
ကစားသမားတွေမှာ လက်သုံးစကားရှိကြတယ်။ Michael Chandler ဆိုရင် See You at the Top ပေါ့လေ။ Khabib ဆိုရင် Send Me Location ပါတဲ့။ ဒါတွေကို တော်တော်များများ သိပြီးသားဖြစ်မှာပါ။ ဘရာဇီးဘစိုင်း Alex Pereira က Chama လို့ပဲ ပြောတယ်။ Chama ရဲ့ အဓိပ္ပာယ်ကိုလည်း သိတဲ့လူတွေ သိလိမ့်မယ်။ အခုက မသိသေးတဲ့ စာဖတ်သူတွေအတွက် ရည်ရွယ်ပါတယ်။ Chama ဆိုတာ ကမ္ဘာ့ဇာတ်ခုံမှာ အသုံးများတဲ့ စကားလုံး မဟုတ်ပါဘူး။ ဘရာဇီးဘစိုင်း Alex Pereira ပြောလို့သာ လူသိများလာတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဘာသာစကားကို အရင်ဆုံးရှင်းပြပါမယ်။ ပေါ်တူဂီနိုင်ငံက ဘရာဇီးနိုင်ငံကို အုပ်ချုပ်ဖူးတာဖြစ်တဲ့အတွက် လက်ရှိအချိန်မှာ ဘရာဇီးနိုင်ငံရဲ့ ရုံးသုံးစကားက ပေါ်တူဂီဘာသာစကားပါ။ Chama ဆိုတာလည်း ပေါ်တူဂီဘာသာစကားပါပဲ။ Chama ရဲ့ အဓိပ္ပာယ်က အများကြီးရှိပါတယ်။ တိုက်ရိုက်ဘာသာပြန်ရရင် မီးတောက် ဒါမှမဟုတ် အပူပါပဲ။ အခြေအနေကိုလိုက်ပြီး ဗန်းစကားလုပ်ကြပါသေးတယ်။ ဘရာဇီးဘစိုင်း Alex Pereira သုံးတဲ့ Chama က မီးတောက်မဟုတ်ပါဘူး။ Let's Go ပါတဲ့လေ။ ချလိုက်ကြရအောင် (ဆော်လိုက်ကြရအောင်) လို့ အဓိပ္ပာယ်ရပါတယ်။ Chama ရဲ့ အဓိပ္ပာယ်ကို ဘရာဇီးဘစိုင်း Alex Pereira က Jamahal Hill ကို UFC 300 Embedded: Vlog Series မှာ ရှင်းပြဖူးပါတယ်။ Chama ဆိုတာ ဘာလဲလို့ လာမေးတော့ Let's Go ပါတဲ့။ တော်တော်များများ သိပြီးသားဖြစ်ပေမယ့် မသိသေးတဲ့ စာဖတ်သူတွေကို ရည်ရွယ်ပြီး ရေးလိုက်တာပါ။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - UFC 300 Embedded: Vlog Series Photo Credit - ESPN MMA ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati