
“ကျွန်တော်လည်း အသက်ငယ်ဆုံး ကမ္ဘာ့ချန်ပီယံဖြစ်ဖို့ မျှော်လင့်တာပေါ့။ အသက်ငယ်ဆုံး ကမ္ဘာ့ချန်ပီယံဖြစ်ဖို့ စိတ်ကူးထားပါတယ်။ ဘယ်သူ့ကို ကစားရမလဲဆိုတာ မူတည်ပါသေးတယ်။ ကျွန်တော်က ခါးပတ်ရဖို့ သေချာပေါက်ကြိုးစားမယ်" "UFC အဖွဲ့အစည်းမှာ ကျွန်တော်က ပထမဆုံးမြန်မာဖိုက်တာလေ။ ဂုဏ်ယူတာပေါ့ဗျာ။ ပထမဆုံးမြန်မာဖိုက်တာဆိုပေမယ့် နောက်ဆုံးဖိုက်တာမဟုတ်ဘူး။ နောက်မျိုးဆက်သစ်တွေလည်း လာဦးမယ်။ သူတို့ကိုလည်း စိတ်အားတက်ကြွစေချင်တယ်။ နောက်လူငယ်တွေလည်း အနာဂတ်မှာ ကြိုးစားပြီး လုပ်ပြစေချင်တယ်" "ကျွန်တော်က ပွဲတိုင်းမှာ မြန်မာအလံယူလာတယ်။ အကြီးအကဲတွေကိုလည်း ခဏခဏတောင်းဆိုတယ်လေ။ မကြာခဏပဲ။ နောက်ဆုံးတော့ သူတို့ခွင့်ပြုပေးလိုက်ပါပြီ။ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ အထူးသဖြင့် အခုလို အခြေအနေမျိုးမှာ အလံခြုံချင်ပါတယ်။ ဝမ်းသာပါတယ်ဗျာ" “Ranking ဆိုတာ အလကားဟာတွေပါ။ ကျွန်တော်က Ranking ကို ဂရုမစိုက်တော့ဘူးလို့ ပြောချင်တယ်။ UFC Ranking က ဘယ်လိုအလုပ်လုပ်သလဲ ကျွန်တော်မသိဘူး။ ကျွန်တော့်ကို Ranking က ဖြုတ်ချလိုက်တယ်လေ။ ပွဲလည်း မရှုံးဘဲဗျာ။ ခုနကပြောသလိုပဲ ဒီကနေစပြီး ကျွန်တော်က အလကား Ranking တွေကို ဂရုမစိုက်တော့ပါဘူး” Joshua Van က UFC Ranking ကို စိတ်ပျက်နေတယ်ထင်တယ်။ သူမြင်တဲ့အတိုင်းပဲ ပွင့်ပွင့်လင်းလင်းပြောချသွားတယ်။ UFC အဖွဲ့အစည်းမို့လို့သာ ဒါမျိုးပြောခွင့်ရှိတာပါ။ ONE Championship မှာ ဒါမျိုးပြောလို့မရဘူး။ မရှုံးဘဲ Ranking ပြုတ်သွားတာက ဒီလိုပါ။ ပြီးခဲ့တဲ့အပတ်မှာ အဆင့် (၁၂) သမား Charles Johnson က Ramazan Temirov ကို ရှုံးတယ်ဗျာ။ မူလတုန်းက Ramazan Temirov ဟာ အဆင့်မဝင်သေးဘူးလေ။ Charles Johnson ကို နိုင်သွားလေတော့ အဆင့် (၁၃) ဖြစ်သွားပါရော။ မူလက အဆင့် (၁၃) သမား Bruno Silva က အဆင့် (၁၂) ဖြစ်လာတယ်။ Charles Johnson က ပွဲရှုံးလို့ အဆင့် (၁၅) ကို ပြန်ကျသွားရတယ်။ အဲဒါကြောင့် အဆင့် (၁၅) သမား Joshua Van က နေရာဖယ်ပေးလိုက်ရပြီး Ranking ပြုတ်သွားတာပါ။ ဒီနေရာမှာ ဆက်စဉ်းစားလို့ရပါသေးတယ်။ အဆင့် (၁၂) Charles Johnson က အဆင့်မဝင်တဲ့ Ramazan Temirov ကိုတောင် ရှုံးတယ်ဆိုရင် Charles Johnson ကိုပဲ ဖြုတ်ချလိုက်ပါလား။ ဘာလို့ Joshua Van ကို ဖြုတ်ရသလဲ။ မဲပေးတဲ့ မီဒီယာသမားလူကြီးမင်းတွေက ဒီလိုစဉ်းစားတာပါ။ Charles Johnson က Joshua Van ကို အလဲထိုးနိုင်ဖူးတာဆိုတော့ အဆင့်ဖြုတ်ချမယ်ဆိုရင် Head to Head Record မှာ ရှုံးထားတဲ့ ချင်းလေးမောင်ဗန်ကိုပဲ ဖြုတ်လိုက်တာပါ။ အဲဒါကို မကျေမနပ်ဖြစ်နေတာပါ။ သူ့ဘက်ကိုယ့်ဘက်မျှကြည့်နိုင်အောင် တင်ပြပေးလိုက်ပါတယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - Joshua Van Photo Credit - UFC ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati