
Nassourdine Imavov က Israel Adesanya ကို ဒုတိယအချီမှာတင် အလဲထိုးသွားပါတယ်။ UFC PPV Event တွေမှာ ခေါင်ပွဲဆက်ထိုးခဲ့ရပြီး ဝင်ငွေသန်းချီရှာနိုင်ပေမယ့် Israel Adesanya က ရလဒ်မကောင်းလို့ UFC Fight Night ပြိုင်ပွဲမှာ ဆင်းခဲ့ရာမှ အခုလိုအလဲထိုးခံရတာပါ။ အသက်အရွယ်အရလည်း တက်လူကို ဘယ်ယှဉ်နိုင်မလဲ။ Israel Adesanya ဆိုတာ နဂိုတည်းကမှ Well Rounded Player မဟုတ်ခဲ့တာပဲ။ Reach နဲ့ Speed ကို အားပြုခဲ့ပေမယ့် အသက်အရွယ်ကြောင့် Speed ကျတဲ့အချိန်မှာ ရလဒ်မကောင်းတာပါပဲ။ Israel Adesanya က အရင်လောက် မမြန်တော့ဘူး။ ပထမအချီလောက်မှာတင် သက်လုံထိနေပြီး ချွေးထွက်များနေတယ်။ ဒုတိယအချီမှာ Right Overhand ထိပြီး လဲကျသွားရတယ်။ အပီအပြင်ကို ထိတာပါ။ သံဇကာဘေးမှာ Nassourdine Imavov က ဘယ်ပင့်လက်သီးဆင့်ထိုးနေတာမို့ ကြိုးဝိုင်းဒိုင်က ပွဲရပ်လိုက်ပါတယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - ESPN Photo Credit - UFC ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati