
ပွဲစီစဉ်သူတွေက ကစားသမားတွေကို ပွဲလုပ်ပေးရတယ်။ အခမ်းအနား၊ အပြင်အဆင်နဲ့ ပွဲကိစ္စတွေကို ငွေစိုက်ပြီး စီစဉ်ပေးရတယ်။ အဲဒီအတွက် ပျမ်းမျှအားဖြင့် ကစားသမားထိုးကြေးရဲ့ (၂၅) ရာခိုင်နှုန်းကို ပြန်ယူတယ်။ ဟိုးအရင်တုန်းက Floyd Mayweather နဲ့ Bob Arum တို့ဟာ လက်တွဲထားတာပါ။ ထိုးကြေးမြင့်လာတဲ့အခါမှာ ပွဲစီစဉ်သူ Bob Arum ကို ခွဲပေးရတဲ့ ပမာဏကလည်း အရင်ထက် ပိုများလာတယ်။ အမြင်ကျယ်လာတဲ့ Floyd Mayweather က ပိုက်ဆံခွဲမပေးချင်တော့ဘူး။ ၂၀၀၆ ခုနှစ်မှာ Floyd Mayweather က ဒေါ်လာ (၇) သိန်းခွဲလျော်ပြီး စာချုပ်ဖျက်သိမ်းလို့ Free Agent လုပ်လိုက်တယ်။ အဲခေတ်တုန်းက အတော်များတဲ့ လျော်ကြေးပမာဏပါ။ ကိုယ့်ကိုယ်ကိုယ် လောင်းကြေးထပ်လိုက်တာပဲ။ ကိုယ်ပိုင်ပရိုမိုးရှင်းက မအောင်မြင်ရင် မွဲပြာကျသွားနိုင်တယ်။ ၂၀၀၇ ခုနှစ်မှာ Floyd Mayweather နဲ့ 50 Cent တို့က TMT Promotions (The Money Team) ကို တည်ထောင်လိုက်တယ်။ ကိုယ်ထိုးတဲ့ပွဲတွေကို TMT Promotions ကပဲ ကိုယ်တိုင်စီစဉ်သလို တခြားဖိုက်တာတွေကို စာချုပ်တယ်။ နောက်ပိုင်းမှာ သူတို့ချင်းက သဘောထားကွဲလွဲပြီး TMT Promotions က ရပ်သွားတယ်။ (မှတ်ချက် - ပရိုမိုးရှင်းရပ်သွားပေမယ့် TMT ဖက်ရှင်ကုမ္ပဏီကို Floyd Mayweather က ဦးစီးထားဆဲပါ) Floyd Mayweather က ပွဲစီစဉ်ရတဲ့ အရသာကို သိသွားပြီ။ ပွဲစီစဉ်သူကို ထိုးကြေး (၂၅) ရာခိုင်နှုန်း ခွဲပေးစရာ မလိုဘူး။ Mayweather Promotions ကို ထပ်လုပ်လိုက်တယ်။ မန်နေဂျာ Al Haymon ကို အကြံပေးခန့်တယ်။ Leonard Ellerbe ကို အမှူဆောင်အရာရှိချုပ်ခန့်တယ်။ Floyd Mayweather က ဘယ်ပွဲစီစဉ်သူကိုမှ ပိုက်ဆံခွဲပေးစရာ မလိုဘူး။ Mayweather Promotions ရဲ့ ဝန်ထမ်းတွေကိုပဲ လစာပေးရုံပဲ။ Gervonta Davis နဲ့ Angelo Leo တို့လို စူပါစတားတွေကို စာချုပ်ခဲ့ဖူးတယ်။ ဘောက်ဆင်ပွဲအပြင် ဂီတပွဲတွေကိုလည်း စီစဉ်သေးတယ်။ အခုချိန်မှာ Mayweather Promotions က ထိပ်တန်းဖြစ်နေပါပြီ။ ၂၀၀၆ ခုနှစ်တုန်းကသာ ပွဲစီစဉ်သူ Bob Arum ဆီကနေ ခွဲမထွက်ခဲ့ရင် ထိုးကြေးမြင့်သည့်တိုင်အောင် Floyd Mayweather က အခုလောက် မချမ်းသာဘူး။ အချမ်းသာဆုံး ဘောက်ဆင်သမားဖြစ်ဖို့ဆိုရင် ကြိုးဝိုင်းထဲမှာ ကောင်းနေရုံတင် မပြီးသေးဘူး။ စီးပွားရေးအမြင်ရှိပြီး လုပ်ရဲကိုင်ရဲဖို့လည်း လိုအပ်သေးတယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - Forbes ၊ ESPN Photo Credit - Getty Images ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati