
UFC အဖွဲ့အစည်းမှာ Conor McGregor နဲ့ Ilia Topuria တို့က ဖယ်သာဝိတ်တန်းမှာ ရှုံးပွဲမရှိကြပါဘူး။ ဖယ်သာဝိတ်တန်းမှာ Conor McGregor က Dustin Poirier ၊ Max Holloway နဲ့ Jose Aldo တို့ကို ဖြိုချထားတယ်။ Ilia Topuria က Max Holloway ၊ Alexander Volkanovski နဲ့ Josh Emmett တို့ကို နိုင်ထားတာပါ။ ရလဒ်ခြင်းသိပ်မကွာလှပါဘူး။ အကောင်းဆုံးအချိန်တုန်းက ဖယ်သာဝိတ်တန်းမှာ တည်ကြည့်ရင် Conor McGregor က ရုပ်ပိုင်းဆိုင်ရာ အားသာချက်ရှိတယ်။ (၇၄) လက်မဆိုတာ ဖယ်သာဝိတ်တန်းမှာ လက်တံအရှည်ကြီးပါ။ Ilia Topuria ထက်လည်း လက်တံ (၅) လက်မပိုရှည်တယ်။ ပိုမြန်ပိုသွက်သလားလို့။ လက်သီးပါဝါက သိပ်မကွာလှပါဘူး။ ဖယ်သာဝိတ်တန်းမှာ ကစားခိုင်းရင် Conor McGregor နိုင်ဖို့များတယ်။ အခုချိန်မှာလား။ Conor McGregor က ဖယ်သာဝိတ်တန်းအထိ ဆင်းမထိုးပါဘူး။ Ilia Topuria ကလည်း ဘုရင့်နောင်ဖောင်ဖျက်ပြီး လိုက်ဝိတ်တန်းအထိ စွန့်စားလာတယ်။ အခုချိန်တည်ပေးရင် လိုက်ဝိတ်တန်းမှာပဲ ဖြစ်နိုင်တယ်။ Conor McGregor မှာ အားသာချက်ရယ်လို့ လက်တံပဲရှိတာပါ။ Ilia Topuria က အစစအရာရာသာနေပြီ။ အခုချိန်ကစားခိုင်းရင် Conor McGregor ရှုံးဖို့များတယ်။ တကယ်ဆိုရင် Conor McGregor နဲ့ Ilia Topuria တို့က ဖယ်သာဝိတ်အလုံးအထည်တွေပါ။ လိုက်ဝိတ်တန်းမှာ အကောင်သေးတယ်။ ဘာလို့များ စွန့်စားပြီး လိုက်ဝိတ်တက်လာလဲ မပြောတတ်ပါဘူး။ ဝိတ်ချရမှာ ပင်ပန်းတာလည်း ပါလိမ့်မယ်။ Ilia Topuria က နောက်ပွဲကြေညာမယ်တဲ့။ "ကျွန်တော့်ပွဲသတင်းကိုသာ ကြားရရင် ပရိသတ်တွေ ယုံနိုင်မှာ မဟုတ်ဘူး။ စောင့်ကြည့်ထားကြနော်" ဆိုပြီး လူမှုကွန်ရက်မှာ အသိပေးထားတယ်။ ပြိုင်ဘက်က Dustin Poirier လား၊ Max Holloway လား၊ Conor McGregor လားဆိုပြီး ပရိသတ်တွေက မေးထားကြတယ်။ ဘယ်သူမှန်းသာ မသိသေးရတာ ပွဲသတင်းက ဒီရက်ပိုင်းမှာ ကြားရလိမ့်မယ်။ အဲဒါက သေချာတယ်။ အခုရက်ပိုင်းမှာ Ilia Topuria နဲ့ Conor McGregor တွဲဆိုင်း သတင်းထွက်နေတယ်။ လိုက်ဝိတ်တန်းမှာပဲ ဖြစ်လိမ့်မယ်။ Ilia Topuria က လိုက်ဝိတ်တန်းမှာ ချန်ပီယံတန်းတန်းလုချင်တယ်။ ချန်ပီယံမလုရရင်လည်း Conor McGregor လောက်မှ စိတ်ဝင်စားမှာပဲ။ တခြားပြိုင်ဘက်တွေကို စာမလိပ်၊ စိတ်မလာဘူးတဲ့။ ထိုးမယ်ဆိုရင် ဝိတ်တန်းကိုသာ ရွေးလိုက်ပါဆိုပြီး Ilia Topuria က Conor McGregor ကို ပြောထားဖူးတယ်။ အထူးအဆန်းတွေ ကြားရမလား မသိပါဘူး။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - Ilia Topuria Photo Credit - ESPN MMA ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati