။ ပထမပွဲမှာ Islam Makhachev က Alexander Volkanovski ကို အမှတ်ပြတ်နိုင်ပေမယ့် ဒုတိယပွဲမှာ အလဲထိုးထားပါတယ်။ ။ Islam Makhachev က Dustin Poirier ၊ Charles Oliveira နဲ့ Dan Hooker တို့ကိုလည်း ပွဲသိမ်းထားတာပါ။ Ilia Topuria က Josh Emmett ကို အမှတ်ပြတ်နိုင်ထားတယ်။ Alexander Volkanovski ၊ Max Holloway နဲ့ Bryce Mitchell စတဲ့ တခြားပြိုင်ဘက်တွေကို ပွဲသိမ်းထားတာပါ။ အခုလည်း Ilia Topuria က လိုက်ဝိတ်တက်ဖို့ပြင်နေပြီ။ ကြမ်းကုန်ရမ်းကုန်တော့မယ်။ Ilia Topuria က လိုက်ဝိတ်တန်းမှာ သက်သေပြရဦးမယ်တဲ့။ နိုင်ပွဲရှာပြီးမှ ခါးပတ်လုခွင့်ပေးမယ်လို့ Islam Makhachev က ဆိုထားပါတယ်။ ချက်ချင်းလက်မခံသေးဘူးတဲ့။ ဒါဆိုရင် Islam Makhachev နဲ့ Ilia Topuria တို့က ချက်ချင်းမဖြစ်နိုင်သေးတဲ့သဘောလား။ Dana White ရဲ့ အစီအစဉ်ကို စောင့်ကြည့်ရမှာပဲ။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - MMA Pros Pick Photo Credit - ESPN MMA ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati