
ONE 170 ပြိုင်ပွဲမှာ သန့်ဇင်နဲ့ Suriyanlek တို့က ဒုတိယမြောက်ပွဲစဉ်ဆိုတော့ ခပ်စောစောလေး ကြည့်ရပါမယ်။ ခဏခဏရေးပြီးသားဆိုတော့ အချက်အလက်ဘာညာထည့်မရေးတော့ဘူး။ Suriyanlek က ကြယ်လင်းအောင်အသေးစားလေးပါ။ ဒီထက်မြင်လွယ်အောင်ပြောရရင် စောဒါဝိတ်ကို နည်းစနစ်ထပ်ဖြည့်ထားတဲ့ပုံစံလေးပါ။ Right Overhand တော်တော်ကောင်းတယ်။ သန့်ဇင်က ဘာနဲ့တူသလဲဆိုရင် ရွှေခါးပတ်ချန်ပီယံ တွေ့မရှောင်နဲ့ ဘူးကြက် ရာမာန်ပေါင်းထားသလိုပါ။ တွေ့မရှောင်လို ပရိသတ်အကြိုက် ထိုးသလို အထိနာသွားရင် ရာမာန်လို ဆင်းပြေးတာမျိုးပါ။ တစ်ခါသေဖူး ပျဉ်ဖိုးနားလည်တဲ့။ Takeru ကို ဘာလို့အလဲထိုးရှုံးသလဲဆိုတာ သန့်ဇင်လည်း အခုချိန်မှာ နားလည်လောက်ပါပြီ။ ဒါမှနားမလည်သေးရင်လည်း ဆက်ရှုံးဖို့ရှိတယ်။ ကိုယ့်ထက် အတွေ့အကြုံမြင့်ပြီး မာဂုဏ်ကောင်းတဲ့ ဖိုက်တာကို ဆိုင်ထိုးမိရင် ရလဒ်မကောင်းတတ်ပါဘူး။ အခုပွဲမှာ Suriyanlek ကိုလည်း ဆိုင်ထိုးဖို့ မသင့်တော်ဘူး။ ဆိုင်ထိုးရင် သန့်ဇင်ပဲ အရင်ကျမှာပါ။ Suriyanlek က အတင်းလိုက်ပြီး ဖိအားပေးလိမ့်မယ်။ Suriyanlek က ဖလိုင်းဝိတ် (၁၃၅ ပေါင်) တန်းမှာ အရပ်ပုတယ်။ အရပ်ပုသလို လက်တံတိုတယ်။ ဒါက ရုပ်ပိုင်းဆိုင်ရာအားနည်းချက်မို့လို့ ဘယ်လိုမှ ပြင်လို့မရဘူး။ ဒီအချက်ကို သန့်ဇင်က အခွင့်ကောင်းယူနိုင်ရင် အကျိုးရှိပါမယ်။ တည့်တည့်ရေးရရင် ခွာကစားစေချင်တာပါ။ သန့်ဇင်က အောက်ခြေကန်ချက်ကောင်းပါတယ်။ အောက်ခြေလေးတွေ တဖြောင်းဖြောင်းကန်ပေး၊ ထောက်ထိုးလိုက် ပြန်ဆုတ်လိုက်လုပ်ပေးရင် အမှတ်သာနိုင်တယ်။ ရှင်းအောင်ပြောရရင် နိုင်ဖို့ပဲ အဓိကထားပါဦး။ ပြိုင်ဘက်က မဟန်တော့ဘူးဆိုမှသာ အလဲထိုးဖို့ ကြိုးစားသင့်တယ်။ ONE Friday Fights ပြိုင်ပွဲမှာ Suriyanlek က အလဲထိုးမရှုံးဖူးသေးဘူး။ အဲဒီတော့ သန့်ဇင်က Suriyanlek ကို အလဲထိုးဖို့ဆိုတာ ယာယီမေ့ထားစေချင်တယ်။ လှုပ်ရှားမှုသွက်နေအောင်သာ ကြိုးစားပါ။ ဝင်ထိုးလိုက် ပြန်ထွက်လိုက် ခြေကန်လိုက်။ ဒီလိုပဲ လုပ်စေချင်တယ်။ ထိချက်အသာစီးယူသင့်တယ်။ Suriyanlek က ဇွန်ဘီကြီးလို အတင်းလိုက်ထိုးမှာပါ။ ချောင်ပိတ်ထိုးဖို့လည်း ကြိုးစားလိမ့်မယ်။ သန့်ဇင်က ရုပ်ပိုင်းဆိုင်ရာ အားသာချက်ရှိပြီး Suriyanlek က အတွေ့အကြုံနဲ့ မာဂုဏ်သာတယ်။ သန့်ဇင်လည်း အရင်ထက် ပိုပါးနပ်လာမယ်လို့ ကျွန်တော်ယူဆတယ်။ ခွာထိုးစေချင်တယ်။ အားကစားလောကမှာ ကြွေတစ်လှည့် ကြက်တစ်ခုန်ဆိုတာရှိတော့ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ ဘာမဆိုဖြစ်သွားနိုင်တယ်ဆိုရင် ပွဲကြိုသုံးသပ်ချက်ကိုတောင် ရေးဖို့မလိုပါဘူး။ ပွဲကြိုသုံးသပ်ချက်က ဖြစ်တန်စွမ်းများတာကို ရေးရတာပါ။ ရာခိုင်နှုန်းပြောပြီး မတင်မကျမရေးချင်ဘူး။ ကျွန်တော်က အခုပွဲမှာ သန့်ဇင်ကို ယုံကြည်လိုက်ပါမယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ Application ထဲမှာ ဂိုးရလဒ်ခန့်မှန်းချက်တွေအပြင် တခြားဉာဏ်စမ်းမေးခွန်းလေးတွေ ပါပါသေးတယ်။ ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ bit.ly/3PI6Olm ဒေါင်းလုဒ်လုပ်လို့ရပါတယ်။
© COPYRIGHTS 2024 by illuminati