
ONE 170 ပြိုင်ပွဲအပြီးမှာ ONE Friday Fights 95 ပြိုင်ပွဲ လာပါပြီ။ (၄) ရက်ပဲ လိုတော့တယ်နော်။ Kiamran Nabati နဲ့ Ferrari တွဲဆိုင်းပါလာတယ်။ ဘင်တန်ဝိတ် (၁၄၅ ပေါင်) တန်းမှာ ကစားလိမ့်မယ်။ မိုးထက်အောင်နဲ့ Samingdam တို့က (၁၃၇) ပေါင်တန်းမှာ ညှိနှိုင်းပြီး ကစားလိမ့်မယ်။ ဖလိုင်းဝိတ်မက ဘင်တန်ဝိတ်မကျတဲ့ ကြားဝိတ်လို့ပဲ ဆိုရပါမယ်။ Samingdam က နာမည်ကြီးပါ။ မွေထိုင်းမှာ နာမည်တော်တော်ရတယ်။ ONE Friday Fights ပြိုင်ပွဲမှာ ရလဒ်အဲလောက်မကောင်းဘူး။ မိုးထက်အောင်က အရပ်ပုလို့သာ ကစားဟန်က ပရိသတ်အကြိုက်။ မာရည်ကျောရည်ရှိတယ်။ ညာတစ်လုံးအပိုင်စောင့်ထိုးတာပါ။ စူပါရေချမ်းနဲ့ Dunk တို့က (၁၄၀) ပေါင်တန်းမှာ ထိုးလိမ့်မယ်။ သူတို့လည်း ကြားဝိတ်ပဲ။ သြဂုတ်လမှာ စူပါရေချမ်းက Sutin ကို ကပ်ရှုံးထားတာပါ။ ရှုံးတယ်ဆိုပေမယ့် စွမ်းဆောင်ရည်မကောင်းတာ မဟုတ်ပြန်ဘူး။ ဘယ်သူ့ကိုမဆို အနိုင်ပေးလို့ရတဲ့ အနေအထားမှာ Split Decision ဖြစ်တယ်လို့ နားလည်မိတယ်။ အရင်ပွဲမှာ အဲမွီက Omar Kinteh ကို ရှုံးထားတယ်။ စွမ်းဆောင်ရည်ကွာဟလွန်းပြီး မယှဉ်နိုင်လို့ ရှုံးရတာပါ။ လက်ရှိပြိုင်ဘက်က ဂျပန်လေး Muga Seto တဲ့။ အဲမွီက ဂျပန်ပြိုင်ဘက်ကို ကံစပ်တယ်။ ရလဒ်ကောင်းဖို့များပါတယ်။ ဖလိုင်းဝိတ်မက ဘင်တန်ဝိတ်မကျဘဲ ကြားဝိတ် (၁၃၈) ပေါင်တဲ့။ ကြားဝိတ်တန်းမှာ ထိုးရတာ ကစားသမားတွေအတွက် သိပ်မကောင်းလှဘူး။ ပွဲနိုင်ရင်တောင် ဘယ်ဝိတ်တန်းမှာ Ranking ထည့်ပေးရမလဲ။ ဖလိုင်းဝိတ်မက ဘင်တန်ဝိတ်မကျတွေချည်းပဲ။ ကစားသမားကို Ranking ထည့်ဖို့ မလွယ်ဘူး။ ONE Friday Fights 95 ပြိုင်ပွဲကြီးက (၄) ရက်ပဲ လိုတော့တာမို့ စောင့်ကြည့်ပါဦးမယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ Application ထဲမှာ ဂိုးရလဒ်ခန့်မှန်းချက်တွေအပြင် တခြားဉာဏ်စမ်းမေးခွန်းလေးတွေ ပါပါသေးတယ်။ ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati