
Canelo Alvarez နဲ့ Terence Crawford တို့က စက်တင်ဘာလမှာ ကစားမယ်လို့ သတင်းထွက်လာတယ်။ ကစားသမားတွေက သဘောတူထားတယ်တဲ့။ နာမည်ကျော် သတင်းထောက် Mike Coppinger ပြောတာမို့ ပွဲသတင်းက အတည်ပါ။ Canelo Alvarez နဲ့ Terence Crawford တို့က စူပါမစ်ဒယ်ဝိတ် (၁၆၈ ပေါင်) တန်းမှာ ကစားမှာပါ။ မြင်လွယ်အောင်ပြောရရင် လိုက်မစ်ဒယ်ဝိတ် (၁၅၄ ပေါင်) တန်းချန်ပီယံက ဝိတ်တန်းတက်ပြီး လာထိုးတာပါ။ ဝိတ်တန်း (၂) တန်းတောင် တက်ထိုးတာပါ။ Terence Crawford က Canelo Alvarez ထက် အရပ်နဲ့ လက်တံသာနေတာမို့ ဝိတ်တန်းတက်ထိုးရဲတာပါ။ ထုထည်တင်ရင် အလုံးအထည်မကွာလောက်ဘူးလို့လည်း ယူဆထားပုံပေါ်တယ်။ Canelo Alvarez က Terence Crawford ထက် တော်တော်ကြီးတာ အမှန်ပဲ။ အခုတွဲဆိုင်းကို အရင်တည်းက စီစဉ်နေတာပါ။ Canelo Alvarez ဘက်က အင်တင်တင်လုပ်နေလို့သာ ပွဲမဖြစ်ခဲ့တာပါ။ Terence Crawford ကို မထိုးရဲလို့တော့ မဟုတ်ဘူး။ ထိုးကြေးခေါ်တာ ဖြစ်ဖို့များတယ်။ အရပ်စကားပြောရရင် စျေးကိုင်ထားတာပါ။ ဒေါ်လာ (၁၅၀) သန်းရရင် ကစားမယ်လို့ အရင်တည်းက ပြောဖူးတယ်။ Terence Crawford က Canelo Alvarez ကို ရှုံးသွားလည်း လိုက်မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်တွေကို စွန့်လွှတ်ရမှာ မဟုတ်ပါဘူး။ နိုင်ရင် စူပါမစ်ဒယ်ဝိတ်ချန်ပီယံဖြစ်လာပါမယ်။ မရ အရင်း၊ ရ အမြတ်ဆိုပေမယ့် ဝိတ်တန်းတက်ထိုးရတာမို့ အန္တရာယ်များပါတယ်။ ဝိတ်တန်းတက်ထိုးတဲ့ ဖိုက်တာတွေကို လက်ခံကစားပေးတာ Canelo Alvarez အတွက် အထူးအဆန်းမဟုတ်ပါဘူး။ လိုက်မစ်ဒယ်ဝိတ်ချန်ပီယံ Jermell Charlo လည်း စူပါမစ်ဒယ်ဝိတ်ကို လာထိုးဖူးတာပဲမလား။ Terence Crawford က လေးသွားမှာ စိုးရတာပါ။ အထူးသဖြင့် Canelo Alvarez ရဲ့ ပါဝါကို မခံနိုင်မှာစိုးရပါတယ်။ စက်တင်ဘာလမှာ အတည်ဖြစ်ပြီမို့ ပွဲကြည့်ဖို့ပဲ ကျန်ပါတယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။
© COPYRIGHTS 2024 by illuminati