
Umar Nurmagomedov က မကျေပွဲရမယ်လို့ ထင်လား။ ဆုတောင်းလေ ဆုတောင်း။ မကျေပွဲဆိုတာက ခါးပတ်ကာကွယ်ပွဲအများကြီးထိုးထားတဲ့ ချန်ပီယံက မထင်မှတ်ဘဲ ရှုံးမှသာ ရနိုင်တာမျိုးပါ။ စိန်ခေါ်သူက သက်လုံကျပြီး ရှုံးသွားတာ ဘယ်သူက မကျေပွဲပေးမလဲ။ ကယ်လီဖိုးနီးယားပြည်နယ် အားကစားကော်မရှင်က ဒါဂတ်စတန်ကောင်လေးကို (၆) လပွဲနားခိုင်းထားတယ်။ (၆) လအတွင်းမှာ ပွဲပြန်ထိုးချင်ရင် ဆရာဝန်ထောက်ခံစာ ယူခဲ့ပါတဲ့။ Umar Nurmagomedov က လက်ကျိုးသွားတာပါ။ ဒါပေမယ့် လက်ကျိုးတယ်ဆိုတာကလည်း ပွဲထိုးရင်း ကျိုးတာလေ။ ပွဲမထိုးခင်တည်းက လက်ကျိုးနေလို့ ရှုံးတာမှ မဟုတ်တာပဲ။ ပွဲထိုးရင် ဖြစ်တာ ဘယ်လိုမှ ဆင်ခြေပေးလို့ မရဘူး။ ပွဲမထိုးခင်တည်းက လက်ကျိုးတယ်ဆိုရင်လည်း ကိုယ့်ဘက်က အဆင်သင့်ဖြစ်လို့ လာထိုးတာပဲ။ ရှုံးမှတော့ ဆင်ခြေပေးလို့မရဘူး။ Dana White က Sean O'Malley ကို ဥထားတာပါ။ အခုထိလည်း ပွဲမပေးသေးဘူး။ ပွဲနားနေတုန်းမှာ Ground Game ပြန်လေ့လာပါဦး။ ဘာကိုရည်ရွယ်သလဲဆိုရင် တက်လာမယ့် ဘင်တန်ဝိတ်ချန်ပီယံကို စိန်ခေါ်ခိုင်းချင်တာပါ။ UFC 311 ပြိုင်ပွဲရဲ့ ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ဒါကို အတိအလင်းပြောသွားတယ်။ နောက်စိန်ခေါ်သူက အမေရိကန်စုတ်ဖွားလေးပဲ။ ကယ်လီဖိုးနီးယားပြည်နယ် အားကစားကော်မရှင်က Umar Nurmagomedov ကို မှာထားတယ်။ (၇) ရက်အတွင်းမှာ ဘာမှမလုပ်နဲ့တဲ့။ လေ့ကျင့်ခန်းမဆင်းနဲ့။ အိမ်မှာပဲ အေးဆေးနားတဲ့။ (၆) လအတွင်းမှာလည်း ပွဲမထိုးနဲ့။ ပွဲထိုးချင်ရင် ကျန်းမာရေးထောက်ခံစာယူခဲ့တဲ့။ နောက်ပွဲနိုင်မှသာ ခါးပတ်နားပြန်ကပ်လို့ရမယ်။ ဒါဂတ်စတန်ကောင်လေးက အရွယ်ရှိပါသေးတယ်။ ပုံမှန်အတိုင်းသာ ဆက်ကြိုးစားရင် နောင်တစ်ချိန်မှာ ဘင်တန်ဝိတ်ချန်ပီယံဖြစ်လာနိုင်သေးတယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။
© COPYRIGHTS 2024 by illuminati