
ONE Fight Night 29 ပြိုင်ပွဲမှာ Dmitrii Kovtun က စိုးလင်းဦးကို အနိုင်ယူသွားပါတယ်။ အမှတ်ပေးဒိုင်လူကြီး (၃) ဦးလုံးက Dmitrii Kovtun ကိုပဲ အနိုင်ပေးခဲ့လို့ Unanimous Decision ဖြစ်သွားတာပါ။ ပွဲမထိုးခင်မှာ စိုးလင်းဦးက Hydration Test မအောင်ခဲ့ဘူး။ ရေပြန်သောက်လိုက်တာ Hydration Test အောင်သွားပေမယ့် ဝိတ်က (၁၄၇.၂၅) ပေါင်ဖြစ်သွားပြီး ဘင်တန်ဝိတ်သတ်မှတ်ချက် (၁၄၅ ပေါင်) ထက် ဝိတ်ပိုသွားတာပါ။ ပထမအချီမှာ Dmitrii Kovtun က စိုးလင်းဦးကို နည်းစနစ်အသာစီးယူသွားတာပါ။ Dmitrii Kovtun က နင်းခြေသုံးပြီး အကွာအဝေးထိန်းထားလိုက်တယ်။ ဘယ်ခြေက Body Kick ကန်ထည့်တယ်။ Body Kick တွေက နံဘေးကိုထိတာ မနည်းပါဘူး။ စိုးလင်းဦးက ကပ်ဖို့ကြိုးစားရင် Dmitrii Kovtun က ပြန်နင်းထားလိုက်တယ်။ ညာထောက်လက်သီးထိုးပြီး ဘယ်ဝိုက်လက်သီးဝင်လာတယ်။ ထောက်လက်သီးတွေက တော်တော်ထိပါတယ်။ ဒီအတိုင်းပဲ လုပ်တာပါ။ စိုးလင်းဦး ကစားတာ လေးတာလည်းပါတယ်။ တစ်ချက်တလေပဲ ပြန်ထိုးနိုင်ပြီး အခံသက်သက်ဖြစ်နေတယ်။ ကြားထဲမှာ Eye Poke ဖြစ်သွားသေးတယ်။ ဒုတိယအချီမှာ စိုးလင်းဦးက ပိုလုပ်ပြနိုင်ပါတယ်။ ပိုလုပ်ပြနိုင်တယ်ဆိုတာကလည်း ပူးကပ်ခွင့်ရသွားလို့ပါ။ ပထမအချီလောက် မခံရတော့ပါဘူး။ ဒါပေမယ့် Dmitrii Kovtun ကပဲ ညာထောက်လက်သီးထိုးပြီး ဘယ်ခြေကန်နေတယ်။ အသာစီးပါပဲ။ စိုးလင်းဦးလည်း Clinch ကောင်းပါတယ်။ ပူးကပ်သွားရင် အားမနိုင်တာက ခက်တယ်။ တတိယအချီမှာ စိုးလင်းဦးက ဘီလူးဆိုင်းတီးပြီး အလဲထိုးချင်တာပါ။ အခွင့်အရေး နည်းနည်းရလိုက်သေးတယ်။ ရှေ့အချီတွေမှာ Dmitrii Kovtun က အသာစီးထိုးနိုင်ပြီဆိုတော့ အလဲထိုးမခံရဖို့အရေးပဲ ကာကွယ်သွားတာပါ။ မြန်မာဖိုက်တာတွေက အစောပိုင်းမှာ ရလဒ်ကောင်းကြတယ်။ Rank တင်ပေးလိုက်ရင် ရှုံးပွဲဆက်သွားကြတယ်။ Chatri Sityodtong က တိုက်ခိုက်ရေးလောကမှာ အံတိုနေပါပြီ။ အခုလောက်ဆိုရင် မြန်မာဖိုက်တာတွေရဲ့ အရည်အချင်းအစစ်အမှန်ကို သိပါပြီ။ ဒီလူတွေက ဒီလောက်ပဲလုပ်ပြနိုင်မှာလေ။ သံပရာပင်က လိမ္မော်သီးမသီးပါဘူး။ မြန်မာဖိုက်တာပွဲလာရင် Live Viewership က တဟုန်ထိုးတက်သွားတာမို့ ချောင်ထိုးမှာ မဟုတ်ဘူး။ မျောက်ပြဆန်တောင်းတဲ့ အကွက်တွေသုံးပြီး ပွဲဆက်ပေးဦးမယ်ထင်တယ်။ စိုးလင်းဦးက အသက် (၃၃) နှစ်ဖြစ်ပြီး အကောင်းဆုံးအချိန်ကို ကျော်လာပါပြီ။ အကောင်းဆုံးအချိန်ကို ကျော်သွားလို့ အခုလို (၃) ပွဲဆက်ရှုံးတာလား။ အဲဒါတော့ မဟုတ်ပါဘူး။ စိုးလင်းဦးရဲ့ အဆင့်ကိုက ဒီလောက်ပါပဲ။ အကောင်းဆုံးအချိန်မှာတောင် အာရှအဆင့်မဟုတ်သလို ကမ္ဘာ့အဆင့်လည်း မဟုတ်ပါဘူး။ ရိုးရာလက်ဝှေ့မှာတောင် အမှတ်ပေးပွဲဆိုရင် ရင်တမမကြည့်ခဲ့ရဖူးလို့ပါ။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - SCMP Photo Credit - ONE Championship ကျော်စိုးအောင် (Myanmar Fight Edition)
© COPYRIGHTS 2024 by illuminati