
အခုအပတ်မှာ တွဲဆိုင်းတွေက မြိုင်ဆိုင်နေပါတယ်။ ဖေဖော်ဝါရီလ (၂၀) ရက်မှာ Aung La Nsang နဲ့ Martin Nguyen တို့ ပါဝင်တဲ့ ONE 171 ပြိုင်ပွဲရှိပါတယ်။ ဒီအကြောင်းက လူတိုင်းသိနေပြီမို့ ချန်ထားခဲ့ပါဦးမယ်။ အခုပြောချင်တာ ဖေဖော်ဝါရီလ (၂၂) ရက်မှာ ကျင်းပမယ့် Artur Beterbiev နဲ့ Dmitry Bivol တို့ရဲ့ မကျေပွဲဖြစ်ပါတယ်။ မကျေပွဲပြီးရင် တတိယပွဲမရှိပါဘူး။ ဘယ်သူပဲနိုင်နိုင် David Benavidez က အသင့်စောင့်နေပါမယ်။ အောက်တိုဘာလတုန်းက ပထမပွဲထိုးခဲ့ပါတယ်။ စာချုပ်မှာ Rematch Clause ပါတယ်။ ရှုံးတဲ့ကစားသမားက မကျေပွဲတောင်းဆိုခွင့်ရှိပါတယ်။ ပထမပွဲမှာ Artur Beterbiev က Dmitry Bivol ကို နိုင်သွားပါတယ်။ အနိုင်အရှုံးထွက်ပေမယ့် စွမ်းဆောင်ရည်က သိပ်မကွာပါဘူး။ အမှတ်ပေးဒိုင်တစ်ဦးက သရေပေးပေမယ့် ကျန်နှစ်ဦးက Artur Beterbiev ကို အနိုင်ပေးလိုက်လို့ Majority Decision ဖြစ်ပါတယ်။ စာချုပ်ပါ Rematch Clause အရ Dmitry Bivol က ပြန်စိန်ခေါ်လို့သာ မကျေပွဲဖြစ်လာတာပါ။ တွဲဆိုင်းတွေက အကြမ်းစားတွေချည်းပါပဲ။ ဒုတိယခေါင်ပွဲက Daniel Dubois နဲ့ Joseph Parker ဖြစ်ပါတယ်။ Daniel Dubois က (၃) ပွဲဆက်နိုင်ထားပြီး IBF Heavyweight Champion ဖြစ်ပါတယ်။ Joseph Parker က (၅) ပွဲဆက်နိုင်ပြီး အခုလို စိန်ခေါ်ခွင့်ရတာပါ။ အနိုင်ရသူက IBF Heavyweight Champion ဖြစ်လာပြီး ခါးပတ်ပေါင်းစည်းပွဲမှာ Oleksandr Usyk ကို ကစားဖို့များပါတယ်။ Shakur Stevenson နဲ့ Floyd Schofield တို့ရဲ့ လိုက်ဝိတ်ချန်ပီယံလုပွဲလည်း ပါပါသေးတယ်။ အိုလံပစ်ငွေတံဆိပ်ဆုရှင် Shakur Stevenson က ကြေးစားဘဝမှာ ရှုံးပွဲမရှိသေးဘဲ WBC Lightweight Champion ဖြစ်ပါတယ်။ လူငယ်လေး Floyd Schofield ကလည်း ရှုံးပွဲမရှိပါဘူး။ နာမည်ကျော်ကို တက်စိန်ခေါ်တာပါ။ ဆော်ဒီအာရေဗျနိုင်ငံမှာ ကျင်းပမှာဖြစ်လို့ ဒေသစံတော်ချိန်အတိုင်း ထိုးသတ်သွားမှာဖြစ်ပြီး တနင်္ဂနွေနေ့ မနက်အစောပိုင်းမှာ ကြည့်ရပါမယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - DAZN Photo Credit - Turki Alalshikh ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati