
ဧပြီလ (၁၂) ရက်မှာ ကျင်းပမယ့် UFC 314 ပြိုင်ပွဲမှာ Ilia Topuria နဲ့ Alexander Volkanovski တို့ကို ခေါင်ပွဲပေးထားတယ်လို့ သတင်းထွက်နေတယ်။ ဒီသတင်းကို မစ်ဒယ်ဝိတ်ဖိုက်တာ Bo Nickal က ဖွင့်ချလိုက်တာပါ။ ကစားသမားတွေက အတည်မပြုသေးလို့ ကောလာဟလပဲ ရှိပါသေးတယ်။ Ilia Topuria က လိုက်ဝိတ်တက်မယ်လို့ သတင်းထွက်နေတာပါ။ အခုဆိုရင် Alexander Volkanovski က နောက်ဆုံး (၄) ပွဲမှာ (၃) ပွဲရှုံးထားတာမလား။ အဲဒီတော့ ဖယ်သာဝိတ်ခါးပတ်ကို ပြန်လုခွင့်ပေးမလား စဉ်းစားသင့်တယ်။ ဒါပေမယ့် ဆက်စဉ်းစားကြည့်ရအောင်။ လိုက်ဝိတ်တန်းမှာ Islam Makhachev ကိုပဲ ဆက်ရှုံးတာပါ။ ဖယ်သာဝိတ်တန်းမှာ Alexander Volkanovski က Ilia Topuria ကို အခုမှ စရှုံးဖူးတာဖြစ်ပါတယ်။ ဖယ်သာဝိတ်ခါးပတ်ကို (၅) ကြိမ်ကာကွယ်ဖူးတဲ့ အရှိန်အဝါကို ထောက်ရင်လည်း ခါးပတ်လုခွင့်ပြန်ရထိုက်ပါတယ်။ မူလတုန်းက Alexander Volkanovski နဲ့ Diego Lopes သတင်းထွက်နေတာပါ။ ဒါပေမယ့် အခုချိန်မှာ Ilia Topuria နဲ့ Alexander Volkanovski တို့ကို တည်ပေးမယ်ဆိုတော့ မကျေပွဲက ပိုကြည့်ကောင်းမလား မပြောတတ်ပါဘူး။ စိတ်ဝင်စားမိပါတယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ Application ထဲမှာ ဂိုးရလဒ်ခန့်မှန်းချက်တွေအပြင် တခြားဉာဏ်စမ်းမေးခွန်းလေးတွေ ပါပါသေးတယ်။ ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - Bo Nickal Photo Credit - West Till Death ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati