
Ali Abdelaziz က ဒါဂတ်စတန်သားတွေရဲ့ နာမည်ကျော်လက်သုံးစကားကိုပဲ ကိုးကားထားတယ်။ စနေညမှာ ကျွန်တော့်လူ Magomed Ankalaev က Alex Pereira ကို ပင်လယ်ရေနက်ထဲအထိ ဆွဲခေါ်သွားမယ်၊ ဒါဂတ်စတန် ငါးမန်းက လိုက်လာလိမ့်မယ်။ ဘရာဇီးကောင်လေးက ရေကူးပြီး ပြေးသာပြေးပေတော့တဲ့။ Magomed Ankalaev က Alex Pereira ကို နပန်းလုံးလိမ့်မယ်။ ဒါပေမယ့် သူကိုယ်တိုင်က ချုပ်ကွက်နိုင်ပွဲမရှိဖူးတာမို့ လည်ပင်းညှစ်တာ၊ လက်လိမ်တာ လုပ်လို့ရမှာ မဟုတ်လောက်ဘူး။ Alex Pereira ကလည်း အဲလောက်မချာဘူး။ Submission Defense ကောင်းတာမို့ ချုပ်ကွက်ထိ မရောက်နိုင်ပါဘူး။ ကြမ်းပြင်ပေါ်မှာ Magomed Ankalaev က Alex Pereira ကို ထုထောင်းနိုင်ပါတယ်။ တစ်ကိုယ်လုံးဖိထားပြီး အမောဆို့အောင် လုပ်နိုင်ပါတယ်။ ဒီနေရာမှာ Alex Pereira ပြောထားတာရှိတယ်။ Magomed Ankalaev ဆိုတာက ရာမာဒန်ဥပုသ်ကာလကို ဆင်ခြေပေးနေတာတဲ့။ နေထွက်ကနေ နေဝင်အထိ အစာမစား (ရေမသောက်) ဘဲ ပွဲထိုးလိုက်တာ Alex Pereira ကိုတောင် နိုင်သွားရင် ချီးကျူးစရာ လူစွမ်းကောင်းကြီး။ ရှုံးတယ်ဆိုရင်လည်း အာဟာရမပြည့်ဘဲ ထိုးရလို့ ရလဒ်မကောင်းတာပါဆိုပြီး ဆင်ခြေပေးနိုင်တယ်တဲ့။ ပိုဆိုးတာကို Alex Pereira က ပြောသွားသေးတယ်။ ကစားသမားတွေက ဟိုတယ်မှာ နေရတာပါ။ UFC အဖွဲ့အစည်းက ထမင်းဘူးစီစဉ်ပေးရတယ်။ အဲဒီမှာ Magomed Ankalaev အတွက် ထမင်းဘူးပါတယ်တဲ့။ ထမင်းဘူးမှာ နာမည်တပ်ထားတာပါတဲ့။ သူလည်း ထမင်းဘူးသွားယူရင်း တွေ့မိတာပါတဲ့။ ဥပုသ်စောင့်တယ်ဆိုရင် နေ့ခင်းဘက်မှာ အစာစားစရာမလိုပါဘူးတဲ့။ အစာမစားရင် ထမင်းဘူးလည်း ယူစရာမလိုပါဘူးတဲ့။ Magomed Ankalaev က တကယ်လည်း ဥပုသ်မစောင့်ဘဲ မူဆလင်ပရိသတ်တွေကို ဂျင်းထည့်တာပါလို့ ဆိုသွားတယ်။ ထမင်းဘူးကိုင်တဲ့ပြီး အပိုင်ပြောထည့်တာပါ။ Magomed Ankalaev ကလည်း မလွယ်ဘူး။ အစတုန်းက ချော်လဲရောထိုင်လုပ်ဦးမလို့ ထင်တယ်။ ရာမာဒန်ဥပုသ်ကို ဘာမှမပြောသေးပါဘူး။ ပြိုင်ဘက် Alex Pereira က ထောက်ပြလိုက်ပြီဆိုတော့ သူလည်း မနေနိုင်တော့ပါဘူး။ Fight Week (တစ်ပတ်) အတွင်းမှာ ဥပုသ်မစောင့်ပါဘူးတဲ့။ အာဟာရပြည့်အောင် အစားအသောက်ပုံမှန်မှီဝဲပါမယ်တဲ့။ ပွဲထိုးပြီးမှသာ အစားထိုးဥပုသ်စောင့်မယ်တဲ့။ ဟုတ်ပါတယ်၊ ဒါမှလည်း အဆင်ပြေမှာလေ။ ဝိတ်ရသွားရင် ရေသောက်ပြီး ရေဓာတ်ပြန်ဖြည့်လို့ ဝိတ်ပြန်တင်ရဦးမှာမလား။ Alex Pereira ရဲ့ ဟာကွက်တွေကို သိပါတယ်၊ အလွယ်ကူဆုံး အနိုင်ယူချင်တယ်ဆိုရင် နပန်းလုံးလိုက်မယ်လို့ Magomed Ankalaev က ပြောသွားတယ်။ မန်နေဂျာ Ali Abdelaziz ကလည်း နပန်းပညာကိုပဲ အားသာချက်လို ပြောနေတယ်။ Alex Pereira ကလည်း ဥပုသ်စောင့်၊ မစောင့်ကိစ္စကို သူမြင်သလို ပြောသွားတာပါ။ Magomed Ankalaev ကလည်း ပြန်ဝန်ခံထားတယ်။ ဒါပေမယ့် အရင်တည်းက သဘောတူလို့ပဲ ပွဲလက်ခံထားရင် ရာမာဒန်ဥပုသ်ကာလက ဆင်ခြေမဟုတ်ပါဘူး။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - AG Fight Photo Credit - UFC Europe ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati