
ပရိသတ်အများစုက Jamahal Hill ကို အမြင်မကြည်တာ များပါတယ်။ ဆရာသမားရဲ့ နေပုံထိုင်ပုံကလည်း လူချစ်ချင်စရာကြီး။ မျက်နှာထားကလည်း ပြောင်ပြနေသလို။ ပြဿနာရှာသလို ပွဲဆူအောင်လည်း ပြောတတ်တယ်။ ပြဿနာရှာတာ ပြောရဦးမယ်။ ဟိုတစ်လောက Jamahal Hill နဲ့ Alex Pereira တို့က UFC Performance Institute မှာ ဆုံကြသေးတယ်။ Jamahal Hill က Alex Pereira ကို ပြဿနာရှာတာပါ။ အခုထိုးမယ်ဘာညာလုပ်ပြီး စိန်ခေါ်တယ်။ နည်းပြ Plinio Cruz က လူခွဲပေးလိုက်လို့သာ အကျယ်အကျယ် မငြိမ်းဖွယ်မဖြစ်တာပါ။ Jiri Prochazka ကို စကားစစ်ထိုးပုံကလည်း သင်းတယ်။ Jamahal Hill က စကားတတ်တယ်လေ။ ဘာပြောတယ်မှတ်လဲ။ ငါတို့တွေက Alex Pereira ကို ရှုံးတာတာပါတဲ့။ ဒါပေမယ့် ရှုံးပုံရှုံးခြင်း မတူဘူးကွတဲ့။ မင်းက တစ်ပွဲလုံးသမခံရတာလေ။ ငါက တစ်ချက်ကောင်းမိပြီး ရှုံးတာတဲ့။ တကယ်ဆိုရင် Jamahal Hill က Jiri Prochazka ကို လေးလေးစားစားရှိပါတယ်။ ပွဲမတိုင်ခင်မှာရော ပွဲအပြီးမှာရော အပြုအမူတွေက သိသာထင်ရှားတယ်။ Alex Pereira ကို ပြဿနာရှာတယ်ဆိုတာကလည်း လူစိတ်ဝင်စားအောင် လုပ်တာဖြစ်လိမ့်မယ်။ ပြီးတော့ Jamahal Hill က ပြတ်သားတယ်။ ဒဏ်ရာကြောင့် ချန်ပီယံဘွဲ့ကို စွန့်လွှတ်လိုက်တာပါ။ Jamahal Hill လူလည်ကျချင်ရင် လွယ်ပါတယ်။ ကျွန်တော်ဒဏ်ရာရနေလို့ ခါးပတ်ကာကွယ်မထိုးနိုင်သေးဘူး။ ကြားဖြတ်ချန်ပီယံလုပွဲ လုပ်ထားပါ၊ ကျွန်တော်အဆင်သင့်ဖြစ်ရင် ခါးပတ်ပေါင်းစည်းပွဲထိုးပါမယ်ဆိုပြီး Dana White ကို တောင်းဆိုလို့ရပါတယ်။ ဒါပေမယ့် သူက အဲဒီလိုမလုပ်ဘူး။ မထိုးနိုင်သေးရင် ချန်ပီယံဘွဲ့ကို တစ်ခါတည်းစွန့်လွှတ်လိုက်တာပါ။ ဒီအချက်က လေးစားဖို့ကောင်းတယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။
© COPYRIGHTS 2024 by illuminati