
ညတုန်းက Israel Adesanya နဲ့ Nassourdine Imavov တွဲဆိုင်းကို စောင့်ကြည့်လိုက်တယ်။ ဆော်ဒီအာရေဗျနိုင်ငံမှာ ကျင်းပတာဆိုတော့ ဒေသစံတော်ချိန်အတိုင်း လုပ်တာမို့ အရင်ပွဲတွေလို တနင်္ဂနွေ့မနက်ပိုင်းမဟုတ်တာပါ။ ပွဲပြီးတော့ တော်တော်ညဉ့်နက်နေပါပြီ။ အစတုန်းက ပွဲရလဒ်အပြင် ပွဲပြီးသုံးသပ်ချက်ကို တစ်ခါတည်းတင်မလို့ လုပ်ပေမယ့် မျက်လုံးစပ်နေလို့ အိပ်လိုက်ရတယ်။ အခုမှသာ ပွဲပြီးသုံးသပ်ချက်တင်နိုင်တာပါ။ Israel Adesanya က စွမ်းဆောင်ရည်ကျ၊ မကျမသေချာပေမယ့် (၃) ပွဲဆက်ရှုံးထားတာ အမှန်ပဲ။ အခုပွဲမှာလည်း ထိချက်အသာစီးထိုးထားနိုင်တယ်။ စန်းကျသွားတာ သေချာတယ်။ အစောပိုင်းမှာ အောက်ခြေကန်ပြီး အကွာအဝေးထိန်းထားတယ်။ Nassourdine Imavov က တစ်ချက်တစ်လေပဲ ပြန်ထိုးနိုင်တာပါ။ ဒါပေမယ့် ပထမအချီတစ်ဝက်လောက်မှာ Israel Adesanya က အသက်ရှူသံပြင်းလာတယ်။ သက်လုံကျနေတဲ့ သဘောပဲ။ အသက်ပြင်းပြင်းရှူနေရပါတယ်။ Israel Adesanya က ထောက်လက်သီးတွေ အမြင့်ကန်ချက်တွေသုံးထားတယ်။ Nassourdine Imavov က ဝင်လုံးဖို့ ကြိုးစားပေမယ့် အရာမထင်ဘူး။ Israel Adesanya က Takedown Defense တော်တော်ကောင်းပါတယ်။ ပထမအချီမှာ Nassourdine Imavov က ဘာမှလုပ်မပြနိုင်ဘူး။ Israel Adesanya ကပဲ အသာစီးလုပ်သွားတာပါ။ သက်လုံကျပြီး နှေးသွားတာက အားနည်းချက်ပဲ။ ဒုတိယအချီမှာ Israel Adesanya က ချွေးရွှဲနေပြီ။ Nassourdine Imavov က ပုံမှန်အတိုင်းပဲရှိသေးတယ်။ Israel Adesanya ရဲ့ လှုပ်ရှားမှုတွေက ပထမအချီလောက် မမြန်တော့ဘူး။ သိပ်မကြာခင်မှာပဲ Nassourdine Imavov ရဲ့ Right Overhand က တည့်တည့်ထိသွားတယ်။ Israel Adesanya က လဲကျသွားပေမယ့် ပြန်ထဖို့ ကြိုးစားမိတယ်။ အဲဒီအချိန်မှာ Nassourdine Imavov ရဲ့ ဘယ်ပင့်လက်သီးဆက်ထိတယ်။ Israel Adesanya က ကြမ်းပြင်ပေါ်မှာ ဝမ်းလျားမှောက်နေတဲ့အချိန်မှာ Nassourdine Imavov က နှစ်ချက်သုံးချက်လောက် ဆင့်ထိုးနေတယ်။ ကြိုးဝိုင်းဒိုင် Marc Goddard က ပွဲရပ်လိုက်ပါတယ်။ Israel Adesanya က စောဒကတက်ချင်သလိုလိုဖြစ်နေတယ်။ ကြိုးဝိုင်းဒိုင် Marc Goddard က ပွဲရပ်တာစောတယ်လို့ ဝေဖန်ခံရဖူးတယ်။ Alex Pereira နဲ့ Israel Adesanya ပထမပွဲမှာလည်း ဝေဖန်ခံရတယ်။ Sean O'Malley နဲ့ Aljamain Sterling ပွဲမှာလည်း နည်းနည်းစောတယ်လို့ ခံစားမိတယ်။ Alex Pereira နဲ့ Jiri Prochazka ပထမပွဲတုန်းက အပြောခံရဖူးတယ်။ Israel Adesanya နဲ့ Nassourdine Imavov တွဲဆိုင်းမှာ စောတယ်လို့ မမြင်ပါဘူး။ Israel Adesanya က ဝမ်းလျားမှောက်နေသလိုဖြစ်နေတယ်။ ဆက်လွှတ်ပေးရင် ဆက်နာနိုင်တယ်။ စက္ကန့်ပိုင်းလေး ဆက်လွှတ်ပေးရင် အခုလို အသံထွက်မှာ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် မစ်ဒယ်ဝိတ်နန်းကျဘုရင်ကြီးက သုံးပွဲဆက်ရှုံးသွားပါပြီ။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - ESPN Photo Credit - UFC ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati