
ကျွန်တော်တွေ့ဖူးသလောက် ပြောရရင် မကျေပွဲမထိုးသင့်တဲ့ ကစားသမားဆိုတာ ရှိကိုရှိတယ်။ Floyd Mayweather ကိုပဲ မြင်လွယ်အောင် ခိုင်းနှိုင်းချင်တယ်။ ပထမပွဲမှာ Floyd Mayweather က Marcos Maidana ကို အနိုင်ရပေမယ့် တော်တော်နာပါတယ်။ နိုင်သာနိုင်တာ၊ စွမ်းဆောင်ရည်က အဲလောက်မကွာလှပါဘူး။ ပရိသတ်တွေ အမြင်ရှင်းအောင် မကျေပွဲကို ချက်ချင်းတည်ပေးတယ်။ မကျေပွဲမှာ Marcos Maidana က လုပ်မပြနိုင်တော့ဘူး။ Floyd Mayweather ကပဲ စိုးမိုးသွားတယ်။ တစ်လက်စတည်းပြောရရင် Marcos Maidana က Floyd Mayweather ကို ဆက်ထိုးပြီး တော်တော်ခိုင်သွားတယ်။ အာဂျင်တီးနား ဆရာသမား Marcos Maidana က ငွေထုတ်ပိုက်ပြီး အနားယူတယ်။ ဝီစကီသောက်လိုက် ဆေးပြင်းလိပ်သောက်လိုက်လုပ်ပြီး လောကစည်းစိမ်ကို ခံစားနေတယ်။ ဆက်ပြောရရင် ဒီလူကြီးက တော်တော်မာတယ်။ လက်သီးပါဝါလည်း ကောင်းတယ်။ ကြေးစားဘဝမှာ ရှုံးပွဲရှိဖူးပေမယ့် အလဲထိုးမခံရဖူးဘူး။ နောက်တစ်ယောက်က Jon Jones ပဲ။ ဒီဆရာကိုလည်း ပထမပွဲမှာတင် အနိုင်ထိုးထားပါ။ မကျေပွဲမှာ ပြန်နိုင်မယ်လို့ ယောင်လို့တောင် မျှော်လင့်မနေနဲ့။ အမှတ်တရပြောချင်သေးတယ်။ ပထမပွဲမှာ Jon Jones က Alexander Gustafsson ကို အမှတ်ပြတ်နိုင်တယ်။ ပထမပွဲမှာ Alexander Gustafsson ရဲ့ ဘောက်ဆင်စကေးက တော်တော်ကောင်းတာမို့ Jon Jones မှာလည်း ဖူးရောင်သွားရတယ်။ နှုတ်ခမ်းကြီးကို ထော်လို့။ တော်တော်နာတယ်။ အခုထိလည်း ဂန္တဝင်မြောက်တွဲဆိုင်းပါ။ ကျွန်တော်တော့ တော်တော်ကြိုက်တယ်။ စိတ်ဝင်စားရင် ဒီမှာ bit.ly/41Hohjn ကြည့်ပါ။ နောက် (၅) နှစ်လောက်ကြာတော့ မကျေပွဲပြန်ထိုးကြတယ်။ အဲဒီအချိန်မှာ Alexander Gustafsson က ဘာမှကို မလုပ်နိုင်တော့ဘူး။ Jon Jones ကပဲ ဝင်လုံးပြီး ထုထောင်းနေလိုက်တာ တတိယအချီမှာတင် ကိစ္စပြတ်တယ်။ မကျေပွဲမှာ လက်ရည်ကွာသွားတယ်။ ဆက်ပြောရရင် ပထမပွဲမှာ Jon Jones က Daniel Cormier ကို အမှတ်ပြတ်နိုင်တာပါ။ UFC အဖွဲ့အစည်းမှာ Daniel Cormier ကို ပထမဆုံးဆွဲလှဲနိုင်ခဲ့တာ Jon Jones ပါပဲ။ နောက် (၂) နှစ်လောက်ကြာတော့ မကျေပွဲဆက်ထိုးဖြစ်သေးတယ်။ အစောပိုင်းမှာ Daniel Cormier က တော်တော်ကောင်းတယ်။ ပူးကပ်ပြီး အတိုလေးတွေ ထိုးတာပါ။ ဆရာကြီး Jon Jones က ဆောက်တည်ရာမရဖြစ်နေတယ်။ ဒါပေမယ့် လူလည်ပါ။ အမြင့်ကန်ထည့်လိုက်တယ်။ မူးနောက်နေမှန်းသိတော့ သံဇကာဘေးမှာ ခွထိုးလိုက်တာ ဒိုင်ပွဲရပ်ဖြစ်သွားတယ်။ ပထမပွဲကမှ (၅) ချီပြည့်သေးတယ်၊ မကျေပွဲလည်း ရောက်ရော အချီပြည့်အောင် မထိုးလိုက်ရဘူး။ ခါးပတ်အကြောင်းပြောရဦးမယ်။ Jon Jones က Daniel Cormier ကို အလဲထိုးပြီး ခါးပတ်ရပါတယ်။ ဒါပေမယ့် ဆရာသမားက တားမြစ်ဆေးသုံးထားတော့ ရလဒ်က ပယ်ဖျက်ခံရတယ်။ အလဲထိုးနိုင်ပွဲထက် ပွဲပျက်ဖြစ်သွားတာပါ။ ရလဒ်ပယ်ဖျက်ခံရပေမယ့် ခါးပတ်ကို လာမသိမ်းပါဘူး။ ခါးပတ်အပိုင်ရလိုက်တယ်။ ကံကောင်းချက်ပဲ။ Floyd Mayweather နဲ့ Jon Jones တို့မှာ တူညီတဲ့အချက်က ပြိုင်ဘက်ကို Analysis လုပ်တာပါ။ ပထမပွဲမှာ ခံကောင်းခံရလိမ့်မယ်။ ဘာဖြစ်လို့ ခံလိုက်ရတာလဲ။ သူပြန်သုံးသပ်တယ်။ ကိုယ့်အားနည်းချက်က ဘာလဲ။ ဘာလို့ခံရတာလဲ။ ပြိုင်ဘက်ရဲ့ အားသာချက်က ဘာလဲ။ သူသေချာကြည့်တယ်။ ဆရာသမားက မကျေပွဲမှာ အိမ်စာလုပ်ထားပြီခင်ဗျာ။ ပြိုင်ဘက်တွေက မကျေပွဲမှာ ဘာမှမလုပ်နိုင်ဘဲ အရှုံးပေးရတာပဲ။ သူတို့ကိုနိုင်ချင်ရင် ပထမပွဲမှာပဲ အနိုင်ထိုးလိုက်ပါ။ မကျေပွဲကို လက်မခံပါနဲ့တော့။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - ESPN Photo Credit - Getty Images ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati