
ပရဟိတမင်းသား အမေရိကန်ဝေဠုကျော် Dustin Poirier ကို လူဝီစီယားနားပြည်နယ်မှာ မွေးခဲ့တာပါ။ Conor McGregor ၊ Khabib နဲ့ Dustin Poirier တို့က အသက်သိပ်မကွာကြဘူး။ ဒါဂတ်စတန်သား Khabib က အကောင်းဆုံးအချိန်မှာ အနားယူပြီး အနိုင်ပိုင်းလိုက်တယ်။ အခုဆိုရင် Dustin Poirier လည်း အနားယူဖို့ ပြင်ဆင်နေပါပြီ။ Dustin Poirier ရဲ့ ကြေးစားပထမဆုံးပွဲကို မွေးရပ်မြေ လူဝီစီယားနားပြည်နယ်မှာ စတင်ခဲ့တာပါ။ ဖြစ်နိုင်ရင် နောက်ဆုံးပွဲကို လူဝီစီယားနားပြည်နယ်မှာပဲ အဆုံးသတ်ချင်တယ်တဲ့။ စမှတ်မှာ ပြန်ဆုံးချင်တဲ့ ဝလုံးလိုလူသားပါ။ တစ်ခါတုန်းက ဆရာကြီး ရွှေဥဒေါင်းရေးခဲ့ဖူးတယ်။ ဖခင်ဦးဧရာက ရွှေဘိုခရိုင် ဝက်လက်မြို့နယ် မန်းကျည်းတုံရွာမှာ မွေးဖွားတယ်တဲ့။ မန္တလေးမြို့မှာ စီးပွားရှာစားတယ်။ နောက်ပိုင်းမှာ မန်းကျည်းတုံရွာကို ပြန်အခြေချတယ်။ သေတော့လည်း မန်းကျည်းတုံရွာမှာပဲ သေတာပဲ။ ဦးဧရာက ဝလုံးလိုလူသားတဲ့။ ဆရာကြီး ရွှေဥဒေါင်းလည်း ဒီသဘောပဲ။ မန္တလေးမြို့မှာ မွေးဖွားတယ်။ စီးပွားရေးအရ အမြို့မြို့အနယ်နယ်မှာ နေထိုင်ဖူးပေမယ့် နောက်ဆုံးကျတော့ မန္တလေးမြို့မှာပဲ ခေါင်းချသွားတာပဲ။ ဝလုံးလိုလူသားပဲ။ Dustin Poirier လည်း လူဝီစီယားနားပြည်နယ်မှာပဲ နောက်ဆုံးပွဲထိုးချင်တာပါ။ Dana White ကိုလည်း အဲဒီလိုပဲ တောင်းဆိုထားတယ်။ Dustin Poirier ကံကောင်းသွားတာရှိပါတယ်။ UFC အဖွဲ့အစည်းက လူဝီစီယားနားပြည်နယ် နယူးအော်လီယန်းမြို့မှာ ပွဲကျင်းပဖို့ရှိပါတယ်။ အဲဒီမှာ နောက်ဆုံးပွဲထိုးဖို့ အခြေအနေကောင်းသွားတယ်။ ပြိုင်ဘက်ရွေးဦးမယ်။ နောက်ဆုံးပွဲမှာ ဂုဏ်သိက္ခာအတွက်ပဲ ထိုးချင်တယ်တဲ့။ Paddy Pimblett ကိုလားဆိုတော့ နိုးပါတဲ့။ နိုင်ရင်လည်း ဂုဏ်သိက္ခာမရှိပါဘူးတဲ့။ ဝလုံးလိုလူသား Dustin Poirier အဆင်ပြေပါစေကွယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - MMA Junkie Photo Credit - Getty Images ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati