
ကြေးစားဆိုတာ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားရမယ်တဲ့။ ပွဲရမယ်ဆိုတိုင်း Short Notice ဝင်မထိုးသင့်ဘူးတဲ့။ ရှုံးရင် ဘယ်သူကမှ အသိအမှတ်မပြုဘူးတဲ့။ ကျွန်တော်ပြောတာ မဟုတ်ပါဘူး။ Dricus du Plessis က Alexander Volkanovski ကို ရည်ရွယ်ပြီး ပြောခဲ့တာပါ။ အခုလည်း ဖြစ်ပြန်ပြီ။ မူလတုန်းက Daniel Dubois နဲ့ Joseph Parker တို့ကို တည်ပေးထားတာပါ။ အဖျားရောဂါကြောင့် Daniel Dubois နှုတ်ထွက်သွားလို့ Martin Bakole က လူစားဝင်ထိုးရတယ်။ ရက်က တအားကပ်နေပြီ။ ကွန်ဂိုနိုင်ငံကနေ ဆော်ဒီအာရေဗျနိုင်ငံအထိ လေယာဉ်စီးလာရတာ ဝိတ်ချိန်ပွဲတောင် မမီဘူး။ ဟဲဗီးဝိတ်တန်းမို့ ကိုယ်အလေးချိန် အကန့်အသတ်မရှိလို့ တော်ပါသေးတယ်။ ပွဲအတွင်းမှာ Martin Bakole က ဘာမှလုပ်မပြနိုင်ဘူး။ လေးလံနေရော။ Joseph Parker ကပဲ ဖိထိုးသွားတယ်။ ပါဝါလက်သီးတွေချည်းပဲ ဖိထိုးတာ Martin Bakole ဘယ်ခံနိုင်မလဲ။ ဒုတိယအချီမှာတင် အလဲထိုးရှုံးသွားတယ်။ တကယ်ဆိုရင် Martin Bakole က အချာကောင်မဟုတ်ဘူး။ Oleksandr Usyk နဲ့ Daniel Dubois ကိုတောင် စိန်ခေါ်နေသေးတယ်။ သေချာပြင်ဆင်ထားရင် ရုပ်ပိုင်းဆိုင်ရာ အားသာချက်ရှိလို့ Joseph Parker ကို နိုင်ဖို့များတယ်။ အခုဟာက လူစားဝင်ထိုးရလို့ Martin Bakole လည်း ဘာမှလုပ်မပြနိုင်ဘူး။ ထောင်မြင် ရာစွန့်မဟုတ်ဘဲ ရာမြင် ထောင်စွန့်ဖြစ်သွားတယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - ESPN Photo Credit - DAZN ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati