
Dan Hooker နှုတ်ထွက်သွားပေမယ့် Justin Gaethje က ပွဲဖြစ်အောင် ကစားချင်တယ်။ ဘယ်သူပဲလာလာ၊ လူမရွေးပါဘူးတဲ့။ Rafael Fiziev က မကျေပွဲထိုးပါရစေတဲ့။ Renato Moicano က လူစားဝင်ပါရစေခင်ဗျာတဲ့။ Mateusz Gamrot ကလည်း သူထိုးချင်ပါတယ်တဲ့။ Ilia Topuria က Islam Makhachev ကလွဲရင် ဘယ်သူ့ကိုမှ မကစားချင်ဘူးတဲ့။ အခုပွဲမှာလည်း ဝင်မထိုးဘူးတဲ့။ အခုလို (၁၄) ရက်အလိုမှ လူစားဝင်ထိုးရတာ လွယ်တာမှတ်လို့။ လူစားဝင်ထိုးမိခါမှ ရှုံးသွားရင် ခါးပတ်လုခွင့်ပျောက်သွားဦးမယ်။ ဖယ်သာဝိတ်ချန်ပီယံဘွဲ့ကလည်း ထားခဲ့လိုက်ပြီလေ။ ဆရာသမားက ပွဲဝေးရင် (၁၈၇) ပေါင်ရှိတယ်တဲ့။ အဲဒါကြောင့် လိုက်ဝိတ်တက်လာတာတဲ့။ Ilia Topuria က လူစားဝင်မထိုးတာ လက်ခံပါတယ်။ ပွဲရတိုင်း လူစားဝင်ထိုးမိလို့ ရှုံးသွားရင် ကိုယ့်အတွက် ထိခိုက်ပါတယ်။ ပရိသတ်အများစုက ရလဒ်ကိုပဲ ဆုံးဖြတ်တာပါ။ လူစားဝင်ထိုးမိလို့ ရှုံးသွားတာကို နားလည်ပေးမှာ မဟုတ်ဘူး။ Martin Bakole ဆိုရင် လူစားဝင်ထိုးမိတာ အလဲထိုးခံလိုက်ရတယ်။ ဆုံးဖြတ်နိုင်စွမ်းက အရေးကြီးတာပါ။ စကားစပ်မိလို့ ပြောရဦးမယ်။ ကျွန်တော်ငယ်ငယ်က ဘုန်းကြီးကျောင်းသားပါ။ နောက်မှသာ အစိုးရကျောင်းရောက်တာပါ။ ဘုန်းကြီးကျောင်းမှာ ကျောင်သင်ပုန်းနဲ့ ကျောက်တံသုံးရတယ်။ လွတ်ကျရင် ကျောက်သင်ပုန်းက ကွဲတတ်တယ်။ ကျောက်တံက ကျိုးတတ်တယ်။ ကျောက်တံပျောက်မှာစိုးလို့ ရှုံ့အိတ်သေးသေးလေးထဲမှာ ထည့်ပြီး လည်ပင်းဆွဲထားတယ်။ လက်ရေးမလှရင် ဘုန်းကြီးက လက်ဆစ်ခေါက်တယ်။ တစ်ခါတုန်းက ဘုန်းကြီးက ခေါ်ပြောတယ်။ ဦးပဏ္ဍိတကို အရုဏ်ဆွမ်းစားပင့်ခဲ့၊ ရော့ စာယူသွား ကျော်စိုးအောင်တဲ့။ ကျွန်တော်တွေးလိုက်တယ်။ ဦးပဏ္ဍိတဆိုတာ ကန်နီရွာဘုန်းကြီးပဲမလား။ ကျွန်တော်တို့ရွာနဲ့ဆိုရင် လေးတိုင်လောက်ဝေးတယ်။ မြင်လွယ်အောင်ပြောရရင် ရှစ်မိုင်ပေါ့ဗျာ။ ဘယ်လောက်ဝေးဝေး၊ ဘုန်းကြီးခိုင်းတာ ငြင်းလို့မဖြစ်ဘူး။ တင်ပါ့ဘုရားလို့ လျှောက်တဲ့ပြီး ဦးထုပ်ဆောင်း၊ လွယ်အိတ်လွယ်လို့ လှည်းလမ်းအတိုင်း ထွက်လာခဲ့တယ်။ ကျွန်တော့်အသက်က ဘာရှိဦးမှာလဲ။ ခုနစ်နှစ်သားပေါ့။ မနက်အစောတည်းက ထွက်လာလိုက်တာ ကန်နီရွာက ရောက်ကိုမရောက်နိုင်ဘူး။ လမ်းမှာ စက်ဘီးကြုံရှိလို့ တော်သေးတယ်။ ဦးလေး ကျုပ်တက်လိုက်လို့ ရလာလို့ မေးတော့ လိုက်ခဲ့တဲ့။ စက်ဘီးကြုံလိုက်လာတာ စက်ဘီးသမားက လမ်းခွဲလည်း ရောက်ရော သူ့လမ်းသူဆက်နင်းသွားတယ်။ ကျွန်တော်က ကန်နီရွာကို ဆက်လျှောက်လာတယ်။ လှည်းကြုံတွေ့တော့ ကျုပ်လိုက်ဦးမယ်လို့ ခွင့်တောင်းပြီး တက်စီးတာပဲ။ လမ်းခွဲရောက်တော့ လှည်းသမားက ယာခင်းကို ဆက်မောင်းတယ်။ ကျွန်တော်က ကန်နီဘုန်းကြီးကျောင်းကို ဆက်သွားတယ်။ ခုနစ်နှစ်သားအတွက် ရှစ်မိုင်ခရီးက မလွယ်ဘူး။ ကန်နီဘုန်းကြီးကျောင်းကိုရောက်တော့ မွန်းတည့်တော့မယ်။ ဘုန်းကြီးကို အရင်ဆုံးဝတ်ဖြည့်ပြီး အရုဏ်ဆွမ်းလာပင့်တာ ဘုရားလို့ လျှောက်လိုက်တယ်။ ဟေ ဟုတ်လား၊ ဘယ်ရွာကလဲ မောင်ကျောင်းသားလို့ မေးတယ်။ ကန်ဦးရွာကပါ ဘုရားလို့ ပြန်လျှောက်လိုက်တယ်။ အရုဏ်ဆွမ်းကို ကန်ဦးရွာက လာပင့်တာ မဖြစ်နိုင်ပါဘူးကွာ၊ ဒီလောက်ဝေးတာကိုးတဲ့။ တပည့်တော်မှာ စာပါပါတယ်ဘုရား၊ ဖတ်ကြည့်ပါဦးလို့ ဆိုတဲ့ပြီး စာကပ်လိုက်တယ်။ ကန်နီဘုန်းကြီးက စာဖတ်ပြီး ရယ်လိုက်တာလေ။ ဘာဖြစ်လို့လဲ အရှင်ဘုရားလို့ မေးယူရတယ်။ မင်းတို့ဘုန်းကြီးက မင်းကို ကန်ပေါက်ကျောင်းက ဦးပဏ္ဍိတကို ပင့်ခိုင်းတာကို မင်းက ငါ့ကို လာပင့်တာတဲ့။ အေးကွယ် ဘွဲ့ကလည်း တူနေတာကိုးတဲ့။ မင်းဘုန်းကြီးက မင်းလိုအရွယ်လေးကို ဒီလောက်ထိ ခရီးဝေးဘယ်လွှတ်မလဲကွ။ မင်းက ဆယ့်ငါးမိနစ်လောက် လျှောက်ရမယ့်ခရီးကို နေ့တစ်ဝက်တောင် လျှောက်လာတာပဲ။ ကဲ . . . ထမင်းစားပြီးမှ ပြန်တော့၊ ဘုန်းကြီးလည်း ကျိန်းလိုက်ဦးမယ်တဲ့။ ကပ္ပိယက ကျွန်တော့်ကို ထမင်းခူးကျွေးတယ်။ ကန်ဦးနဲ့ ကန်ပေါက်က ကပ်လျက်။ ရွာနားနီးချင်း။ ကန်ပေါက်ဘုန်းကြီးက ဦးပဏ္ဍိတဆိုတာ ကျွန်တော်မေ့နေတာလေ၊ ကျွန်တော်တို့က ကန်ပေါက်ဘုန်းကြီး ဦးပဏ္ဍိတကို ဦးပန် ဒါမှမဟုတ် ဘိုးပန်လို့ပဲ ခေါ်တယ်။ ဘုန်းကြီးက ဦးပဏ္ဍိတကို သွားပင့်ပါလို့ ခိုင်းလိုက်တော့ ကန်ပေါက်ဘုန်းကြီး ဦးပန်ကို မမြင်ဘဲ ကန်နီဘုန်းကြီး ဦးပဏ္ဍိတကို မြင်မိပြီး ဒီအထိရောက်လာတာပါ။ ထမင်းစားပြီးတော့ ပြန်ဖို့ပြင်ရတယ်။ ကပ္ပိယက သဘောကောင်းရှာတယ်။ လမ်းကျစားဖို့ ထမင်းထုတ်ပေးနေတယ်။ ကျွန်တော်က မယူခဲ့ပါဘူး။ မယူတော့ သီးမွှေးတစ်ဖီးထည့်ပေးလိုက်တယ်။ အပြန်လမ်းမှာ စက်ဘီးကြုံမတွေ့ဘူး၊ လှည်းကြုံလည်း မတွေ့တော့ ကုန်းကြောင်းလျှောက်ရတာပဲ။ မောလာရင် ငှက်ပျောသီးစားတယ်။ လမ်းဘေးရေအိုးစင်မှာ ခဏနားပြီး ရေသောက်တယ်။ ရွာကျောင်းဘုန်းကြီးက တမျှော်မျှော်နဲ့။ ငါ့ကျောင်းသားကို ကန်ပေါက်ဘုန်းကြီးပင့်ခိုင်းတာ အခုထိလည်း ပြန်မလာသေးဘူး၊ ဘယ်သဝေထိုးနေတာလဲတဲ့။ ကျွန်တော်ပြန်မရောက်ခင်မှာ သတင်းက ရောက်နေပြီ။ ကျော်စိုးအောင်လေးက ကန်နီအထိ ဘုန်းကြီးသွားပင့်တာတဲ့။ ဒီလောက်နုံရတဲ့ကောင်ဆိုပြီး ဘုန်းကြီးက ကျွန်တော့်ကို ကြိမ်လုံးကျွေးမလို့ပါ။ ကျွန်တော်မောပန်းပြီး ပြန်လာတာ သနားသွားတယ်ထင်တယ်။ အသွားအပြန် ဆယ့်ခြောက်မိုင်လောက် လမ်းလျှောက်ခဲ့ရတယ်။ ရိုက်တော့ မရိုက်ပါဘူး။ သူတို့ဘုန်းကြီးအချင်းချင်းမှာလည်း ပြောစမတ်ကို တွင်သွားတာပဲ။ အသိဉာဏ်ပညာနဲ့ ဆုံးဖြတ်နိုင်စွမ်းက အရေးကြီးတယ်ဆိုတာ ပြောချင်တာပါ။ ကျွန်တော်က စာလေးနည်းနည်းပါးပါး ဖတ်ထားတော့ ဥာဏ်စမ်းမေးခွန်းတွေကို စိတ်ဝင်စားတယ်။ တစ်ခါတုန်းက The Money Drop Myanmar ဝင်ပြိုင်ဖို့ စိတ်ကူးလိုက်သေးတယ်။ စိတ်ကူးဘဝမှာတင် အငွေ့ပျံသွားပြီး တကယ်မပြိုင်ဖြစ်ပါဘူး။ Pieces Sport မှာလည်း ဉာဏ်စမ်းမေးခွန်းဝင်ဖြေသေးတယ်။ ဘောလုံးဗဟုသုတအားနည်းတော့ ကျွန်တော်က အဖြေအားလုံးမမှန်ပါဘူး။ ပြီးတော့ ဂိုးရလဒ်ကိုလည်း ခန့်မှန်းခိုင်းသေးတယ်။ မြန်မာပြည် မိုက်ကယ်အိုဝင်မဖြစ်ဖို့ပဲ အရေးကြီးတာပါ။ မေးခွန်းဆယ်ခုမှန်ရင် တစ်သိန်းရမှာလေ။ ကျွန်တော်က ခြောက်ခုထက် ပိုမမှန်ဖူးဘူး။ ps.piecesball.com မှာဝင်ပြီး အကောင့်ဖွင့်ရတာပါ။ အကောင့်ဖွင့်ပြီးရင် Application မှာ Log In ဝင်ပြီး ခန့်မှန်းရုံပါပဲ။ အားနည်းချက်က ATOM Sim Card တွေပဲ သုံးလို့ရတာပါ။ နောက်ပိုင်းမှာ အားလုံးသုံးလို့ရအောင် စီစဉ်ပေးနိုင်မယ်ထင်တယ်။ အားကစားသတင်းတွေ ဖတ်လို့ရတယ်။ ဥာဏ်စမ်းဖြေပြီး ဆုငွေထုတ်လို့ရတယ်။ ဂိုးရလဒ်မှန်းလို့ရပါတယ်။ နေ့စဉ်ကြေးက နှစ်ရာကျပ်။ ဆုလိုချင်တယ်ဆိုရင် ဘောလုံးဗဟုသုတရှိမှဖြစ်မယ်။ အသိဉာဏ်ပညာနဲ့ ဆုံးဖြတ်နိုင်စွမ်းက အရေးကြီးပါတယ်ဆို။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - ESPN Photo Credit - Justin Gaethje ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati