
UFC 312 ပြိုင်ပွဲရဲ့ ဒုတိယခေါင်ပွဲမှာ Zhang Weili နဲ့ Tatiana Suarez တို့က စတောဝိတ်ချန်ပီယံလုကြမယ်။ စတောဝိတ်တန်းမှာ Zhang Weili က တစ်ကောင်တည်းပြေးတဲ့ မြင်းလိုပဲ။ ထိပ်ပိုင်းဖိုက်တာတွေကို ဖြိုချထားပြီ။ Carla Esparza က အနားယူသွားသလို Rose Namajunas နဲ့ Jessica Andrade တို့ကလည်း ဖလိုင်းဝိတ်တန်းကို တက်သွားပြီမို့ Zhang Weili အတွက် လုပ်စရာသိပ်မကျန်တော့ဘူး။ Tatiana Suarez ကိုသာ ရှင်းထုတ်လိုက်ရင် လူကုန်သလောက်ဖြစ်သွားပြီ။ Tatiana Suarez က (၅) မိနစ် (၅) ချီပွဲ မထိုးဖူးသေးဘူး။ (၂၅) မိနစ်ပြည့်အောင် မကစားဖူးသေးဘူး။ အတွေ့အကြုံအားနည်းသေးတယ်လို့ ယူဆရပေမယ့် ပေါ့သေးသေးတော့ မဟုတ်ပါဘူး။ Jessica Andrade ၊ Carla Esparza နဲ့ Alexa Grasso တို့လို ချန်ပီယံဟောင်းတွေကို နိုင်ထားပြီးပါပြီ။ Tatiana Suarez က ကမ္ဘာ့ထိပ်တန်းနပန်းသမားပါ။ ကမ္ဘာ့အဆင့်နပန်းပြိုင်ပွဲကြီးတွေမှာလည်း ဆုတံဆိပ်တွေ သိမ်းပိုက်ထားပါတယ်။ Zhang Weili က Well Rounded ဖြစ်ပြီး စွယ်စုံကစားနိုင်တယ်။ အရွယ်နဲ့မလိုက်အောင် သန်မာလွန်းပါတယ်။ တော်ရုံဆွဲလှဲလို့ မရနိုင်ပါဘူး။ အမျိုးသမီးဖိုက်တာထဲမှာ ပြီးခြေပြီးလက်အပြည့်ရှိပါတယ်။ ပုံစံမျိုးစုံသုံးပြီး ပွဲသိမ်းကစားနိုင်တယ်။ ကြေးစားဘဝမှာ အတွေ့အကြုံအရင့်ဆုံးအချိန်ကို ရောက်နေတယ်။ Tatiana Suarez က အတွေ့အကြုံနုသေးပေမယ့် နပန်းစွမ်းရည်ပိုကောင်းတယ်။ ရုပ်ပိုင်းဆိုင်ရာကို အကဲခတ်ရင်လည်း Tatiana Suarez က အသက်၊ အရပ်၊ လက်တံနဲ့ Reach သာနေတယ်။ အလုံးအထည်ပိုကြီးမယ်လို့လည်း သုံးသပ်မိတယ်။ တကယ်ဝင်လုံးလိုက်ရင် Zhang Weili မလွယ်လောက်ဘူး။ အချီကြာလာရင် Tatiana Suarez သက်လုံကျလာနိုင်တယ်။ သက်လုံပိုင်းပြင်ထားရင် ရလဒ်ကောင်းနိုင်ပါတယ်။ ဒုတိယခေါင်ပွဲမှာ ကျွန်တော်က Zhang Weili ကို မေ့ထားလိုက်ပါမယ်။ And New ပါလို့ ဆိုပါရစေ။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - ESPN Photo Credit - UFC ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati