
ညတုန်းက အစားသောင်းကျန်းလိုက်တာ လက်လွန်သွားတယ်။ အားမွေးချင်လို့ ငါးပိရည်လေးဆမ်းတဲ့ပြီး အတို့အမြှုပ်လေး ထည့်စားလိုက်တာ ဗိုက်ကားသွားတယ်။ မနက်ကျတော့ အိပ်ရာမထချင်ဘူး။ ဆက်အိပ်နေလို့ မဖြစ်သေးဘူး။ မြို့ထဲသွားစရာရှိသေးတယ်။ ထုံးစံအတိုင်း မနက်တိုင်းဝိတ်ချိန်ကြည့်တယ်။ အောင်မလေး။ ပုံမှန်ဝိတ်ထက် ငါးပေါင်ပိုနေပါလား။ ခံကြီးမောင်တွေလို ငါးပိရည်စားမိလို့လား။ ဒါလည်း မဖြစ်နိုင်ပါဘူး။ ဘယ်လိုဖြစ်မှန်းမသိလို့ အဖေ့ကို ဖုန်းဆက်မေးရတယ်။ ပီတာဖခင် ကျေးဇူးရှင်ကလည်း ချစ်သားလူလေး မောင်ရွှေသွေးကို ပီယဝါစာပြောရှာတယ်။ "ငါးပိရည်စားရင် သွေးလေးတယ်ဆိုတာ မင်းမသိဘူးလား။ မင်းနဲ့လည်း တည့်တာမဟုတ်ဘူးလေ။ ငါးပိရည်မစားပါနဲ့လို့ အတန်တန်မှာတာတောင် စားဖြစ်အောင် စားလိုက်သေးတယ်။ အစားဘီလူး။ အခုတော့ ဝိတ်တက်ပြီး လေးလံနေပြီမလား။ ငါက ဆရာဝန်မဟုတ်ပေမယ့် မင်းထက် ပိုသိ၊ ပိုတတ်၊ ပိုနားလည်လို့ ကြိုပြောတာကွ နားလည်လား။ ဒါကိုတောင် မင်းက နားမထောင်ဘူး။ ဝမ်းတွင်းရူး သောက်ပေါ။ ဒါပဲ ဂွက်" အဖေရဲ့ ချီးကျူးစကားတွေကို နားဆင်ပြီးတဲ့အခါမှာ ကျွန်တော်က မြို့ထဲကို သွားရတယ်။ အလုပ်ကိစ္စပြီးတော့ အိမ်ပြန်ဖို့ ပြင်ရပါတယ်။ မပြန်ခင်လေးမှာ မဟာဗန္ဓုလပန်းခြံကို ဝင်နားဦးမှပဲ။ မရောက်တာလည်း ကြာခဲ့ပြီလေ။ ပန်းခြံထဲမှာ ကျောပိုးအိတ်ခေါင်းအုံးလို့ အသာလှဲနေလိုက်တယ်။ "ကိုကို ဘုန်းနိမ့်မယ်ကွာ . . . ချစ်လေးကို ငရဲကြီးအောင် မလုပ်ပါနဲ့။ တော်ကွာ ယားလာပြီလို့။ ပန်းခြံထဲမှာ လူမြင်လို့ မကောင်းဘူးကွာ အင့်ဟင့်" အောင်မလေး သောက်ပလုတ်တုတ်။ စောစောစီးစီး ဘာဖြစ်တာလဲဟ။ ပန်းပင်နောက်က စုံတွဲခင်ဗျ။ မျက်လုံးပြူးပြဲပြီး အသာချောင်းကြည့်မိတယ်။ အားလားလား။ ကောင်လေးက ကောင်မလေးကို ခြေသည်းနီဆိုးပေးတယ် အရပ်ကတို့ရယ်။ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘူး။ တော်ပြီ အိမ်ပြန်တာပဲ ကောင်းတယ်။ မပြန်ခင် ဆူးလေဝင်ဖူးပြီး ပန်းလှူဦးမယ်။ ပန်းလေး တစ်ထောင်ဖိုးလှူပြီး ဘုရားနားပူအောင်လည်း ဆုမတောင်းချင်ပါဘူး။ ရောက်လေရာအရပ်မှာ အိမ်ထောင်ကျရပါစေဘုရားဆိုပြီး တိုတိုတုတ်တုတ် လိုရင်းပဲ ဆုတောင်းလိုက်တယ်။ အိမ်ပြန်ရင် တက္ကဆီစီးမလား လိုင်းကားစီးမလား။ တက္ကဆီစီးရင် တစ်သောင်းကျော်ကုန်မယ်။ လိုင်းကားစီးရင် လေးရာပဲ။ စာအုပ်ဝယ်ချင်သေးတယ်။ တက္ကဆီခကို စာအုပ်ဝယ်ပြီး လိုင်းကားစီးမယ်။ အောင်ချိမ့်ရဲ့ ကက်သလောက်စာအုပ်ဝယ်လာတယ်။ သန်းစိုးနိုင်ရဲ့ သောင်းတိုက်က ကြားစေသားစာအုပ်ကို လိုချင်ပေမယ့် သုံးသောင်းဆိုတော့ ပိုက်ဆံမလောက်ဘူး။ သိန်းဖေမြင့်ရဲ့ တိုက်ပွဲဝင်စာများကိုလည်း ဝယ်ချင်ပေမယ့် မတတ်နိုင်လို့ အသာလေးပြန်ချခဲ့ရတယ်။ လိုင်းကားက ထိုင်ခုံရတယ်။ ထိုင်ခုံပေါ်မှာ အေးဆေးထိုင်ပြီး စာအုပ်ဖတ်လာလိုက်တာ လှည်းတန်းမရောက်ခင် စာအုပ်ပြီးသွားတယ်။ ဒီအတိုင်းဆိုရင် စာအုပ်ဖိုးကြောင့် ကျော်စိုးအောင်လေး မွဲတော့မယ်။ တစ်နေ့မှာ အနည်းဆုံး နှစ်အုပ်ပြီးအောင် ဖတ်တယ်။ အနည်းဆုံးပမာဏကို ပြောတာပါ။ ဒီထက်များရင် သုံးအုပ်။ အိမ်ပြန်ရောက်လို့ UFC 313 ပြိုင်ပွဲကို ထိုင်ကြည့်ပြီး ပွဲသတင်းတင်တယ်။ လိုက်ဝိတ်တန်းက Mauricio Ruffy ကို သဘောကျမိတယ်။ အပိုဆုကြေးရလို့ ဝမ်းသာပါတယ်။ Fighting Nerds သမားတွေ သောင်းကျန်းနေကြတယ်။ ဘရာဇီးဘစိုင်း Alex Pereira က Leg Kick + Head Kick လုပ်ချင်တာပါ။ Magomed Ankalaev က အိမ်စာလုပ်လာတာ အောင်မှတ်တင်မကဘဲ ဂုဏ်ထူးထွက်သွားတယ်။ Joshua Van က Rei Tsuruya ကို အပိုင်ဖြုတ်တာပါ။ အငယ်တန်းပါဝါဆိုတော့ မာဂုဏ်ကို တိုးမပေါက်ဘူးဖြစ်နေတယ်။ ဖလိုင်းဝိတ်တန်းမှာ စွမ်းဆောင်ရည်မဟလွန်းရင် အမှတ်ပေးရောက်တာက များပါတယ်။ ဒုတိယမြောက် Low Blow က တကယ်မဖြစ်ဘူး။ ဂျပန်လေး Rei Tsuruya က သရုပ်ဆောင်ကောင်းချက်။ အဲဒီနောက်မှာ Pieces Sport အက်ပလီကေးရှင်းမှာ ဝင်တဲ့ပြီး ဘောလုံးသတင်းတွေ ဖတ်နေလိုက်တယ်။ စာအုပ်ဖိုးလေး ပြန်ကျေအောင် လုပ်ရဦးမယ်။ ဘောလုံးသတင်း၊ ဆောင်းပါးက အစုံရှိပါတယ်။ Live Score တွေလည်း ကြည့်လို့ရတယ်။ ဘောလုံးသတင်းဖတ်ပြီးလို့ ဥာဏ်စမ်းဖြေတာ ဆယ်ခုမှာ ရှစ်ခုမှန်တယ်။ ဆယ်ခုလုံးမှန်ရင် ဆုငွေတစ်သိန်းရမှာပါ။ မရလည်း ဘယ်တတ်နိုင်မလဲ။ ဘောလုံးသတင်းဖတ်ရတာ အမြတ်ပါပဲ။ ညတုန်းက ငါးပိရည်စားပြီး သွေးလေးသွားလို့ တစ်ရေးတစ်မောပြန်အိပ်လိုက်တယ်။ UFC 313 ပြိုင်ပွဲရဲ့ ထိုးကြေးစာရင်းကို တင်ပေးချင်ပါတယ်။ နီဗားဒါးပြည်နယ် အားကစားကော်မရှင်က ထိုးကြေးကို တရားဝင်မထုတ်ပြန်သေးလို့ တင်လို့မရသေးပါဘူး။ ခန့်မှန်းထိုးကြေးထွက်လာပေမယ့် တရားဝင်ထုတ်ပြန်ချက်မဟုတ်လို့ မှားမှာစိုးရပါတယ်။ သတင်းတိကျရင် တင်ပေးပါ့မယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - ESPN Photo Credit - Getty Images ကျော်စိုးအောင် (Myanmar Fight Edition)
© COPYRIGHTS 2024 by illuminati