
UFC 311 ပြိုင်ပွဲမှာ Jamahal Hill နဲ့ Umar Nurmagomedov က ကျွန်တော့်မျက်နှာကို အိုးမည်းသုတ်တယ်။ ကျွန်တော်က အခုထိ မေတ္တာပို့လို့ မဆုံးဘူး။ တခြားလူတွေကို ခန့်မှန်းတာ မှန်ပေမယ့် သူတို့ကျမှ လွဲတာပဲ။ စိတ်ထဲမှာ Jamahal Hill က အလဲထိုးနိုင်မယ်လို့ ထင်ထားတာပါ။ အလဲထိုးတော့ အလဲထိုးပဲ။ သူအလဲထိုးခံရတာဖြစ်သွားတယ်။ ပြောလို့သာ ပြောတာ။ Jiri Prochazka နဲ့ Jamahal Hill တို့က ဒီလောက်ကွာလှတာ မဟုတ်ဘူး။ ပထမအချီမှာ Jiri Prochazka သာပြီး ဒုတိယအချီမှာ Jamahal Hill ပြန်သာတာမို့ ဘတစ်ပြန် ကျားတစ်ပြန်ပါပဲ။ တတိယအချီမှာ Jiri Prochazka ပြန်သာလာတယ်။ အကြီးတန်းပါဝါဆိုတော့ သိတဲ့အတိုင်းပဲ။ ဘယ်သူမဆို ထိရင် ကျသွားမှာပါ။ Jamahal Hill လည်း သတိထားကစားနေရတယ်။ ဒါပေမယ့် Jiri Prochazka က ခပ်လောလော၊ ခပ်ပြာပြာသမားမို့ အခုလို သာနေတာတောင် အချိန်မရွေးနိမ့်သွားနိုင်တယ်။ Jamahal Hill က မူးနောက်နေလို့သာ အလဲထိုးခံရတာပါ။ ပိုဆိုးတာက Umar Nurmagomedov ရယ်။ နပန်းပိုင်းက သိပ်မကွာဘူးဆိုပြီး ကြိုတွေးပြီးသားပါ။ တကယ်တမ်းလည်း မကွာပါဘူး။ တကယ်ကွာတာက သက်လုံနဲ့ ကြံ့ခိုင်ရည်ပဲ။ လူငယ်ဆိုတော့ အချီပြည့်ထိုးနိုင်မယ်လို့ တွက်ထားတယ်။ အဲဒါက မဟာအမှားပဲ။ သူများကို လုပ်ရင်သာ အဆင်ပြေတာ၊ ကိုယ်တိုင်ခံရရင် အကွက်ပျောက်ရော။ Merab Dvalishvili က Striking တိုးတက်လာတယ်။ ယှဉ်ထိုးတာတောင် ထင်သလောက် မနိမ့်ပါဘူး။ ပထမအချီမှာ ထိချက်မကွာပေမယ့် Umar Nurmagomedov က နည်းနည်းလေးသာတယ်။ ဒုတိယအချီမှာလည်း Umar Nurmagomedov သာတာပဲ။ ပထမဆုံးဝင်လုံးနိုင်တာလည်း သူပဲ။ ဒါပေမယ့် တတိယအချီလည်းရောက်ရော မဟန်ချင်တော့ဘူး။ Merab Dvalishvili ကလည်း ဖိအားပေးထားလိုက်တာ နည်းတာကြီးမဟုတ်ဘူး။ Umar Nurmagomedov က အချီကြာလေ နိမ့်လေကို ဖြစ်လာတာပါ။ နောက်ဆုံးအချီမှာ ဘာမှမလုပ်နိုင်တော့ဘူး။ အရုပ်လေးကို သူများကိုင်ပေါက်တာ ခံနေရတယ်။ Khabib Nurmagomedov လည်း အရှက်ကွဲတာပဲ။ အကူလူတစ်ဖွဲ့လုံး သောက်ရှက်ကွဲတာပါ။ Merab Dvalishvili က အနိုင်ရလဒ်ကို ကျေနပ်နေပြီ။ သိပ်မလုပ်ချင်တော့ဘူး။ နောက်ဆုံးအချီမှာ နည်းနည်းဖိပေးလိုက်ရင် ရလဒ်ပိုကောင်းနိုင်တယ်။ ပွဲဖြတ်နိုင်မယ်လို့ မသေချာပေမယ့် ထပ်ကြမ်းလို့ရသေးတာ အမှန်ပဲ။ Umar Nurmagomedov ကို လုပ်ချင်တိုင်းလုပ်ပြပြီး Khabib Nurmagomedov ကို ပြောင်ပြနေတယ်။ လှောင်လိုက်တာ ပြောင်လိုက်တာ နည်းတာကို မဟုတ်ဘူး။ Khabib Nurmagomedov တို့အဖွဲ့က သူတို့နိုင်မယ်လို့ ထင်နေကြတယ်။ ဒီလောက်ရလဒ်ပြတ်သားနေတာကို And New မျှော်မှန်းနေကြတယ်။ ကိုယ့်ညီကို ချန်ပီယံဖြစ်စေချင်တာ လူ့သဘာဝပါပဲလေ။ Bruce Buffer က And Still ကြေညာလိုက်လို့ ကြိုးဝိုင်ဒိုင်က Merab Dvalishvili ကို လက်မြှောက်ပေးတဲ့အချိန်မှာ Umar Nurmagomedov က လက်မြှောက်မလို လုပ်လိုက်သေးတယ်။ ဒါတွေကို ရုပ်သံမှာ ရှင်းရှင်းလင်းလင်းမြင်နေရပါတယ်။ Merab Dvalishvili က အကြမ်းစားသက်လုံကြီး။ မောင်မင်းကြီးသား Jamahal Hill နဲ့ Umar Nurmagomedov တို့လည်း ကျန်းမာချမ်းသာပါစေ။ စာဖတ်သူတွေ ဘေးကင်းပါစေ။
© COPYRIGHTS 2024 by illuminati