
ဖေဖော်ရီလ (၁၄) ရက်မှာ ကျင်းပမယ့် ONE Friday Fights 97 ပြိုင်ပွဲမှာ ဗရော်နီကာနဲ့ Francisca Vera တို့ကို တည်ပေးထားပါတယ်။ အက်တမ်ဝိတ် (၁၁၅ ပေါင်) တန်းမှာ မွေထိုင်း (၃) ချီထိုးရမှာဖြစ်ပါတယ်။ ချီလီသူ Francisca Vera က ONE Friday Fights ပြိုင်ပွဲမှာ (၂) ပွဲနိုင်ပြီး (၃) ပွဲရှုံးထားပါတယ်။ အရပ် (၅) ပေ (၇) လက်မဖြစ်ပြီး ပိန်ပိန်ရှည်ရှည်ဖိုက်တာဖြစ်ပါတယ်။ ONE Championship က ဗရော်နီကာကို (၈) ပွဲစာချုပ်ထားပြီး ပွဲဦးထွက်မှာ Francisca Vera ကို ပေးတွေ့တာပါ။ Francisca Vera က ထိပ်တန်းလက်ရည်မရှိပေမယ့် ရုပ်ပိုင်းဆိုင်ရာ အားသာချက်ရှိတာ အမှန်ပါပဲ။ ဗရော်နီကာက ထိုင်းဘုရင့်ဖလားနှစ်ထပ်ကွမ်းချန်ပီယံဖြစ်ပြီး မွေထိုင်းပွဲမှာ (၁၈) ပွဲနိုင် (၂) ပွဲရှုံးထားပါတယ်။ နောက်ဆုံးပွဲမှာ Francisca Vera က Shir Cohen ရှုံးထားပါတယ်။ ONE Friday Fights ပြိုင်ပွဲမှာ ရလဒ်မကောင်းပေမယ့် အလဲထိုးမရှုံးဖူးပါဘူး။ အခုပွဲမှာလည်း ဗရော်နီကာက နိုင်ဖို့များပါတယ်။ ဖေဖော်ရီလ (၁၄) ရက်ကို အမြန်ရောက်ချင်ပါပြီ။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - SCMP Photo Credit - ONE Championship ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati