
ကြေးစားဘဝမှာ Israel Adesanya ရဲ့ အဓိကပြိုင်ဘက်က ဘရာဇီးဘစိုင်း Alex Pereira ပါပဲ။ (၄) ပွဲတောင် ကစားဖူးထားတာ နည်းတာမှတ်လို့။ ကစ်ဘောက်ဆင်မှာ (၂) ပွဲဖြစ်ပြီး သံဇကာထဲမှာ (၂) ပွဲဖြစ်ပါတယ်။ အစောပိုင်းမှာ သူတို့ချင်းက ခပ်တန်းတန်းပါ။ "Alex Pereira ရဲ့ အားကစားစွမ်းဆောင်ရည်ကို လေးစားပါတယ်၊ လူကို သဘောမကျပါဘူး" လို့တောင် Israel Adesanya က ပြောဖူးတယ်။ လေးစားပေမယ့် အပေါင်းအသင်းမလုပ်ချင်တဲ့သဘောပါ။ နောက်ပိုင်းမှာ Israel Adesanya က စွမ်းဆောင်ရည်ကျပြီး ဘရာဇီးဘစိုင်း Alex Pereira က အတက်ပိုင်းရောက်လာတယ်။ အကျနဲ့အတက်ဖြစ်လာပြီး သံသရာစက်ဝန်းက ပြောင်းပြန်ဖြစ်တာပါ။ အဲဒီအချိန်မှာ ဘရာဇီးဘစိုင်း Alex Pereira က Israel Adesanya ကို ဝန်းရံပေးတယ်။ နောက်ဆုံးပွဲမှာလည်း ဘရာဇီးဘစိုင်း Alex Pereira က Israel Adesanya ကို အားပေးနေတာပါ။ ဝိတ်တန်းမတူတော့လို့ ပြိုင်ဘက်လည်း မဖြစ်နိုင်တော့ဘူး။ အဲဒီတော့ Israel Adesanya ကလည်း ဘရာဇီးဘစိုင်း Alex Pereira ကို သဘောထားပျော့ပျောင်းလာတယ်။ အရင်လို ခပ်မာမာမဟုတ်တော့ဘူး။ အချင်းချင်းအားပေးကြပြီး ကျီး ဘုတ်ရိုသေ၊ ဘုတ် ကျီးရိုသေဖြစ်လာတယ်။ အခုဆိုရင် UFC 312 ပြိုင်ပွဲမှာ အတူထိုင်ကြည့်နေတာပါ။ ဘရာဇီးဘစိုင်း Alex Pereira ပြုံးနေတဲ့ ရှားပါးဓာတ်ပုံပါ။ မဟာပြိုင်ဘက်က မိတ်ဆွေတွေ ဖြစ်သွားတာ မြင်ရတော့ ကြည်နူးမိပါတယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - ESPN Photo Credit - Israel Adesanya ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati