
"ကျွန်တော်က သိပ်မအံ့သြမိဘူး။ အခုလို တွဲဆိုင်းပျက်တာက ကျွန်တော့်အတွက် ပထမဆုံးအကြိမ်လည်း မဟုတ်တော့ပါဘူး။ ကျွန်တော့်မန်နေဂျာ Jason House က တွဲဆိုင်းပျက်သွားကြောင်း ဖုန်းဆက်ပြောတယ်။ အိုကေ . . . ဒါဆိုရင်လည်း ကျွန်တော့်အတွက် ပြိုင်ဘက်အသစ်ရှာပေးလို့ပဲ အကြောင်းပြန်လိုက်တယ်။ နောက်နေ့ကျတော့ ပြိုင်ဘက်သစ်ရပါပြီတဲ့။ ကျွန်တော်လည်း ဝမ်းသာသွားတယ်" "Bruno Silva က Manel Kape ကို ကစားပြီး Joshua Van ကို တည်ပေးတာလေ။ မူလတွဲဆိုင်းကို အံ့သြမိသေးလား" "ကျွန်တော်က အဲဒီလိုတွေ သိပ်မတွေးဖြစ်ဘူး။ ကျွန်တော့်ထက် Ranking မြင့်တဲ့ ပြိုင်ဘက်ကို ကစားခွင့်ရတာ ဝမ်းသာတယ်။ ဘယ်သူကိုပဲဖြစ်ဖြစ် ကစားမှာပဲလေ" "Joshua Van က ဘယ်နေရာမှာပဲ ကစားရပါစေ၊ သိပ်ထည့်မတွက်ဘူးလေ။ ဒါပေမယ့် UFC Apex မှာ တစ်ကြိမ်ပဲ ကစားဖူးသေးတယ်။ UFC PPV Event ကြီးတွေမှာ ပရိသတ်ရှေ့ကစားခွင့်ရတာ ဘယ်လိုပြောချင်လဲ" "ကျွန်တော့်ပွဲတွေက ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းလို့သာ ကျွန်တော့်ကို UFC PPV Event တွေမှာ ကစားခိုင်းတယ်လို့ ထင်ပါတယ်ဗျာ။ ကျွန်တော်လည်း သဘောကျပါတယ်။ ပရိသတ်ရှေ့၊ ကင်မရာရှေ့မှာ ကစားခွင့်ရတာလေ။ အဲဒီအတွက် ပီတိဖြစ်ပါတယ်" "လက်ရှိပြိုင်ဘက် Rei Tsuruya က မနှစ်ကမှ UFC အဖွဲ့အစည်းကို ရောက်လာတာလေ" "ဟုတ်တယ်။ ကျွန်တော်လည်း အရင်တုန်းက Rei Tsuruya ကို မသိပါဘူး။ အခုမှသာ ပွဲဟောင်းတွေ ပြန်ကြည့်ရတာပါ။ သူလည်း တော်တော်ကောင်းတဲ့ ဖိုက်တာပါ။ အပူးအလုံးအားသန်တယ် Ground သမား" "Rei Tsuruya က Joshua Van ထက်တောင် တစ်နှစ်ငယ်သေးတယ်။ အခုတွဲဆိုင်းက Battle of 2000s လို့တောင် ပြောလို့ရတယ်။ ကိုယ့်ထက်ငယ်တဲ့ ပြိုင်ဘက်ကို ကစားရတာဆိုတော့" "ဟုတ်တယ်။ ကြေးစားဘဝမှာ ကိုယ့်ထက် အသက်ငယ်တဲ့ ပြိုင်ဘက်ကို ရင်ဆိုင်ရတာ ဒါက ဒုတိယအကြိမ်ပဲ။ ကျွန်တော့်ကြေးစားပထမပွဲမှာ ရင်ဆိုင်ရတဲ့ ပြိုင်ဘက် (Tony Esquivel) က ကျွန်တော့်ထက်ငယ်တယ်။ Rei Tsuruya က ဒုတိယမြောက်ပေါ့လေ။ ကောင်းပါတယ်။ သိပ်ကောင်းပါတယ်" "Charles Johnson တို့ Cody Durden တို့လို ဝါရင့်သမ္ဘာရင့်တွေကိုလည်း ရင်ဆိုင်ဖူးထားတယ်လေ။ အခုပြိုင်ဘက် Rei Tsuruya က လူငယ်ဆိုတော့ ခန့်မှန်းရခက်တာမျိုးရှိလား" "ဘာပြဿနာမှ မရှိပါဘူး။ ကျွန်တော့်ရဲ့ Training Program ပြောင်းမှာ မဟုတ်ပါဘူး။ ကျွန်တော့်အတွက် အခက်အခဲမရှိပါဘူး" "လေးလအတွင်းမှာ ခါးပတ်လုပွဲထိုးခွင့်ရရင် အသက်ငယ်ဆုံးချန်ပီယံဂုဏ်ပုဒ်ရနိုင်သေးတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဘယ်လိုတွေးမိလဲ" "UFC အဖွဲ့အစည်းကို စရောက်တည်းက တွေးမိပါတယ်။ ငါက အသက်တော်တော်ငယ်သေးတာပဲဆိုပြီး။ အသက်ငယ်ဆုံးချန်ပီယံဖြစ်မယ်ဆိုရင် ဖြစ်နိုင်တာပဲ။ အဲဒီလို အခွင့်အရေးရရင် ကောင်းတာပေါ့ဗျာ။ မျှော်လင့်ထားတာပဲလေ" "Bruno Silva က Ranking ဝင်တဲ့ပြိုင်ဘက်လေ။ အခုပွဲနိုင်ရင် ပြန်ထိုးဖြစ်ဦးမယ်ထင်လား" "ကျွန်တော်က အခုချိန်မှာ Rei Tsuruya ကိုပဲ အာရုံစိုက်ထားပါတယ်။ အခုပွဲနိုင်ရင် ထိပ်တန်း (၁၀) ယောက် ဒါမှမဟုတ် ထိပ်တန်း (၅) ယောက်ထဲက ပြိုင်ဘက်ကိုပဲ ကစားချင်ပါတယ်" Joshua Van နဲ့ MMA Knockout အင်တာဗျူးကို ဆီလျော်အောင် ဘာသာပြန်ထားတာပါ။ စာဖတ်သူတွေ ကျေနပ်ကြမယ်လို့ မျှော်လင့်မိပါတယ်။ UFC 313 ပြိုင်ပွဲမှာ မြန်မာအလံကိုင်ထားတဲ့ ချင်းလေး မောင်ဗန်ကို မြင်တွေ့ရပါမယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - MMA Knockout Photo Credit - Joshua Van ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati