
ရှေးလူကြီးတွေက ထိုးကွင်းထိုးကြတယ်။ ပေါင်မှာ အရုပ်တွေပြည့်လို့။ ကျွန်တော့်အဖိုးရဲ့ ခန္ဓာကိုယ်မှာ ထိုးကွင်းပါတယ်။ ဒုတိယကမ္ဘာစစ်နဲ့ ဂျပန်ခေတ်ကို မီလိုက်တယ်တဲ့။ သူတို့ခေတ်မှာ စုပ်ပေါက်ပြီး ထိုးကွင်းထိုးတာပါ။ အခုခေတ်ကို စက်ထိုးမဟုတ်ဘူး။ တချို့က အဆောင်သဘောမျိုးထိုးကြတယ်၊ တချို့က အလှအပထိုးကြတာပါ။ ရှေးခတ်တုန်းက ထိုးကွင်းမရှိရင် ယောက်ျားမပီသဘူးလို့ အယူရှိကြတယ်။ အားကစားကို ပြန်ကြည့်ရင်လည်း တချို့ကစားသမားတွေက တက်တူးထိုးကြတယ်။ အိုင်းရစ်ကြီး Conor McGregor ရဲ့ တက်တူးတွေက တော်တော်လှတယ်။ Cody Garbrandt နဲ့ Ilia Topuria တို့လည်း တက်တူးလှတာပါပဲ။ ကျွန်တော်က Deontay Wilder ရဲ့ တက်တူးကို မကြိုက်ဘူး။ အာဖရိကန် အမေရိကန်ဆိုတော့ တက်တူးက အနီရောင် ဒါမှမဟုတ်ရင်လည်း တခြားအရောင်သုံးသင့်တာပါ။ အနက်ရောင်သုံးထားတော့ တက်တူးသာ ထိုးထားတာ အရောင်မပေါ်ဘူး။ ဒီအတောအတွင်းမှာ တက်တူးစထိုးတဲ့ ကစားသမားတွေကိုလည်း သတိထားမိတယ်။ ပထမဆုံးက Dan Hooker ဖြစ်ပါတယ်။ အရင်တုန်းက ပိန်ရှည်ရှည် ဖြူပျော့ပျော့ပုံစံပါ။ တက်တူးထိုးထားလိုက်တာ ကျားစီးဝါးစီးဖြစ်လာတယ်။ ဝိတ်ကလည်း တင်ထားသေး။ တကယ့်ကို လူမိုက်ရုပ်ထွက်လာတယ်။ ဖယ်သာဝိတ်မွေထိုင်းချန်ပီယံ Tawanchai လည်း အရင်က တက်တူးမတွေ့မိပါဘူး။ ရုပ်က မင်းသားရုပ်။ မာချက်က လန်ထွက်နေရော။ အခုနောက်ပိုင်းမှာ တက်တူးထိုးထားတယ်။ ရုပ်ပိုရင့်သလို ခံစားမိပါတယ်။ မနေ့ကမှ တွေ့မိတာပါ။ သွေးသစ်ဝင်းလှိုင်လည်း ဘယ်လက်မောင်းမှာ တက်တူးထိုးထားတယ်။ အရင်တည်းက တက်တူးနည်းနည်းရှိဖူးပေမယ့် ဒီလောက်မထင်ရှားပါဘူး။ အခုတက်တူးက ပိုလှလာတယ်။ တော်တော်ကြည့်ကောင်းပါတယ်။ ဖိုက်တာရုပ်ပိုထွက်လာသလားလို့လေ။ အသားဖြူတော့ ပိုလိုက်ဖက်တယ်။ စကားစပ်မိလို့ပြောရရင် သွေးသစ်ဝင်းလှိုင်က ထရိမ်နင်လျော့နေသလားလို့ပဲ။ Behind the Scene ကို သေချာမသိလို့ ပြောရတာ ခက်ပါတယ်။ (၃) ချီပွဲမို့လို့ သက်လုံပြင်မထားသလားပဲလေ။ အောင်ခိုင်ကို မာမာထန်ထန်မတုံ့ပြန်နိုင်တာ မျက်မြင်ပဲ။ သွေးသစ်ဝင်းလှိုင်က ပြိုင်ဘက်ကို လျှော့တွက်ထားသလို ဖြစ်နေတယ်။ နည်းနည်းကြာလာတော့ ပြိုင်ဘက်လျော့နေမှန်း အောင်ခိုင်က ရိပ်မိလာတယ်။ အဲဒီတော့ အောင်ခိုင်က အတင်းလိုက်ထိုးပြီး တိုက်စစ်ကို ဦးဆောင်ကစားသွားတယ်။ ဒါပေမယ့် လက်သီးချက်တွေက အလေအလွင့်များလွန်းတယ်။ သွေးသစ်ဝင်းလှိုင်ရဲ့ လက်သီးချက်နဲ့ ဒူးတိုက်ချက်တွေက အဖိတ်အစင်နည်းတယ်။ ဘာရယ်မဟုတ်ပါဘူး၊ တက်တူးလေးမြင်မိလို့ ဆက်စပ်ရေးလိုက်တာပါ။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - UFC Photo Credit - Getty Images ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati