
စိုးလင်းဦးက ONE 170 ပြိုင်ပွဲကို ဝင်မထိုးသင့်ဘူး။ ပွဲဖျက်လိုက်ရမှာ သေမလောက်ကြောက်နေတယ်။ ပရိသတ်ကို အားနာတာလည်း ပါလိမ့်မယ်။ တစ်ခါတုန်းက ကြုံခဲ့သေးတယ်။ အဖေသေတာတောင် ပွဲမဖျက်ဘဲ လာထိုးတယ်။ အလောင်းက မြေမချရသေးဘူး။ ပြိုင်ဘက်က ဝီဂျစ်တဲ့။ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာကြောင့် စိုးလင်းဦးက ပထမအချီမှာတင် အနားတောင်းလိုက်ရတယ်။ ပွဲထိုးပြီးမှသာ အဖေ့မြေပုံကို သွားကန်တော့တယ်။ အခုလည်း လာပြန်ပြီ။ စိုးလင်းဦးရဲ့ နဖူးဒဏ်ရာက ပျောက်နေပြီဆိုပေမယ့် ဒဏ်ရာအကင်းမသေဘူး။ ထိရင် သေချာပေါက်ကွဲတယ်။ စိုးလင်းဦးဓာတ်ပုံ တက်လာတဲ့အချိန်မှာ ဗြိတိန်ဖိုက်တာ Liam Harrison ဘာပြောတယ်မှတ်သလဲ။ ဒီလောက်ဖြစ်တာတောင် ခွင့်ပြုတယ်နော်တဲ့။ ငါ့တုန်းက နှာခေါင်းရွဲ့နေလို့ တိုင်ပတ်သွားဖူးတယ်တဲ့။ Seksan လည်း ဒဏ်ရာအကြောင်းကို သိပါတယ်။ ကားအက်ဆီးဒင့်က တော်တော်ဆိုးတယ်။ ဒဏ်ရာကြောင့် စိုးလင်းဦးက ထရိမ်နင်ရပ်လိုက်ရတယ်။ ကြားထဲမှာ ထရိမ်နင်က ပြတ်သလိုဖြစ်သွားတာပါ။ Seksan က ပုံမှန်လေ့ကျင့်နေတယ်။ ကြံ့ခိုင်ရည်လည်း ကောင်းနေတယ်။ အထူးသဖြင့် ဆရာသမားက တံတောင်ကောင်းတယ်။ ပြိုင်ဘက်တိုင်းကို တံတောင်ရိုက်လေ့ရှိပါတယ်။ တံတောင်က မဟာအားသာချက်ပါပဲ။ မထင်မှတ်ဘဲ ပတ်တံတောင်ဝင်လာတတ်ပါတယ်။ စိုးလင်းဦးက အတင်းလိုက်ထိုးမှာပဲ။ ထိုးပေါက်စွပ်သွားရင် မြန်မာသံမဏိက တော်တော်ကြမ်းပါတယ်။ ကံကောင်းတာက Seksan လည်း Outside Fighter မဟုတ်တာပါ။ ပြိုင်ဘက်ကို ခွာမထားဘဲ အငြိမ်တည်ထိုးတာပါ။ ခံစစ်အားနည်းတယ်။ ပူးလာရင် ပြိုင်ဘက်ရဲ့ ပင့်လက်သီးတွေကို မရှောင်နိုင်ပါဘူး။ ပူးကပ်သွားရင် စိုးလင်းဦးကလည်း ပင့်လက်သီးထိုးတတ်သူမို့ ဒီအချက်က အားသာချက်ပါ။ Pongsiri တုန်းကလို လုပ်ပြနိုင်ရင် အလဲထိုးနိုင်ပါမယ်။ ပူးကပ်သွားရင် Seksan က တံတောင်ရိုက်ပါလိမ့်မယ်။ အထူးသဖြင့် ကြိုးဝိုင်းဘေးမှာ မရပ်မိပါစေနဲ့။ ကြိုးဝိုင်းဒိုင်က ပြန်တည်ပေးတဲ့အခါမှာ ကြိုးဝိုင်းအလယ်မှာပဲ သတိထားကစားသင့်ပါတယ်။ သေချာတာက စိုးလင်းဦးဟာ Seksan ရဲ့ တံတောင်ရိုက်ချက်တွေ ထိဖို့များပါတယ်။ ကျွန်တော့်အမြင်ပြောရရင် စိုးလင်းဦး ကွဲဖို့များတယ်။ ရုပ်ပျက်ဆင်းပျက်တော့ အလဲထိုးမရှုံးပါဘူး။ Seksan လည်း သေချာပြင်ဆင်ထားတာပဲ။ ထရိမ်နင်မိနေတယ်။ အတိမ်းအစောင်းခံမှာလည်း မဟုတ်ပါဘူး။ ပွဲကြိုသုံးသပ်ချက်ရဲ့ ထုံးစံအတိုင်း ကျွန်တော်က တစ်ယောက်ကိုပဲ ပေးရလိမ့်မယ်။ အခုပွဲမှာ ကျွန်တော်က စိုးလင်းဦးကို မေ့ထားလိုက်ပါမယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ Application ထဲမှာ ဂိုးရလဒ်ခန့်မှန်းချက်တွေအပြင် တခြားဉာဏ်စမ်းမေးခွန်းလေးတွေ ပါပါသေးတယ်။ ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ bit.ly/3PI6Olm ဒေါင်းလုဒ်လုပ်လို့ရပါတယ်။
© COPYRIGHTS 2024 by illuminati